• Follow Us on

Home ရွှေကျင်မြို့၊ ကွင်းစိပ်ရွာရှိ၊ စာသင်ကျောင်းကို ဗုံးလာထောင်သည့် အမျိုးသားတစ်ဦး ဗုံးကွဲ၍ ပွဲချင်းပြီးသေဆုံး

ရွှေကျင်မြို့၊ ကွင်းစိပ်ရွာရှိ၊ စာသင်ကျောင်းကို ဗုံးလာထောင်သည့် အမျိုးသားတစ်ဦး ဗုံးကွဲ၍ ပွဲချင်းပြီးသေဆုံး

Share this post

ပဲခူး၊ နိုဝင်ဘာ ၁ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ကွင်းစိပ်ရွာရှိ စာသင်ကျောင်းကို  ဗုံးလာထောင်သည့် အမျိုး သားတစ်ဦးသည် ဗုံးထောင်နေစဉ် ဗုံးကွဲပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်။

 

ဖြစ်စဉ်မှာ ယမန်နေ့ည ၇ နာရီခွဲတွင် ရွှေကျင်မြို့နယ်၊ ကွင်းစိပ်ရွာရှိ စာသင်ကျောင်းကို ဗုံးလာထောင်စဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

“၇ ခွဲလောက်မှာ ဖြစ်သွားတာ။ ကျောင်းရဲ့ ခေါင်းရင်းလမ်းကြားမှာ ဖြစ်သွားတာ။ ကျောင်းကတော့ ဘာမှ မဖြစ်ဘူး။ သူကတော့ တစ်ကိုယ်လုံး ပြတ်ထွက်ပြီး အူတွေတော့ ထွက်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

နိုဝင်ဘာ ၁ ရက်နေ့တွင် အခြေခံကျောင်းများဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသလို အဝေး သင်ပညာရေးကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ ကျောင်းများအပ်နှံနိုင်ကြောင်း ထုတ် ပြန်ထားဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ ဗကသများအဖွဲ့ချုပ်သည် ကျောင်းမတက်ရေးလှုပ်ရှားမှုများလည်း ပြုလုပ်လျက်ရှိနေပါတယ်။

 

Photo – Credit

 

#PeopleMedia #ရွှေကျင်မြို့ #စာသင်ကျောင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post