• Follow Us on

Home မြောက်ကိုရီးယားနိုင်ငံ၏ ကန့်ကွက်မှုရှိလင့်ကစား အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

မြောက်ကိုရီးယားနိုင်ငံ၏ ကန့်ကွက်မှုရှိလင့်ကစား အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇ (People Media)

 

မြောက်ကိုရီးယားနိုင်ငံ၏ ပြင်းထန်သော ကန့်ကွက်မှုများ ရှိနေလင့်ကစား အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့က ပုံမှန်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်လိုက်ပြီဖြစ်သည်။

 

ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ယနေ့နံနက်ပိုင်းက စတင်ခဲ့ပြီး ယခုလ ၂၆ ရက်အထိ ပြုလုပ်မည်ဟု တောင်ကိုရီး ယား စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။

 

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ကာကွယ်ရေးဆိုင်ရာ ကွန်ပြူတာထိန်းချုပ် ပုံစံတူလေ့ကျင့်မှုများ ပါဝင် သော်လည်း ကျည်အစစ်ဖြင့်ပစ်ခတ်မှု မပါဝင်ပေ။

 

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရန် နေရာအသီးသီး၌ လိုအပ်သော တပ်ဖွဲ့ဝင်များသာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဟု တောင်ကိုရီးယားတပ်မတော်က အစောပိုင်းတွင် ကြေညာခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံက ပြင်းထန်သော ကန့်ကွက်မှုများကြောင့် ကြေညာထားသည့်ထက် တပ်ဖွဲ့အင်အား လျှော့၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံမှ ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

 

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းရမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျောင်က ယခုလအစောပိုင်းတွင် ထုတ်ပြန်ချက်တစ်ခုအတွင်း တောင်းဆိုခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုအပေါ် တန်ပြန်အစီအမံများ ပြုလုပ်လာနိုင်ကြောင်း တောင် ကိုရီးယားမီဒီယာများက သတိပေးနေသည်။

 

Ref; US-S.Korea joint drills begin amid North’s protest

 

#PeopleMedia #EPN #international #တောင်ကိုးရီးယား #အမေရိကန်

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 

Ref; US-S.Korea joint drills begin amid North’s protest

 



Share this post