• Follow Us on

Home လေးကေ့ကော်ဒေသ၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကို စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာရန် KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး တိုက်တွန်း

လေးကေ့ကော်ဒေသ၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကို စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာရန် KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး တိုက်တွန်း

Share this post

ကရင်၊ ဒီဇင်ဘာ ၃၁ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ စားပွဲဝိုင်း ပေါ်တွင် တွေ့ဆုံဆွေးနွေး အဖြေရှာရန် တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက တိုက်တွန်းပြောကြားလိုက်သည်။

 

“ကျွန်တော်တစ်ယောက်ထဲ အမြင်ကတော့ ငြိမ်းချမ်းစေချင်တယ်။ ဒီလို ပြေးရလွှားရ၊ သေနတ်သံတွေ ကြား နေရတာတော့ မလိုချင်ဘူးလေ။ လက်နက်နဲ့ ဖြေရှင်းတဲ့နည်းထပ် စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ လက်ခံတယ်။ နှစ်ဘက်စလုံးကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကြလို့ပဲ ပြောချင်ပါတယ်” ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးက ပြောသည်။

 

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပစ်ခတ်တိုက်ခိုက်မှုများသည် ကရင်နှစ်သစ်ရက်မြတ်ကို အရုပ်ဆိုးအကျည်တန်စေကြောင်း၊ တိုင်းရင်းသားလူမျိုးအားလုံး၏ အန္တိမရည်မှန်းချက်ဖြစ်သော ခိုင်မာသည့် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးနှင့် ထာဝရတည် တန့်ခိုင်မြဲသော ငြိမ်းချမ်းမှုရရှိရေးတို့အတွက် နှစ်သစ်မင်္ဂလာဆုတောင်းစကားကိုလည်း KNDP မှ ထုတ်ပြန်ထား သည်။

 

မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသ၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစပြီး တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ လူထုထောင်နှင့်ချီ တစ်ဖက် နိုင်ငံဘက်ကို တိမ်းရှောင်နေရကြသည်။

 

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် အခမ်းအနားများ၌ နိုင်ငံတော်နှင့် ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါအတိုင်း တိကျစွာလိုက်နာသွားမည်ဖြစ်ကြောင်း မကြာခဏထုတ်ဖော်ပြောကြားထားသည်။

 

Photo – credit

 

#PeopleMedia #NCA #KNDP

 

(unicode)


…………………………………………………………

 


 


 


 


 


 

 


 

Photo – credit

 

#PeopleMedia #NCA #KNDP


Share this post