• Follow Us on

Home ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္(ဘဂၤါလီ)ေက်းရြာမွ လူငယ္တစ္ဦးအား AA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက ဖမ္းဆီးေခၚေဆာင္သတ္ျဖတ္ခဲ့ေၾကာင္း တပ္မေတာ္ ထုတ္ျပန္

ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္(ဘဂၤါလီ)ေက်းရြာမွ လူငယ္တစ္ဦးအား AA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက ဖမ္းဆီးေခၚေဆာင္သတ္ျဖတ္ခဲ့ေၾကာင္း တပ္မေတာ္ ထုတ္ျပန္

Share this post

စစ္ေတြ၊ေဖေဖာ္ဝါရီ ၂၀

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္(ဘဂၤါလီ)ေက်းရြာေန ရာဂ်ီကမ္စ္ (ခ) တင္လႈိင္(ဘ) အဘူေဖာ္ရာႏွင့္ ေစာထူး(ဘ)အဘူလွေခ် တို႔ ၂ ဦးသည္ ေဖေဖာ္ဝါရီ ၁၈ ရက္ ည ၈ နာရီခြဲခန္႔တြင္ ေက်းရြာ၏ အေနာက္ေျမာက္ဘက္ ရန္ကုန္-စစ္ေတြသြား ကားလမ္းမေပၚရွိ ကြန္ကရစ္တံတားေပၚ၌ ဖုန္းထိုင္သုံးေနစဉ္ AA အၾကမ္းဖက္ ေသာင္းက်န္းသူ ၄ ဦး ဆိုင္ကယ္ႏွစ္စီးျဖင့္ ေျမာက္ဦးၿမိဳ႕ဘက္မွ ေရာက္ရွိလာၿပီး ၎င္းတို႔ ၂ ဦးအား အေၾကာင္းမဲ့ဝိုင္းဝန္း ဖမ္းဆီးခဲ့ေၾကာင္း၊ ထိုသို႔ဖမ္းဆီးစဉ္ ေစာထူးမွာ ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး ရာဂ်ီကမ္စ္(ခ) တင္လႈိင္အား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထြက္ေျပးလြတ္ေျမာက္လာသည့္ ေစာထူးမွ ေက်းရြာရွိ တာဝန္ရွိသူမ်ား ထံသို႔ လာေရာက္ေျပာၾကားခဲ့သျဖင့္ ေက်းရြာမွ တာဝန္ရွိသူမ်ားႏွင့္ ရြာသားမ်ားကလိုက္လံ ရွာေဖြခဲ့ရာ ယေန႔နံနက္ ၈ နာရီခန္႔တြင္ ရန္ကုန္- စစ္ေတြကားလမ္း၏ အေနာက္ဘက္ ေပ ၃၀၀ ခန္႔အကြာရွိ လယ္ကြင္းအနီး၌ ညာရင္အုံထိုးသြင္းဒဏ္ရာ၊ လည္ပင္းျပတ္ရွ ဒဏ္ရာ၊ နဖူး၊ ဦးေခါင္းေနာက္ေစ့တို႔တြင္ ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ ရာဂ်ီကမ္စ္(ခ) တင္လႈိင္ ႐ုပ္အေလာင္းအား ရွာေဖြေတြ႕ရွိခဲ့သည္။

AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားအေနျဖင့္ အျပစ္မဲ့ျပည္သူမ်ား၊ တပ္မေတာ္မွ အၿငိမ္းစား ယူထားသူ မ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအားဓားျဖင့္ အေၾကာင္းမဲ့မင္းမဲ့ စ႐ိုက္ဆန္စြာ ရက္ရက္စက္စက္ ခုတ္ျဖတ္၊ ထိုးသတ္မႈအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ေမလ မွ ယေန႔အထိ စုစုေပါင္း ၁၄ ဦးရွိၿပီျဖစ္ေၾကာင္း သိရွိရ သည္။

အဆိုပါ ေသဆုံးသူ ႐ုပ္အေလာင္းအား နံနက္ ၁၀ နာရီခန္႔တြင္ ေျမာက္ဦးၿမိဳ႕၊ ျပည္သူ့ေဆး႐ုံသို႔ ပို႔ေဆာင္ေစခဲ့ၿပီး တရားခံမ်ားအား ဖမ္းဆီးရမိေရး ေျမာက္ဦး ၿမိဳ႕မရဲစခန္း၌ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္ရြက္လ်က္ရွိၿပီး ေၾကာင္း သတင္းရရွိသည္။

#peoplemedia #ေျမာက္ဦးၿမိဳ႕ #AA #ဘဂၤလီ #တပ္မေတာ္

(unicode)
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာမှ လူငယ်တစ်ဦးအား AA အကြမ်းဖက် သောင်းကျန်း သူများက ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း တပ်မတော် ထုတ်ပြန်
…………………………………………………………………………………………..

စစ်တွေ၊ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာနေ ရာဂျီကမ်စ် (ခ) တင်လှိုင်(ဘ) အဘူဖော်ရာနှင့် စောထူး(ဘ)အဘူလှချေ တို့ ၂ ဦးသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီခွဲခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက် ရန်ကုန်-စစ်တွေသွား ကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားပေါ်၌ ဖုန်းထိုင်သုံးနေစဉ် AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ဆိုင်ကယ်နှစ်စီးဖြင့် မြောက်ဦးမြို့ဘက်မှ ရောက်ရှိလာပြီး ၎င်းင်းတို့ ၂ ဦးအား အကြောင်းမဲ့ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးစဉ် စောထူးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရာဂျီကမ်စ်(ခ) တင်လှိုင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသည့် စောထူးမှ ကျေးရွာရှိ တာဝန်ရှိသူများ ထံသို့ လာရောက်ပြောကြားခဲ့သဖြင့် ကျေးရွာမှ တာဝန်ရှိသူများနှင့် ရွာသားများကလိုက်လံ ရှာဖွေခဲ့ရာ ယနေ့နံနက် ၈ နာရီခန့်တွင် ရန်ကုန်- စစ်တွေကားလမ်း၏ အနောက်ဘက် ပေ ၃၀၀ ခန့်အကွာရှိ လယ်ကွင်းအနီး၌ ညာရင်အုံထိုးသွင်းဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ နဖူး၊ ဦးခေါင်းနောက်စေ့တို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည့် ရာဂျီကမ်စ်(ခ) တင်လှိုင် ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အပြစ်မဲ့ပြည်သူများ၊ တပ်မတော်မှ အငြိမ်းစား ယူထားသူ များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအားဓားဖြင့် အကြောင်းမဲ့မင်းမဲ့ စရိုက်ဆန်စွာ ရက်ရက်စက်စက် ခုတ်ဖြတ်၊ ထိုးသတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလ မှ ယနေ့အထိ စုစုပေါင်း ၁၄ ဦးရှိပြီဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ သေဆုံးသူ ရုပ်အလောင်းအား နံနက် ၁၀ နာရီခန့်တွင် မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေခဲ့ပြီး တရားခံများအား ဖမ်းဆီးရမိရေး မြောက်ဦး မြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကြောင်း သတင်းရရှိသည်။

#peoplemedia #မြောက်ဦးမြို့ #AA #ဘင်္ဂလီ #တပ်မတော်


Share this post