• Follow Us on

Home ဟောင်ကောင်ကို အမေရိကန်က စီးပွားရေးဆိုင်ရာအထူးဦးစားပေးဆက် ဆံမှုရပ်ဆိုင်း


Share this post









#PeopleMedia

(unicode)
ဟောင်ကောင်ကို အမေရိကန်က စီးပွားရေးဆိုင်ရာအထူးဦးစားပေးဆက် ဆံမှုရပ်ဆိုင်း
………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၅

ယခင်ဗြိတိသျှကိုလိုနီဟောင်ကောင်တွင် တရုတ်ပြည်မကြီးက လုံခြုံရေးဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းခဲ့ပြီးနောက် ဟောင်ကောင်ကို ဦးစားဆက်ဆံမှုရပ်ဆိုင်းသည့်သမ္မတအမိန့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ထိုးခဲ့သည်။

“အခုတော့ ဟောင်ကောင်ကို တရုတ်ပြည်မကြီးနဲ့ တန်းတူဆက်ဆံတော့မှာဖြစ်ပါတယ်” ဟု မစ္စတာထရမ့်က ပြောသည်။

ဟောင်ကောင်မှအခွင့်အရေးများကိုဖြိုခွင်းသည့် တရုတ်ပြည်မကြီးအရာရှိများကို ပိတ်ဆို့အရေးယူမှုများပြုလုပ် ရန် အာဏာရနှင့် အတိုက်အခံပါတီ ၂ ရပ်ပူးပေါင်းတင်သွင်းသည့်ဥပဒေတစ်ရပ်ကိုလည်း သူက လက်မှတ်ရေး ထိုးခဲ့သည်။

တုံ့ပြန်အရေးယူမှုများပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံကပြောသည်။

တရုတ်ပြည်မကြီးတွင်မမြင်ရသည့် လွတ်လပ်ခွင့်များကို ဟောင်ကောင်တွင် ခံစားခဲ့ရသည်။

တရုတ်ပြည်မကြီးအပေါ်ဝေဖန်သူများကို ဥပဒေချိုးဖောက်သူဟုသတ်မှတ်သည့်ဥပဒေသည် ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကို ဗြိတိန်က တရုတ်ပြည်မကြီးထံလွှဲပြောင်းပေးပြီးနောက် နိုင်ငံရေးအခြေအနေကို အကြီးဆုံး ပြောင်းလဲမှုဖြစ်သည်။

Ref : Trump says he has ended preferential treatment for Hong Kong

#PeopleMedia


Share this post