• Follow Us on

Home ေရြးေကာက္ပြဲ ေနာက္ဆုတ္ျခင္းကအေကာင္းဆုံး ျဖစ္မည္ဟု ကခ်င္ျပည္နယ္အတြင္းရွိ တိုင္းရင္းသား ပါတီအခ်ိဳ႕ဆို

ေရြးေကာက္ပြဲ ေနာက္ဆုတ္ျခင္းကအေကာင္းဆုံး ျဖစ္မည္ဟု ကခ်င္ျပည္နယ္အတြင္းရွိ တိုင္းရင္းသား ပါတီအခ်ိဳ႕ဆို

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၈

COVID-19 ကပ္ေရာဂါျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနသည့္ ကာလအတြင္း ေရြးေကာက္ပြဲေနာက္ဆုတ္ျခင္းက အေကာင္းဆုံးျဖစ္မည္ဟု ကခ်င္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားပါတီ တစ္ခ်ိဳ႕က ေျပာသည္။

ကခ်င္ျပည္နယ္ ျပည္သူ့ပါတီမွ ဗဟိုအလုပ္အမႈေဆာင္ ဦးမရစ္ခြန္ဂ်ာက ယခင္က မဲဆြယ္စည္း႐ုံးေရးကို တစ္ႀကိမ္ထဲ ျပဳလုပ္တာက အဆင္ေျပေပမယ့္ အခုအခါမွာေတာ့ တစ္ႀကိမ္ကို လူငါးဆယ္သာ ခြင့္ျပဳထားတာေၾကာင့္ စည္း႐ုံးေရးဆင္းသည့္အခ်ိန္မ်ားတြင္ ေငြေၾကးကုန္က်မႈမွအစ အရာရာအခက္အခဲျဖစ္ေၾကာင္း ဒါ႔ေၾကာင့္ ကိုဗစ္ေရာဂါျဖစ္ေနသည့္ကာလအတြင္း ေရြးေကာက္ပြဲကိုေနာက္ဆုတ္သင့္သည္ ဟု ေျပာသည္။

“ပြင့္လင္းျမင္သာတဲ့ ေရြးေကာက္ပြဲျဖစ္ေစခ်င္တယ္။ ျပည္သူလူထုရဲ႕ ဆႏၵအမွန္နဲ႔ ျဖစ္တဲ့ေရြးေကာက္ပြဲျဖစ္ေစခ်င္တယ္ ဒါ႔ေၾကာင့္ ေရြးေကာက္ပြဲကို ေနာက္ဆုတ္တာက အားလုံးအတြက္ အေကာင္းဆုံးျဖစ္မယ္လို႔ထင္တယ္” ဟု ဦးမရစ္ခြန္ဂ်ာက ေျပာသည္။

ထို႔အတူ၂၀၂၀ ျပည့္ႏွစ္ ႏို၀င္ဘာလ ၈ရက္ေန႔တြင္ ျပဳလုပ္မည့္ အေထြေထြေရြးေကာက္ပြဲကို ျပန္လည္ သုံးသပ္သင့္သည္ဟုလည္း ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ အပါအ၀င္ ႏိုင္ငံေရးပါတီေပါင္း ၂၄ပါတီမွ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ အိတ္ဖြင့္စာေပးပို႔ထားသည္ဟု သိရသည္။

ေရြးေကာက္ပြဲေရႊ႕ဆိုင္းေပးဖို႔ ေတာင္းဆို ေနမႈမ်ားႏွင့္ ပတ္သက္ၿပီး လီဆူးအမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီ (ဒူးေလးပါတီ) ဥကၠ႒ ဦးေရႊမင္းမွ ကိုဗစ္ေရာဂါ ကူးစက္မႈ ျမန္လာသည့္အတြက္ ေရြးေကာက္ပြဲရက္က္ို ေရြ႕ဆိုင္းတာက အသင့္ေတာ္ဆုံးျဖစ္မည္ျဖစ္ၿပီး အတတ္ႏိုင္ဆုံးေရြ႕ဆိုင္းႏိုင္မည့္ ကာလတစ္ခုကို ေရြ႕ဆိုင္းၿပီး ေရြးေကာက္ပြဲကို လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေအာင္ ေဆာင္ရြက္ေပးႏိုင္မည္ဆိုလွ်င္ အေကာင္းဆုံးျဖစ္မည္ဟု ေျပာသည္။

“ေရြးေကာက္ပြဲကာလမွာ က်န္းမာေရး လုံၿခဳံမႈက စိုးရိမ္ဖြယ္ရာရွိတဲ့အေျခအေနေပါ႔၊ ဒါကို သတိထားႀကီးႀကီးနဲ႔ ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကေန စဉ္းစားသုံးသပ္ၿပီး ျပည္သူအားလုံးပါ၀င္ႏိုင္တဲ့ ေရြးေကာက္ပြဲအခင္းအက်င္း တစ္ခုကို လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းတာက အေကာင္းဆုံးျဖစ္မယ္” ဟု ဦးေရႊမင္းက ေျပာသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွ ေရြးေကာက္ပြဲေနာက္ဆုတ္မည့္ကိစၥႏွင့္ ပတ္သက္ၿပီး ေအာက္တိုဘာလတြင္အဆုံးအျဖတ္ေပးမည္ဟု တရား၀င္ထုတ္ျပန္ထားသည့္အတြက္ မိမိတို႔ KNC ပါတီအေနျဖင့္ လက္ရွိအစိုးရကိုသာ ေစာင့္ၾကည့္ေနေၾကာင္း၊ ကိုဗစ္ေရာဂါျဖစ္ပြားမႈ ႏူန္းမွာလည္း တစ္ေန႔ထက္တစ္ေန႔ တိုးလာသည့္အတြက္ ျပည္သူမ်ား၏ အသက္အႏၲရာယ္ စိုးရိမ္ရတာေၾကာင့္ ေရြးေကာက္ပြဲရက္ ေရႊ႕သင့္ေၾကာင္း ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီမွ ဗဟိုအလုပ္မႈေဆာင္ ဦးအင္ဂ်ိဳင္းေနာ္ဂ်ာက ေျပာသည္။

လက္ရွိ ျမန္မာနိင္ငံတြင္ မွတ္ပုံတင္ထားေသာ ႏိုင္ငံေရးပါတီေပါင္း ၉၇ ပါတီရွိၿပီး ၂၀၂၀ေရြးေကာက္ပြဲတြင္ ပါတီေပါင္း ၉၀ ေက်ာ္၀င္ေရာက္ယွဉ္ၿပိဳင္ၾကမည္ျဖစ္သည္။

ထို႔အတူ ကခ်င္ျပည္နယ္အတြင္း ေရြးေကာက္ပြဲ ဝင္ေရာက္မည့္ ပါတီေပါင္း ၁၈ ပါတီရွိၿပီး တိုင္းရင္းသားပါတီ ၁၆ ခုရွိေၾကာင္း ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမွ သိရသည္။

သက္ေဝ

#PeopleMedia #EPN #ကခ်င္ျပည္နယ္

(unicode)
ရွေးကောက်ပွဲ နောက်ဆုတ်ခြင်းကအကောင်းဆုံး ဖြစ်မည်ဟု ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပါတီအချို့ဆို
…………………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၁၈

COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့် ကာလအတွင်း ရွေးကောက်ပွဲနောက်ဆုတ်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီ တစ်ချို့က ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးမရစ်ခွန်ဂျာက ယခင်က မဲဆွယ်စည်းရုံးရေးကို တစ်ကြိမ်ထဲ ပြုလုပ်တာက အဆင်ပြေပေမယ့် အခုအခါမှာတော့ တစ်ကြိမ်ကို လူငါးဆယ်သာ ခွင့်ပြုထားတာကြောင့် စည်းရုံးရေးဆင်းသည့်အချိန်များတွင် ငွေကြေးကုန်ကျမှုမှအစ အရာရာအခက်အခဲဖြစ်ကြောင်း ဒါ့ကြောင့် ကိုဗစ်ရောဂါဖြစ်နေသည့်ကာလအတွင်း ရွေးကောက်ပွဲကိုနောက်ဆုတ်သင့်သည် ဟု ပြောသည်။

“ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်စေချင်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်နဲ့ ဖြစ်တဲ့ရွေးကောက်ပွဲဖြစ်စေချင်တယ် ဒါ့ကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်တာက အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်” ဟု ဦးမရစ်ခွန်ဂျာက ပြောသည်။

ထို့အတူ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ပြန်လည် သုံးသပ်သင့်သည်ဟုလည်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၄ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်စာပေးပို့ထားသည်ဟု သိရသည်။

ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆို နေမှုများနှင့် ပတ်သက်ပြီး လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းမှ ကိုဗစ်ရောဂါ ကူးစက်မှု မြန်လာသည့်အတွက် ရွေးကောက်ပွဲရက်က်ို ရွေ့ဆိုင်းတာက အသင့်တော်ဆုံးဖြစ်မည်ဖြစ်ပြီး အတတ်နိုင်ဆုံးရွေ့ဆိုင်းနိုင်မည့် ကာလတစ်ခုကို ရွေ့ဆိုင်းပြီး ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မည်ဟု ပြောသည်။

“ရွေးကောက်ပွဲကာလမှာ ကျန်းမာရေး လုံခြုံမှုက စိုးရိမ်ဖွယ်ရာရှိတဲ့အခြေအနေပေါ့၊ ဒါကို သတိထားကြီးကြီးနဲ့ ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စဉ်းစားသုံးသပ်ပြီး ပြည်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲအခင်းအကျင်း တစ်ခုကို လုပ်ဆောင်နိုင်ဖို့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာက အကောင်းဆုံးဖြစ်မယ်” ဟု ဦးရွှေမင်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲနောက်ဆုတ်မည့်ကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာလတွင်အဆုံးအဖြတ်ပေးမည်ဟု တရားဝင်ထုတ်ပြန်ထားသည့်အတွက် မိမိတို့ KNC ပါတီအနေဖြင့် လက်ရှိအစိုးရကိုသာ စောင့်ကြည့်နေကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှု နူန်းမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာသည့်အတွက် ပြည်သူများ၏ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ရွေးကောက်ပွဲရက် ရွှေ့သင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးအင်ဂျိုင်းနော်ဂျာက ပြောသည်။

လက်ရှိ မြန်မာနိင်ငံတွင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီရှိပြီး ၂၀၂၀ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့အတူ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်မည့် ပါတီပေါင်း ၁၈ ပါတီရှိပြီး တိုင်းရင်းသားပါတီ ၁၆ ခုရှိကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

သက်ဝေ

#PeopleMedia #EPN #ကချင်ပြည်နယ်


Share this post