• Follow Us on

Home ေရြးေကာက္ပြဲ ျပန္လည္က်င္းပရန္ ေတာင္းဆုိသည့္ ႏုိင္ငံေရးပါတီမ်ားကုိ ပါတီဖ်က္သိမ္းသည္အထိ အေရးယူခံရႏိုင္ေၾကာင္း ႏုိင္ငံပုိင္မီဒီယာ၌ ေဖာ္ျပမႈသည္ အစုိးရ၏ အာေဘာ္မဟုတ္ဘဲ၊ စာေရးသူ၏ အာေဘာ္သာျဖစ္ေၾကာင္း မုံရြာဦးေအာင္ရွင္ ေျပာဆုိ

ေရြးေကာက္ပြဲ ျပန္လည္က်င္းပရန္ ေတာင္းဆုိသည့္ ႏုိင္ငံေရးပါတီမ်ားကုိ ပါတီဖ်က္သိမ္းသည္အထိ အေရးယူခံရႏိုင္ေၾကာင္း ႏုိင္ငံပုိင္မီဒီယာ၌ ေဖာ္ျပမႈသည္ အစုိးရ၏ အာေဘာ္မဟုတ္ဘဲ၊ စာေရးသူ၏ အာေဘာ္သာျဖစ္ေၾကာင္း မုံရြာဦးေအာင္ရွင္ ေျပာဆုိ

Share this post

ႏုိဝင္ဘာ(၂၈)ရက္ေန႔၌ ႏုိင္ငံပုိင္သတင္းစာ၌ ျမင္းမူသား ကေလာင္အမည္ျဖင့္ ”မသိသူတို႔-သတိမူဖို႔” ေဆာင္းပါးေခါင္းစဥ္ျဖင့္ ေရသားခဲ့သည့္ ေဆာင္းပါး၌ “ေ႐ြးေကာက္ပြဲျပန္လည္က်င္းပရန္ ေတာင္းဆိုျခင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၀၂ ပါ ျပ႒ာန္းခ်က္အား ေလးစားလိုက္နာမႈမရွိဘဲ ဆန႔္က်င္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း အေျခခံဥပေဒပုဒ္မ ၄၀၅ ပါ ျပ႒ာန္းခ်က္မ်ားကို လိုက္နာမႈျပဳရန္ ပ်က္ကြက္ေၾကာင္းေပၚလြင္ထင္ရွားေနေၾကာင္း နိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၆ ပါ ဝန္ခံခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ရာေရာက္ေနေၾကာင္း ပုဒ္မ ၆ (ဂ)အရ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေလးစားလိုက္နာမႈမရွိဘဲ ေဖာက္ဖ်က္ ပါက နိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ပုဒ္မ ၁၂ အရမွတစ္ပါးအျခားမရွိေတာ့ၿပီ” ဟု ထည့္သြင္းေရးသားထားသည္။
 
အဆုိပါေဖာ္ျပခ်က္မ်ားႏွင့္ပတ္သက္၍ People Media က NLD၊ USDP၊ NDF ပါတီႏွင့္ အမ်ိဳးသားနိုင္ငံေရးဒီမိုကရက္တစ္ပါတီ တုိ႔၏ သေဘာထားမ်ားကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။
 
#PeopleMedia #USDP #NLD #NDF #ဦးစုိးေမာင္ #သေဘာထားအျမင္
 
(unicode)
ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တောင်းဆိုသည့် နိုင်ငံရေးပါတီများကို ပါတီဖျက်သိမ်းသည်အထိ အရေးယူခံရနိုင်ကြောင်း နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြမှုသည် အစိုးရ၏ အာဘော်မဟုတ်ဘဲ၊ စာရေးသူ၏ အာဘော်သာဖြစ်ကြောင်း မုံရွာဦးအောင်ရှင် ပြောဆို
…………………………………………………
 
နိုဝင်ဘာ(၂၈)ရက်နေ့၌ နိုင်ငံပိုင်သတင်းစာ၌ မြင်းမူသား ကလောင်အမည်ဖြင့် ”မသိသူတို့-သတိမူဖို့” ဆောင်းပါးခေါင်းစဉ်ဖြင့် ရေသားခဲ့သည့် ဆောင်းပါး၌ “ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပါ ပြဋ္ဌာန်းချက်အား လေးစားလိုက်နာမှုမရှိဘဲ ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အခြေခံဥပဒေပုဒ်မ ၄၀၅ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှုပြုရန် ပျက်ကွက်ကြောင်းပေါ်လွင်ထင်ရှားနေကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ဝန်ခံချက်ကို ဖောက်ဖျက်ကျူးလွန်ရာရောက်နေကြောင်း ပုဒ်မ ၆ (ဂ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိဘဲ ဖောက်ဖျက် ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ ၁၂ အရမှတစ်ပါးအခြားမရှိတော့ပြီ” ဟု ထည့်သွင်းရေးသားထားသည်။
 
အဆိုပါဖော်ပြချက်များနှင့်ပတ်သက်၍ People Media က NLD၊ USDP၊ NDF ပါတီနှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ တို့၏ သဘောထားများကို ဆက်သွယ်မေးမြန်းခဲ့သည်။
 
#PeopleMedia #USDP #NLD #NDF #ဦးစိုးမောင#သဘောထားအမြင်
NLD ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမွဴး မုံ႐ြာဦးေအာင္ရွင္

အစိုးရသတင္းစာဆိုေပမယ့္လို႔ လြတ္လပ္တဲ့ ေဆာင္းပါးရွင္ေတြ ေရးၾကတာပဲေလ။ အစိုးရသတင္းစာမွာပါတိုင္း အစိုးရ အာ ေဘာ္လို႔ေတာ့ ေျပာလို႔မရဘူး။ ဒါကို အစိုးရအာေဘာ္လို႔ စြတ္စြဲတာ မေကာင္းဘူးထင္တယ္။ ဒါက ေဆာင္းပါးရွင္ အာ ေဘာ္ပဲေလ။ ဒီလိုပဲ ျမင္ပါတယ္။ ေရးသားထားခ်က္ေတြကလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒကို အေျချပဳၿပီး ေရးတာပဲေလ။ ဒါဥပေဒအေၾကာင္းတိုင္းပဲ ေရးတာပဲေလ။ ဒါခ်ိန္းေျခာက္တာမွ မဟုတ္တာ။

(unicode)
NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာဦးအောင်ရှင်

အစိုးရသတင်းစာဆိုပေမယ့်လို့ လွတ်လပ်တဲ့ ဆောင်းပါးရှင်တွေ ရေးကြတာပဲလေ။ အစိုးရသတင်းစာမှာပါတိုင်း အစိုးရ အာ ဘော်လို့တော့ ပြောလို့မရဘူး။ ဒါကို အစိုးရအာဘော်လို့ စွတ်စွဲတာ မကောင်းဘူးထင်တယ်။ ဒါက ဆောင်းပါးရှင် အာ ဘော်ပဲလေ။ ဒီလိုပဲ မြင်ပါတယ်။ ရေးသားထားချက်တွေကလည်း ရွေးကောက်ပွဲကော်မရှင်ဥပဒေကို အခြေပြုပြီး ရေးတာပဲလေ။ ဒါဥပဒေအကြောင်းတိုင်းပဲ ရေးတာပဲလေ။ ဒါချိန်းခြောက်တာမှ မဟုတ်တာ။

ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး

နိုင္ငံပိုင္မီဒီယာဆိုတာကေတာ့ အစိုးရဘက္က ရပ္တည္ၿပီး လုပ္ၾကတာ မ်ားပါတယ္။ နိုင္ငံေရးပါတီေတြက ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို နားလည္တာေပါ့။ ဘယ္ေလာက္ထိ နားလည္လဲဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၆၄ အရ နိုင္ငံေတာ္သမၼတက ၎ရဲ႕ ရာထူးသက္တမ္းအတြင္းမွာ ပါတီလုပ္ငန္းေဆာင္႐ြက္ျခင္း မျပဳရ။ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၃၂ (ဋ)မွာ ျပည္ေထာင္ဝန္ ႀကီးက ၎ရဲ႕ ရာထူးသက္တမ္းအတြင္းမွာ ပါတီလုပ္ငန္းကို ေဆာင္႐ြက္ျခင္းမျပဳရလို႔ ျပဠာန္းထားတယ္။ အဲ့ေတာ့ ေ႐ြး ေကာက္ပြဲမွာ ျပည္ေထာင္စုဝန္ႀကီးနဲ႔ သမၼတတို႔က ပါတီအတြက္ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းေဆာင္႐ြက္ခဲ့ျခင္းက ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ညီသလား။ တစ္ဆက္ထဲမွာဘဲ နိုင္ငံေတာ္သမၼတ ၎ရဲ႕ ရာထူးသက္တမ္းအတြင္းမွာ NLD ပါတီရဲ႕ ေ႐ြး ေကာက္ပြဲေအာင္နိုင္ေရးမွာ ဗဟိုအတြင္းေရးမွဴးတာဝန္ယူထားသလို။ နိုင္ငံျခားေရးဝန္ႀကီးဟာလည္း NLD ပါတီ ေအာင္နိုင္ေရးရဲ႕ ဗဟိုဥကၠ႒အေနနဲ႔ တာဝန္ယူေဆာင္႐ြက္ခဲ့တဲ့ဟာသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ညီသလား။ ဆိုလိုခ်င္တာကေတာ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔မညီဘူးဆိုတဲ့အခ်က္ကို ေရးသားေတာ့မယ္ဆိုရင္ ဒီကိစၥတစ္ခုထဲ ေရးသားဖို႔ မသင့္ေတာ့ဘဲနဲ႔ က်န္ေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒခ်ိဳးေဖာက္မႈမ်ား ျမင္ရင္ျမင္တဲ့အတိုင္း ေတြ႕ရင္ေတြ႕တဲ့အတိုင္းကိုေရာ မေရးသင့္ဘူးလားလို႔ ဒီအခ်က္ကို ေျပာခ်င္ပါတယ္။ ဒါေၾကာင့္ ဒီေရးသားမႈဟာ ပါတီစုံဒီမိုကေရစီစနစ္ကိုသြားေနတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေပးထားတဲ့ စစ္မွန္တဲ့ စည္းကမ္းျပည့္ဝတဲ့ ပါတီစုံဒီမိုကေရစီစနစ္ဆိုတာကို ခ်ိန္းေျခာက္ရာ ဟန႔္တားရာ ေရာက္မေနဘူးလို႔ ေျပာခ်င္ပါတယ္။

(unicode)
ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး

နိုင်ငံပိုင်မီဒီယာဆိုတာကတော့ အစိုးရဘက်က ရပ်တည်ပြီး လုပ်ကြတာ များပါတယ်။ နိုင်ငံရေးပါတီတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နားလည်တာပေါ့။ ဘယ်လောက်ထိ နားလည်လဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၆၄ အရ နိုင်ငံတော်သမ္မတက ၎င်းရဲ့ ရာထူးသက်တမ်းအတွင်းမှာ ပါတီလုပ်ငန်းဆောင်ရွက်ခြင်း မပြုရ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ)မှာ ပြည်ထောင်ဝန် ကြီးက ၎င်းရဲ့ ရာထူးသက်တမ်းအတွင်းမှာ ပါတီလုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုရလို့ ပြဠာန်းထားတယ်။ အဲ့တော့ ရွေး ကောက်ပွဲမှာ ပြည်ထောင်စုဝန်ကြီးနဲ့ သမ္မတတို့က ပါတီအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းဆောင်ရွက်ခဲ့ခြင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ညီသလား။ တစ်ဆက်ထဲမှာဘဲ နိုင်ငံတော်သမ္မတ ၎င်းရဲ့ ရာထူးသက်တမ်းအတွင်းမှာ NLD ပါတီရဲ့ ရွေး ကောက်ပွဲအောင်နိုင်ရေးမှာ ဗဟိုအတွင်းရေးမှူးတာဝန်ယူထားသလို။ နိုင်ငံခြားရေးဝန်ကြီးဟာလည်း NLD ပါတီ အောင်နိုင်ရေးရဲ့ ဗဟိုဥက္ကဋ္ဌအနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ဟာသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီသလား။ ဆိုလိုချင်တာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီဘူးဆိုတဲ့အချက်ကို ရေးသားတော့မယ်ဆိုရင် ဒီကိစ္စတစ်ခုထဲ ရေးသားဖို့ မသင့်တော့ဘဲနဲ့ ကျန်သော ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်မှုများ မြင်ရင်မြင်တဲ့အတိုင်း တွေ့ရင်တွေ့တဲ့အတိုင်းကိုရော မရေးသင့်ဘူးလားလို့ ဒီအချက်ကို ပြောချင်ပါတယ်။ ဒါကြောင့် ဒီရေးသားမှုဟာ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကို ချိန်းခြောက်ရာ ဟန့်တားရာ ရောက်မနေဘူးလို့ ပြောချင်ပါတယ်။

အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ ဦးခင္ေမာင္ေဆြ

ကြၽန္ေတာ္ျမင္တာကေတာ့ သူတို႔အခ်ိန္ကို ဆြဲထားၿပီးေတာ့ တစ္ခုခု ႀကံစည္ေနတဲ့ ပုံေပၚတယ္။ နိုင္ငံပိုင္သတင္းစာက ေျပာတဲ့ ပုံစံက ခ်ိန္းေျခာက္တဲ့သေဘာပါေနတယ္။ တိုက္ရိုက္မေျပာေပမယ့္ ေဆာင္းပါးနဲ႔ေျပာတယ္ဆိုတာလည္း သူတို႔သေဘာထားက ေနာက္ကြယ္မွာ ရွိေနတယ္ဆိုတာ ထင္ဟတ္ေနတာပဲေလ။ အဲ့ဒီ ခ်ိန္းေျခာက္မႈပါတဲ့ေဆာင္းပါးဟာ သူတို႔ သေဘာထားကို ထင္ဟပ္တဲ့အတြက္ေၾကာင့္မို႔ အခ်ိန္ဆြဲၿပီးေတာ့ အေရးယူမႈေတြ လုပ္ေကာင္းလုပ္လာနိုင္တယ္။ တစ္ဖက္မွာလည္း အဲ့ပါတီ ေတြရဲ႕ အေျခခံက ဥပေဒေပၚမွာ အေျခခံထားတာပဲေလ။ ၄၅ ရက္အတြင္းမွာ ေတာင္းဆိုပိုင္ခြင့္ရွိတယ္ဆိုတဲ့ လမ္းေၾကာင္းက လိုက္လာတယ္ဆိုေတာ့ ဒါကို သူဘယ္လိုေက်ာ္မလဲ ဇြတ္ႀကီးကို လုပ္မလား မလုပ္ဘူးလား ဆိုတာလည္း တစ္ခ်က္ေပါ့ေလ။ ေ႐ြးေကာက္ပြဲက မွန္ကန္ပါတယ္လို႔ ေၾကညာၿပီးတာကို ဒါ သက္သက္လုပ္တယ္ဆိုၿပီးေတာ့ အျပစ္တင္ၿပီးေတာ့ ပုဒ္မ တပ္ခ်င္ လည္း တပ္မွာေပါ့၊ ေနာက္တစ္ခုက ပါတီေတြကို ေနာက္ဆုတ္သြားေအာင္ ခ်ိန္းေျခာက္တဲ့ပုံစံလုပ္တာေပါ့ဗ်ာ။

(unicode)
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ

ကျွန်တော်မြင်တာကတော့ သူတို့အချိန်ကို ဆွဲထားပြီးတော့ တစ်ခုခု ကြံစည်နေတဲ့ ပုံပေါ်တယ်။ နိုင်ငံပိုင်သတင်းစာက ပြောတဲ့ ပုံစံက ချိန်းခြောက်တဲ့သဘောပါနေတယ်။ တိုက်ရိုက်မပြောပေမယ့် ဆောင်းပါးနဲ့ပြောတယ်ဆိုတာလည်း သူတို့သဘောထားက နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ ထင်ဟတ်နေတာပဲလေ။ အဲ့ဒီ ချိန်းခြောက်မှုပါတဲ့ဆောင်းပါးဟာ သူတို့ သဘောထားကို ထင်ဟပ်တဲ့အတွက်ကြောင့်မို့ အချိန်ဆွဲပြီးတော့ အရေးယူမှုတွေ လုပ်ကောင်းလုပ်လာနိုင်တယ်။ တစ်ဖက်မှာလည်း အဲ့ပါတီ တွေရဲ့ အခြေခံက ဥပဒေပေါ်မှာ အခြေခံထားတာပဲလေ။ ၄၅ ရက်အတွင်းမှာ တောင်းဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ လမ်းကြောင်းက လိုက်လာတယ်ဆိုတော့ ဒါကို သူဘယ်လိုကျော်မလဲ ဇွတ်ကြီးကို လုပ်မလား မလုပ်ဘူးလား ဆိုတာလည်း တစ်ချက်ပေါ့လေ။ ရွေးကောက်ပွဲက မှန်ကန်ပါတယ်လို့ ကြေညာပြီးတာကို ဒါ သက်သက်လုပ်တယ်ဆိုပြီးတော့ အပြစ်တင်ပြီးတော့ ပုဒ်မ တပ်ချင် လည်း တပ်မှာပေါ့၊ နောက်တစ်ခုက ပါတီတွေကို နောက်ဆုတ်သွားအောင် ချိန်းခြောက်တဲ့ပုံစံလုပ်တာပေါ့ဗျာ။

အမ်ိဳးသားနိုင္ငံေရးဒီမိုကရက္တစ္ပါတီဥကၠ႒ ဦးစိုးေမာင္

ဒါလည္း သူ႔ဘက္ ကိုယ့္ဘက္ ၾကည့္ေပါ့။ သူကိုယ္တိုင္က ဥပေဒကို ဘယ္ေလာက္လိုက္နာလဲ။ သူတို႔မွာလည္းပဲ က်င့္ဝတ္ေတြ ရွိတာပဲ။ သူတို႔ လိုက္နာရမယ့္ ဥပေဒ နည္းဥပေဒ လုပ္ထုံးလုပ္နည္းေတြရွိတာပဲ။ သူတို႔ကိုယ္တိုင္က ဘယ္ေလာက္ လိုက္နာ သလဲ။ ကြၽန္ေတာ္တို႔ကေတာ့ အတက္နိုင္ဆုံး ဥပေဒနဲ႔အညီ သူတို႔ၫြန္ၾကားခ်က္ေတြကို မေဖ်ာက္မျဖတ္ လိုက္နာေနတာပဲ။ အဲ့ဒါေတြကို သူတို႔က နိုင္ငံပိုင္သတင္းစာကေန ဒီလိုေျပာတာကေတာ့ ကြၽန္ေတာ္တို႔ သိပ္လက္ခံလို႔မရဘူး။ ပါတီတိုင္းလည္း ဒါေတြကို သိပါတယ္။

(unicode)
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်

ဒါလည်း သူ့ဘက် ကိုယ့်ဘက် ကြည့်ပေါ့။ သူကိုယ်တိုင်က ဥပဒေကို ဘယ်လောက်လိုက်နာလဲ။ သူတို့မှာလည်းပဲ ကျင့်ဝတ်တွေ ရှိတာပဲ။ သူတို့ လိုက်နာရမယ့် ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေရှိတာပဲ။ သူတို့ကိုယ်တိုင်က ဘယ်လောက် လိုက်နာ သလဲ။ ကျွန်တော်တို့ကတော့ အတက်နိုင်ဆုံး ဥပဒေနဲ့အညီ သူတို့ညွန်ကြားချက်တွေကို မဖျောက်မဖြတ် လိုက်နာနေတာပဲ။ အဲ့ဒါတွေကို သူတို့က နိုင်ငံပိုင်သတင်းစာကနေ ဒီလိုပြောတာကတော့ ကျွန်တော်တို့ သိပ်လက်ခံလို့မရဘူး။ ပါတီတိုင်းလည်း ဒါတွေကို သိပါတယ်။


Share this post