• Follow Us on

Home အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက် ကွဲမှုကြောင့် ရုံးအနီးရှိ ကလေးငယ်(အမျိုးသမီး)တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ

အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက် ကွဲမှုကြောင့် ရုံးအနီးရှိ ကလေးငယ်(အမျိုးသမီး)တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ

Share this post

မန္တလေး၊ ဇန်နဝါရီလ ၁၃ (People Media)

 

ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးကို အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရုံးအနီးရှိ ကလေးငယ်(အမျိုးသမီး)တစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

 

သေဆုံးသည့် ကလေးငယ်မှာ မသန္တာလှိုင် ဆိုသူဖြစ်ပြီး အသက် ၁၄ နှစ်သာရှိသေးကြောင်း၊ သေဆုံးသူ က လေးငယ်သည် ရပ်ကွက်ရုံးအနီး၌ နေထိုင်သူဖြစ်ပြီး ပြင်ပသို့ ဈေးထွက်ဝယ်ရာ၌ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ခဲ့ခြင်းဖြစ်သည်။

 

“အဲ့ဒီကလေးက ပုံမှန်အဲ့ဒီအချိန်တိုင်းဈေးထွက်ဝယ်နေကျ။ ဒီမနက်ကျတော့မှ အဲ့ဒီကလေးက အခုပစ်တဲ့ရုံးနား မှာ ဘာကြောင့်လဲရပ်နေတယ်ဆိုတာ မသိဘူး။ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ရပ်ကွက်ရုံးကို ဗုံးနဲ့ပစ်ပြီးတော့ ပြေးသွားတယ်။ ပေါက်ကွဲမှုကြောင့် အဲ့ဒီကလေးက သေသွားပြီး နှစ်ဦးက ဒဏ်ရာရတယ်။” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောဆိုသည်။

 

လက်ရှိကာလအတွင်း မန္တလေးမြို့ပေါ်ရှိ အစိုးရပိုင်အဆောက်အဦများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ဖောက်ခွဲ ဖျက်ဆီးခံရမှုဖြစ်ပေါ်လျှက်ရှိသည်။

 

#PeopleMedia #မန္တလေး #ကလေးငယ်တစ်ဦးသေဆုံး

 

(unicode)


……………………………………………………………….

 

မန်တလေး၊ ဇနျနဝါရီလ ၁၃ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေး #ကလေးငယျတဈဦးသဆေုံး


Share this post