• Follow Us on

Home ဟောင်ကောင်တွင် မီးရထားပြေးလမ်းချော်မှု လူ ၃ ဦးဒဏ်ရာရရှိ

ဟောင်ကောင်တွင် မီးရထားပြေးလမ်းချော်မှု လူ ၃ ဦးဒဏ်ရာရရှိ

Share this post

ဟောင်ကောင်မှာ စက်တင်ဘာ ၁၇ ရက်နေ့က ဖြစ်တောင့်ဖြစ်ခဲ့ မီးရထား လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရထားပြေးလမ်းချော်မှုဟာ လူသွားလူလာများပြားချိန်မှာ ရထားလမ်းနှစ်လမ်းကို ပိတ်ဆို့မှုဖြစ်ပေါ်စေခဲ့ပါတယ်။

အခုလို မတော်တဆမှုကြောင့် မီးရထားမောင်းသူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရတဲ့ ခရီးသည်မရှိခဲ့ဘူးလို့ သိရပါတယ်။

မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

ပြေးလမ်းပိတ်မှုဖြစ်ပွားခဲ့တဲ့ မီးရထားလမ်းပိုင်းနှစ်ပိုင်းဟာ နေစဉ် လူ ၆ သန်းနီးပါး သယ်ယူပို့ဆောင်ပေးလျက်ရှိတဲ့ မီးရထားလမ်းပိုင်းတွေဖြစ်ပါတယ်။

Ref; CNA


Share this post