• Follow Us on

Home မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ရန် အချိန်မကျသေးဟု ဒေါ်နယ်ထရမ့်ဆို

မြောက်ကိုရီးယားကို သွားရောက်လည်ပတ်ရန် အချိန်မကျသေးဟု ဒေါ်နယ်ထရမ့်ဆို

Share this post

မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ်သွားရောက်ဖို့ အချိန်အခါမသင့်သေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အနာဂတ်တချိန်ချိန်မှာ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လည်း ထရမ့်က ပြောပါတယ်။
ကင်ဂျုံအွန်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားကို လည်ပတ်ဖို့ အစီအစဉ်ရှိမရှိ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ “ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလို့ မထင်ပါဘူး” လို့ ထရမ့်က ဖြေကြားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအတော်လေးကောင်းနေပေမယ့် သွားရောက်လည်ပတ်ဖို့တော့ အချိန်မကျသေးဘူးလို့ ထရမ့်က ပြောပါတယ်။

ဒါပေမယ့် အနာဂတ်တစ်ချိန်ချိန်မှာ သွားရောက်လည်ပတ်နိုင်ပြီး ကင်ကိုယ်တိုင်ကလည်း အမေရိကန်ကို လာရောက်လည်ပတ်ချင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထရမ့်က ပြောပါတယ်။

ကင်ဟာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ ထရမ့်ကိုစာနဲ့ဖိတ်ကြားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက်မှာ သတင်းထောက်တွေက ထရမ့်ကို အခုလို မေးမြန်းခဲ့တာဖြစ်ပါတယ်။

Ref;CNA


Share this post