• Follow Us on

Home မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်ဝန် ခုနှစ်လရှိသည့် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦး လုပ်ကြံ သတ် ဖြတ်ခြင်း ခံခဲ့ရ

မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်ဝန် ခုနှစ်လရှိသည့် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦး လုပ်ကြံ သတ် ဖြတ်ခြင်း ခံခဲ့ရ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၆ (People Media)

 

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်ဝန် ခုနှစ်လ ရှိသည့် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးတစ်ဦး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့  နံနက် ၁၀ နာရီအချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ နွယ်နီ (၁၃) လမ်းနှင့် သန္တာ (၁၂) လမ်းကြားတွင် နေထိုင်သူ ဒေါ်နီနီမြင့်သည် ၎င်း၏ သားနှင့်အတူ နေအိမ်မှ ဈေးသို့ သွားစဉ် သေနတ်သမား အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ပြီး သေနတ်ဖြင့် လုပ်ကြံခဲ့ကြောင်း သိရသည်။

 

“ဒေါ်နီနီမြင့်က ဘာဒလန်မှမဟုတ်ဘူး၊ ရပ်ကွက်အတွင်းမှာ အေးအေးဆေးဆေးနေတဲ့သူဖြစ်တယ်။ အဲ့ခုက ကိုယ်ဝန်ဆောင်ကြီးကို ဒလန်လို့စွတ်စွဲပြီး အသတ်ခံရတာ။ ပြီးခဲ့တဲ့ရက်ကလည်း လူမှုကွန်ယက်မှာ သူကို သတိပေးတဲ့ဟာမျိုးထွက်ခဲ့ဖူးတယ်။ အခု သေသွားတဲ့အချိန်မှာ ဗိုက်ထဲမှာ ကလေးက ၇ လရှိနေပြီ” ဟု ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

 

ပြီးခဲ့သည့်လပိုင်းမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များသည် နည်း ပါးခဲ့သော်လည်း ယခုရက်ပိုင်း၌ ခပ်စိပ်စိပ်ဖြစ်ပွားလာလျက်ရှိပါတယ်။

 

#PeopleMedia #ကိုယ်ဝန်သည် #လုပ်ကြံသတ်ဖြတ်ခံရ

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post