• Follow Us on

Home ေလယာဥ္တင္သေဘၤာရဖို႔ ေတာင္ကိုရီးယားႀကိဳးစားေန

ေလယာဥ္တင္သေဘၤာရဖို႔ ေတာင္ကိုရီးယားႀကိဳးစားေန

Share this post

F-35B ကိုယ္ေပ်ာက္ဟာရီယာဂ်က္ေလယာဥ္အစင္း ၂၀ ၀ယ္ယူဖို႔စီစဥ္ေနတယ္လို ႔ ေတာင္ကိုရီးယားႏိုင္ငံ ကေၾကညာခဲ့ၿပီး ဒါဟာ ေတာင္ကိုရီးယားေရတပ္က အေပါ့စားေလယာဥ္တင္သေဘၤာတစ္စင္းရဖို႔ဦးတည္ေနတ ယ္ဆိုတဲ့ ျပတ္သားတဲ့သေကၤတတစ္ခုျဖစ္ပါတယ္။

ေလယာဥ္တင္သေဘၤာဆိုတာဟာ အဓိကၿခိမ္းေျခာက္ေနတဲ့အႏၲရာယ္က ၿမိဳ႕ေတာ္ကေနမိုင္ ၃၀ အကြာမွာ ႀကီးမားတဲ့ၾကည္းတပ္႐ွိေနတဲ့ႏိုင္ငံတစ္ႏိုင္ငံအတြက္ေတာ့ ဆန္းၾကယ္ၿပီး အေမွ်ာ္အျမင္မ႐ွိဘူးလို႔ေတာင္ ေျပာႏိုင္တဲ့ရင္းႏွီးႁမွဳပ္ႏွံမႈျဖစ္ပါတယ္။

ပင္လယ္ဝါထဲမွာ တ႐ုတ္ရဲ႕နယ္ခ်ဲ႕လာတာနဲ႔ တရားမ၀င္ငါးဖမ္းေနတာေတြကို ေတာင္ကိုရီးယားက တံု႔ျပန္ဖို႔ေ႐ြးခ်ယ္တဲ့ဆိုတဲ့အေျခအေနမွာ တပ္ဖြဲ႔ေတြပိုေ၀းေ၀းမွာေနရာယူႏိုင္ေအာင္ ေလယာဥ္တင္သေ ဘၤာေတြက အသံုး၀င္တယ္ဆိုတာ ကၽြမ္းက်င္သူေတြက ေထာက္ျပၾကပါတယ္။

ေလယာဥ္တင္သေဘၤာေတြဟာ ေျမာက္ကိုရီးယားရဲ႕က်ဴးေက်ာ္မႈကိုျပန္တြန္းလွန္ဖို႔ဆိုတဲ့ ေတာင္ကို ရီးယားစစ္တပ္ရဲ႕အဓိကတာ၀န္ကိုလည္း ေဆာင္႐ြက္ေပးႏိုင္မွာပါ။ ေရတပ္နဲ႔ေလတပ္ဖြဲ႔ေတြဟာ ေတာင္ကိုရီးယားရဲ႕မဟာဗ်ဴဟာအတြက္ အေရးႀကီးပါတယ္။

ဒီအခ်က္ကိုျပန္ေျပာရရင္ေတာ့ ၁၉၅၀ ျပည့္ႏွစ္ေႏွာင္းပိုင္းေတြက ကိုရီးယားစစ္ပြဲရဲ႕အေမွာင္အက်ဆံုးေန႔ေတြမွာ အေမရိကန္ေရတပ္မ ၂ ခုက ေတာင္ကိုရီးယားႏိုင္ငံအေနာက္ဘက္ကမ္း႐ိုးတန္းမွာ႐ွိတဲ့အင္ခၽြန္ းကိုဆိုက္က ပ္ၿပီး ေျမာက္ကိုရီးယားၾကည္းတပ္ကိုရင္ဆိုင္ဖို႔ ဒုတိယစစ္မ်က္ႏွာဖြင့္ခဲ့ပါတယ္။

အင္ခၽြန္းကမ္းတပ္တပ္မေတြက ၁၉၅၀ ျပည့္ႏွစ္ေတြမွာအလုပ္ျဖစ္ခဲ့သလိုပဲ ၂၀၂၀ ျပည့္ႏွစ္ေတြ၊ ေနာက္ပို င္းေတြမွာ အလုပ္ျဖစ္ႏိုင္ပါတယ္။

ဒီအေၾကာင္းျပခ်က္ေၾကာင့္ အေမရိကန္နဲ႔ေတာင္ကိုရီးယားတို႔ဟာ ကိုရီးယားကၽြန္းဆြယ္နဲ႔ပတ္၀န္းက်င္မွာ ကမ္းတက္တပ္ဖြဲ႔ေတြအားေကာင္းေအာင္ ဖြဲ႔စည္းေနတာပါ။

ေတာင္ကိုရီးယားေရတပ္မွာ တပ္ဖြဲ႔၀င္ ၂၉၀၀၀ ႐ွိၿပီး ေတာင္ကိုရီးယားေရတပ္ဟာ တပ္ဖြဲ႔ေတြကို ေဒါ့ဒိုအမ်ိဳးအစားရဟတ္ယာဥ္တင္သေဘၤာ ၂ စင္း၊ ေခတ္မီတင့္ေရခ်သေဘၤာ ၈ သင္းနဲ႔ ႐ွပ္ေျပးေရယာဥ္တပ္စုတစ္စုျဖည့္တင္းေပးထားပါတယ္။

ေျမျပင္အေျခစိုက္တိုက္ေလယာဥ္ေတြဟာ ကမ္းတက္စစ္ဆင္ေရးေတြမွာလည္းပါ၀င္ႏိုင္ေပမဲ့ ကမ္းတက္တပ္ဖြဲ႔ ၀င္စစ္စစ္တိုက္ေလယာဥ္ေတြကေတာ့ ေလေၾကာင္းအေထာက္အကူအေပးႏိုင္ဆံုးျဖစ္လာပါလိမ့္မယ္။

ဒါ့ေၾကာင့္ အေမရိကန္ေရတပ္က America သေဘၤာကို F-35 ေတြအမ်ားအျပားစစ္ဆင္ေရးလုပ္ႏိုင္ဖို႔ ဖန္တီးခဲ့ ပါတယ္။

ေတာင္ကိုရီးယားကလည္း F-35 တိုက္ေလယာဥ္ေတြကို မဟာမိတ္ကမ္းတပ္တပ္ဖြဲ႔ထဲထည့္ခ်င္တယ္လို႔ ဆံုးျဖတ္ထားတယ္လို႔သိရပါတယ္။

တန္ ၁၅၀၀၀ ေလးတဲ့ ေဒါ့ဒိုမ်ိဳးကြဲ တန္ ၃၀၀၀၀ ႐ွိတဲ့သေဘၤာတစ္စင္းတည္ေဆာက္ေနတယ္လို႔ ၂၀၁၉ ခုႏွစ္မွာေၾကညာခဲ့ၿပီး LPH II လို႔ေျပာထားတဲ့အဲဒီမ်ိဳးကြဲဟာ America ထက္နည္းနည္းပိုေသးေပမဲ့ ဂ်ပန္ေရတပ္ရဲ႕ အီဇူမိုအမ်ိဳးအစားအေပါ့စားေလယာဥ္တင္သေဘၤာေတြနဲ႔ေတာ့ အၾကမ္းဖ်င္းထပ္တူညီပါတယ္။

LPH II ေပၚမွာ F-35 ၁၆ စင္းေလာက္တင္ႏိုင္လို႔ ေတာင္ကိုရီးယားဟာ အမွန္တကယ္ပဲ ေလယာဥ္တင္သေဘၤ ာတည္ေဆာက္ေနတယ္ဆိုတဲ့အခ်က္က ႐ွင္းလင္းလာပါၿပီ။

ဒါေပမဲ့ ဘယ္ေလာက္ကုန္မလဲဆိုတာေတာ့ မသိရေသးပါဘူး။ ေဒါ့ဒိုတစ္စင္းကို ေဒၚလာသန္း ၃၀၀ ေလာက္ကုန္က်တယ္လို႔ဆိုတဲ့အတြက္ LPH-IIေတြဟာ ၂ ဆေလာက္တန္ဖိုးပိုႀကီးမွာပါ။

ဒါ့အျပင္ အဲဒီသေဘၤာေပၚမွာတင္မယ့္ F-35B အစင္း ၂၀ ေလာက္အတြက္လည္း ေတာင္ကိုရီးယားအခြန္ထမ္းျ ပည္သူေတြ ေဒၚလာသန္းေထာင္ခ်ီအသံုးျပဳရႏိုင္ေခ်႐ွိပါတယ္။

Ref : Now South Korea’s Getting An Aircraft Carrier, Too

#PeopleMedia

(Unicode)
လေယာဉ်တင်သင်္ဘောရဖို့ တောင်ကိုရီးယားကြိုးစားနေ
……………………………………………

F-35B ကိုယ်ပျောက်ဟာရီယာဂျက်လေယာဉ်အစင်း ၂၀ ဝယ်ယူဖို့စီစဉ်နေတယ်လို ့ တောင်ကိုရီးယားနိုင်ငံ ကကြေညာခဲ့ပြီး ဒါဟာ တောင်ကိုရီးယားရေတပ်က အပေါ့စားလေယာဉ်တင်သင်္ဘောတစ်စင်းရဖို့ဦးတည်နေတ ယ်ဆိုတဲ့ ပြတ်သားတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။

လေယာဉ်တင်သင်္ဘောဆိုတာဟာ အဓိကခြိမ်းခြောက်နေတဲ့အန္တရာယ်က မြို့တော်ကနေမိုင် ၃၀ အကွာမှာ ကြီးမားတဲ့ကြည်းတပ်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံအတွက်တော့ ဆန်းကြယ်ပြီး အမျှော်အမြင်မရှိဘူးလို့တောင် ပြောနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။

ပင်လယ်ဝါထဲမှာ တရုတ်ရဲ့နယ်ချဲ့လာတာနဲ့ တရားမဝင်ငါးဖမ်းနေတာတွေကို တောင်ကိုရီးယားက တုံ့ပြန်ဖို့ရွေးချယ်တဲ့ဆိုတဲ့အခြေအနေမှာ တပ်ဖွဲ့တွေပိုဝေးဝေးမှာနေရာယူနိုင်အောင် လေယာဉ်တင်သေ င်္ဘာတွေက အသုံးဝင်တယ်ဆိုတာ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

လေယာဉ်တင်သင်္ဘောတွေဟာ မြောက်ကိုရီးယားရဲ့ကျူးကျော်မှုကိုပြန်တွန်းလှန်ဖို့ဆိုတဲ့ တောင်ကို ရီးယားစစ်တပ်ရဲ့အဓိကတာဝန်ကိုလည်း ဆောင်ရွက်ပေးနိုင်မှာပါ။ ရေတပ်နဲ့လေတပ်ဖွဲ့တွေဟာ တောင်ကိုရီးယားရဲ့မဟာဗျူဟာအတွက် အရေးကြီးပါတယ်။

ဒီအချက်ကိုပြန်ပြောရရင်တော့ ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းတွေက ကိုရီးယားစစ်ပွဲရဲ့အမှောင်အကျဆုံးနေ့တွေမှာ အမေရိကန်ရေတပ်မ ၂ ခုက တောင်ကိုရီးယားနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့အင်ချွန် းကိုဆိုက်က ပ်ပြီး မြောက်ကိုရီးယားကြည်းတပ်ကိုရင်ဆိုင်ဖို့ ဒုတိယစစ်မျက်နှာဖွင့်ခဲ့ပါတယ်။

အင်ချွန်းကမ်းတပ်တပ်မတွေက ၁၉၅၀ ပြည့်နှစ်တွေမှာအလုပ်ဖြစ်ခဲ့သလိုပဲ ၂၀၂၀ ပြည့်နှစ်တွေ၊ နောက်ပို င်းတွေမှာ အလုပ်ဖြစ်နိုင်ပါတယ်။

ဒီအကြောင်းပြချက်ကြောင့် အမေရိကန်နဲ့တောင်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်နဲ့ပတ်ဝန်းကျင်မှာ ကမ်းတက်တပ်ဖွဲ့တွေအားကောင်းအောင် ဖွဲ့စည်းနေတာပါ။

တောင်ကိုရီးယားရေတပ်မှာ တပ်ဖွဲ့ဝင် ၂၉၀၀၀ ရှိပြီး တောင်ကိုရီးယားရေတပ်ဟာ တပ်ဖွဲ့တွေကို ဒေါ့ဒိုအမျိုးအစားရဟတ်ယာဉ်တင်သင်္ဘော ၂ စင်း၊ ခေတ်မီတင့်ရေချသင်္ဘော ၈ သင်းနဲ့ ရှပ်ပြေးရေယာဉ်တပ်စုတစ်စုဖြည့်တင်းပေးထားပါတယ်။

မြေပြင်အခြေစိုက်တိုက်လေယာဉ်တွေဟာ ကမ်းတက်စစ်ဆင်ရေးတွေမှာလည်းပါဝင်နိုင်ပေမဲ့ ကမ်းတက်တပ်ဖွဲ့ ဝင်စစ်စစ်တိုက်လေယာဉ်တွေကတော့ လေကြောင်းအထောက်အကူအပေးနိုင်ဆုံးဖြစ်လာပါလိမ့်မယ်။

ဒါ့ကြောင့် အမေရိကန်ရေတပ်က America သင်္ဘောကို F-35 တွေအများအပြားစစ်ဆင်ရေးလုပ်နိုင်ဖို့ ဖန်တီးခဲ့ ပါတယ်။

တောင်ကိုရီးယားကလည်း F-35 တိုက်လေယာဉ်တွေကို မဟာမိတ်ကမ်းတပ်တပ်ဖွဲ့ထဲထည့်ချင်တယ်လို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

တန် ၁၅၀၀၀ လေးတဲ့ ဒေါ့ဒိုမျိုးကွဲ တန် ၃၀၀၀၀ ရှိတဲ့သင်္ဘောတစ်စင်းတည်ဆောက်နေတယ်လို့ ၂၀၁၉ ခုနှစ်မှာကြေညာခဲ့ပြီး LPH II လို့ပြောထားတဲ့အဲဒီမျိုးကွဲဟာ America ထက်နည်းနည်းပိုသေးပေမဲ့ ဂျပန်ရေတပ်ရဲ့ အီဇူမိုအမျိုးအစားအပေါ့စားလေယာဉ်တင်သင်္ဘောတွေနဲ့တော့ အကြမ်းဖျင်းထပ်တူညီပါတယ်။

LPH II ပေါ်မှာ F-35 ၁၆ စင်းလောက်တင်နိုင်လို့ တောင်ကိုရီးယားဟာ အမှန်တကယ်ပဲ လေယာဉ်တင်သင်္ဘေ ာတည်ဆောက်နေတယ်ဆိုတဲ့အချက်က ရှင်းလင်းလာပါပြီ။

ဒါပေမဲ့ ဘယ်လောက်ကုန်မလဲဆိုတာတော့ မသိရသေးပါဘူး။ ဒေါ့ဒိုတစ်စင်းကို ဒေါ်လာသန်း ၃၀၀ လောက်ကုန်ကျတယ်လို့ဆိုတဲ့အတွက် LPH-IIတွေဟာ ၂ ဆလောက်တန်ဖိုးပိုကြီးမှာပါ။

ဒါ့အပြင် အဲဒီသင်္ဘောပေါ်မှာတင်မယ့် F-35B အစင်း ၂၀ လောက်အတွက်လည်း တောင်ကိုရီးယားအခွန်ထမ်းြ ပည်သူတွေ ဒေါ်လာသန်းထောင်ချီအသုံးပြုရနိုင်ချေရှိပါတယ်။

Ref : Now South Korea’s Getting An Aircraft Carrier, Too

#PeopleMedia


Share this post