• Follow Us on

Home ေျမာက္ဦးၿမိဳ႕၊ လကၠာေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားအား မီးရိႈ႕မႈျဖစ္စဥ္ တပ္မေတာ္ႏွင့္ AA အျပန္အလွန္စြပ္စြဲ၊ ေနအိမ္မီးရိႈ႕မႈသည့္ AA လက္ခ်က္ျဖစ္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

ေျမာက္ဦးၿမိဳ႕၊ လကၠာေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားအား မီးရိႈ႕မႈျဖစ္စဥ္ တပ္မေတာ္ႏွင့္ AA အျပန္အလွန္စြပ္စြဲ၊ ေနအိမ္မီးရိႈ႕မႈသည့္ AA လက္ခ်က္ျဖစ္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

Share this post

ရန္ကုန္၊ ေမ – ၁၈

 

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕၊ လကၠာေက်းရြားရွိ ေနအိမ္မ်ားသည္ ေမ(၁၆)ရက္ ေနလယ္(၂)နာရီအခ်ိန္ခန္႔က ျဖစ္ေပၚခဲ့သည္။

 

ေက်းရြာရွိ ေနအိမ္မ်ားစြာမီးရႈိ႕ခံရမႈႏွင့္အတူ ေက်းရြာရွိ စာသင္ေက်ာင္းအခ်ဳိ႕ မီးထဲပါသြားေၾကာင္း ေဒသခံအခ်ဳိ႕ က ေျပာဆုိပါတယ္။ အဆုိပါ မီးရႈိ႕ခံရမႈျဖစ္စဥ္အေပၚ တပ္မေတာ္မွ AA ၏ လက္ခ်က္ျဖစ္ေၾကာင္း သတင္းထုတ္ ျပန္ထားပါတယ္။

 

အလားတူ AA အဖြဲ႕ကလည္း တပ္မေတာ္မွ မီးရိႈ႕မႈသာျဖစ္ေၾကာင္း ဆုိပါတယ္။ အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေန သည့္ တပ္ဖြဲ႕ဝင္မ်ားသည္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္ ေမ ၁၆ ရက္ ေန႔လယ္ ၂ နာရီခြဲခန႔္ တြင္ လကၠာေက်း႐ြာအနီးသို႔အေရာက္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားက ေက်း႐ြာအတြင္းမွေန၍ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ ပစ္ခတ္ခဲ့ရာ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားသည္ ေန႔လယ္ ၂ နာရီ ၄၅ မိနစ္ခန႔္တြင္ ေက်း႐ြာ အတြင္းရွိ ေနအိမ္မ်ားအား မီးရိႈ႕၍ ႐ြာ၏ အေရွ႕ဘက္ေတာင္ေၾကာမ်ားေပၚသို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။

 

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား မီးရိႈ႕ခဲ့မႈေၾကာင့္ ေက်း႐ြာအတြင္းရွိ ေနအိမ္ ၂၀ လုံးခန႔္ မီးေလာင္ပ်က္စီး သြားခဲ့ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ မ်ားအေနျဖင့္ ေက်း႐ြာမ်ားအတြင္း အရပ္သားအသြင္ျဖင့္ ေရာေႏွာေနထိုင္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ေခ်ာင္းေျမာင္းပစ္ခတ္ျခင္း၊ မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ ယခုကဲ့သို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေက်း႐ြာအနီးသို႔ ေရာက္ရွိလာစဥ္ ျပည္သူမ်ား ထင္ေယာင္ထင္မွားျဖစ္ေစရန္ ေက်း႐ြာ မ်ားအား မီးရိႈ႕ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ဆက္လက္ေဖာ္ျပထားပါတယ္။ လက္ရွိအခ်ိန္၌ ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသမ်ားရွိ AA လႈပ္ရွားနယ္ေျမမ်ားကုိ တပ္မေတာ္မွ နယ္ေျမရွင္း လင္းေရး ေဆာင္ရြက္လ်က္ရွိသည္။

 

#PeopleMedia #ေျမာက္ဦး #လကၠာရြာ #တပ္မေတာ္ #AA

 

(Unicode)

မြောက်ဦးမြို့၊ လက္ကာကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့မှုဖြစ်စဉ် တပ်မတော်နှင့် AA အပြန်အလှန်စွပ်စွဲ၊ နေအိမ်မီးရှို့မှုသည့် AA လက်ချက်ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်
………………………………………………………………………………………………………….

ရန်ကုန်၊ မေ – ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက္ကာကျေးရွားရှိ နေအိမ်များသည် မေ(၁၆)ရက် နေလယ်(၂)နာရီအချိန်ခန့်က ဖြစ်ပေါ်ခဲ့သည်။

ကျေးရွာရှိ နေအိမ်များစွာမီးရှို့ခံရမှုနှင့်အတူ ကျေးရွာရှိ စာသင်ကျောင်းအချို့ မီးထဲပါသွားကြောင်း ဒေသခံအချို့ က ပြောဆိုပါတယ်။ အဆိုပါ မီးရှို့ခံရမှုဖြစ်စဉ်အပေါ် တပ်မတော်မှ AA ၏ လက်ချက်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားပါတယ်။

အလားတူ AA အဖွဲ့ကလည်း တပ်မတော်မှ မီးရှို့မှုသာဖြစ်ကြောင်း ဆိုပါတယ်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မေ ၁၆ ရက် နေ့လယ် ၂ နာရီခွဲခန့် တွင် လက္ကာကျေးရွာအနီးသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ကျေးရွာအတွင်းမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာ အတွင်းရှိ နေအိမ်များအား မီးရှို့၍ ရွာ၏ အရှေ့ဘက်တောင်ကြောများပေါ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၀ လုံးခန့် မီးလောင်ပျက်စီး သွားခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ များအနေဖြင့် ကျေးရွာများအတွင်း အရပ်သားအသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအနီးသို့ ရောက်ရှိလာစဉ် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ကျေးရွာ များအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားပါတယ်။ လက်ရှိအချိန်၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ AA လှုပ်ရှားနယ်မြေများကို တပ်မတော်မှ နယ်မြေရှင်း လင်းရေး ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #မြောက်ဦး #လက္ကာရွာ #တပ်မတော် #AA


Share this post