• Follow Us on

Home ရွှေမန်းသူကားဝင်းအတွင်းရှိ ခရီးသည်ယာဉ်တစ်စီးပေါ်၌ ပေါက်ကွဲမှုမရှိသေးသည် လက်လုပ်ဗုံးတစ်လုံး တွေ့ ရှိခဲ့

ရွှေမန်းသူကားဝင်းအတွင်းရှိ ခရီးသည်ယာဉ်တစ်စီးပေါ်၌ ပေါက်ကွဲမှုမရှိသေးသည် လက်လုပ်ဗုံးတစ်လုံး တွေ့ ရှိခဲ့

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရွှေမန်းသူကားဝင်းအတွင်းရှိ ရွှေမြိုင်သူ အဝေးပြေး ခရီး သည်ယာဉ်တစ်စီးပေါ်၌ ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၈း၅၀ အချိန်ခန့်က ရွှေမြိုင်သူ အဝေးပြေး ခရီးသည်ယာဉ်တစ်စီးပေါ်၌ မင်္သကာဖွယ် ပါဆယ်အိပ်တစ်လုံးတွေ့ရှိ၍ တာဝန်ရှိသူများကို အကြောင်းကြားပြီး စစ်ဆေးရာ၌ ကီးပတ်ဖုန်းဖြင့် ဆက်သွယ် ထားသည့် လက်လုပ်မိုင်းကို တွေ့ရှိခဲ့ပြီး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရ သည်။

 

“ဒီမှာက ယာဉ်တွေကို ပုံမှန် မိုင်းရှာတာတွေ လုပ်တယ်။ ဗုံးရှာတာတွေ ပုံမှန် အချိန်နဲ့အမျှ ဆောင်ရွက်ပါတယ်” လို့ ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ အဆိုပါ လက်လုပ်မိုင်းနှင့်ပတ်သက်၍ ကျူးလွန်သူကို သိရှိနိုင်ရေးအတွက် CCTV မှတ်တမ်းမှ တစ်ဆင့် စစ်ဆေးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ရွှေမန်းသူကားဝင်း

 

(unicode)


…………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post