• Follow Us on

Home မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှု အမေရိကန်ကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ပင်တဂွန်အရာရှိများ ယုံ ကြည်နေ

မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှု အမေရိကန်ကို ခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ပင်တဂွန်အရာရှိများ ယုံ ကြည်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄ (People Media)

 

မြောက်ကိုရီးယားနိုင်ငံက ယခုသီတင်းပတ်အစောပိုင်းကာလက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် အမေရိကန် နိုင်ငံကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု အမေရိကန်စစ်ဘက်နှင့် လေကြောင်းဆိုင်ရာအရာရှိများက ယုံကြည်နေ ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ဇန်နဝါရီလ ၁၀ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းခြေမှ ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်ပစ် ခတ်မှုအပြီး အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမေရိကန်မြောက်ပိုင်းတိုင်းလေကြောင်းရန်ကာကွယ် ရေးဌာနချုပ် (NORAD) နှင့် ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးဌာန (FAA) တို့သည် အဆိုပါစမ်းသပ်ပစ်ခတ်မှု ကို အမေရိကန်နိုင်ငံကို တိုက်ခိုက်ခံရသည့်အလားသဘောထား၍ ယင်းဒုံးကျည် အမေရိကန်နိုင်ငံသို့ ရောက်ရှိ နိုင်ခြင်းရှိမရှိ ကြိုးစားဖော်ထုတ်လျက်ရှိသည်။

 

အဆိုပါဒုံးကျည်သည် ခြိမ်းခြောက်မှုမရှိကြောင်းနှင့် အမေရိကန်နိုင်ငံနှင့် မိုင်ထောင်ပေါင်းများစွာဝေးကွာသည့် တရုတ်နှင့် ဂျပန်နိုင်ငံကြားရှိ ပင်လယ်ထဲသို့ ကျရောက်သွားကြောင်း အမေရိကန်စစ်ဘက်က အလျင်အမြန် ရှာ ဖွေအဖြေထုတ်ခဲသော်လည်း ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးဌာန (FAA) က အမေရိကန်အနောက်ဘက် ကမ်းခြေတွင် လုံခြုံရေးအရ လေယာဉ်ခရီးစဉ်များပျံသန်းခြင်းမပြုရန် ၁၅ မိနစ်ကြာမျှ တားဆီးခဲ့သည်။

 

“ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးဌာန (FAA) က အနောက်ဘက်ကမ်းခြေတစ် လျှောက် လေယာဉ်ကွင်းတချို့မှာ လေယာဉ်ခရီးစဉ်တွေကို ယာယီတားဆီးပိတ်ပင်ခဲ့ပါတယ်။ FAA က ပုံမှန် အားဖြင့် ကြိုတင်ကာကွယ်တားဆီးမှုတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မြေပြင်မှာ ဒီလိုလေယာဉ်ခရီးစဉ် တွေရပ်တန့်ခဲ့တာနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့ ပြန်လည်ဆန်းစစ်လေ့လာသွားမှာဖြစ်ပါတယ်။” ဟု ဇန်နဝါရီလ ၁၁  ရက်နေ့ကထုတ်ပြန်သည့်ကြေညာချက်တွင် FAA ကပြောသည်။

 

မြေပြင်မှ လေယာဉ်ခရီးစဉ်များမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လေကြောင်းဦးစီးဌာနမှ အရာရှိများကြား ပေါင်း စပ်ညှိနှိုင်းမှုနှင့် ဆက်သွယ်ရေး သမရိုးကျလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာန ချုပ်ပြောခွင့်ရပုဂ္ဂိုလ်ဂျွန်ကာဘီက ပြောဆိုခဲ့သော်လည်း ၎င်းက အချို့ဆုံးဖြတ်ချက်များမှာ မလိုအပ်ဘဲချမှတ်ခဲ့ သည့် ဆုံးဖြတ်ချက်များဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

 

ယခုဒုံးကျည်ပစ်ခတ်မှုမှာ ၂၀၂၂ ခုနှစ် ယခုအချိန်အထိ မြောက်ကိုရီးယားအစိုးရ၏ ဒုတိယအကြိမ်မြောက်ပစ်  ခတ်မှုဖြစ်ပြီး လွန်ခဲ့သည့်စက်တင်ဘာလကတည်းက မြောက်ကိုရီးယား၏ ခြောက်ကြိမ်မြောက်ဒုံးကျည်ပစ်လွှတ် မှုနှင့်ပတ်သက်၍ နောက်ထပ်ပြစ်ဒဏ်ချမှတ်ရန် မကြာသေးမီက ကုလသမဂ္ဂအဖွဲ့ထံ တောင်းဆိုခဲ့သည့် အမေရိ ကန်အစိုးရကို လက်တုံ့ပြန်ခြိမ်းခြောက်ခြင်းဖြစ်သည်။

 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ခြောက်ကြိမ်မြောက်လက်နက်စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယား၊ တစ်ကြိမ်စမ်းသပ်ခဲ့သည့် ရုရှားနိုင်ငံနှင့် ရုရှားကုမ္ပဏီတစ်ခုတို့ကို မြောက်ကိုရီးယားအစိုးရ၏ အဖျက်စွမ်းအား ကြီးမားသည့် လက်နက်ထုတ်လုပ်ရေးစီမံကိန်းတွင် ပါဝင်ပတ်သက်နေသည်ဟု အကြောင်းပြကာ စီးပွားရေးပိတ် ဆို့အရေးယူမှုများကို ချမှတ်ခဲ့သည်။

 

အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားနိုင်ငံကလည်း ကိုရီးယားကျွန်းဆွယ်အခြေအနေများကို နိုင်ငံတကာအ တိုင်းအတာနှင့် တင်းမာမှုများပိုဆိုးလာအောင် အမေရိကန်ကဆောင်ရွက်နေကြောင်း စွပ်စွဲလိုက်ပြီး  ကိုရီးယား  နိုင်ငံအနေဖြင့် ပိုမိုအားကောင်းပြင်းထန်သော တုံ့ပြန်မှုမျိုးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆို ခဲ့သော် လည်း မည်ကဲ့သို့ အရေးယူဆောင်ရွက်မှုမျိုး လုပ်ဆောင်သွားမည်ကို အသေးစိတ်ပြောဆိုခြင်းမရှိပေ။

 

Ref: Pentagon thought North Korean missile was headed for US – media

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Pentagon thought North Korean missile was headed for US – media

 

#PeopleMedia


Share this post