• Follow Us on

Home မြေမြှုပ်မိုင်းရှာ ကမ္ဘောဒီးယား သူရဲကောင်း ကြွက်ကလေး မက်ဂါဝါ အသက် ၈ နှစ်တွင် သေဆုံး

မြေမြှုပ်မိုင်းရှာ ကမ္ဘောဒီးယား သူရဲကောင်း ကြွက်ကလေး မက်ဂါဝါ အသက် ၈ နှစ်တွင် သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃ (People Media)

 

ကမ္ဘောဒီယားနိုင်ငံ၏ မြေမြှုပ်မိုင်းရှာ ရွှေတံဆိပ်ဆုရ သူရဲကောင်း ကြွက်ကလေး မက်ဂါဝါသည် အသက် ၈ နှစ်တွင် သေဆုံးသွားကြောင်း ပရဟိတအဖွဲ့ Apopo က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

“သူရဲကောင်းကြွက်ကလေး မက်ဂါဝါ ဒီသတင်းပတ်ကုန်မှာပဲ အေးအေးချမ်းချမ်းနဲ့ သေဆုံးသွားတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

“မက်ဂါဝါဟာ ပြီးခဲ့တဲ့အပတ်က ပုံမှန် တက်တက်ကြွကြွ ကစားနေဆဲပါ။ ဒါပေမဲ့ ဒီရက်သတ္တပတ်မှာတော့ အသွားအလာနှေးသွားပြီး အိမ်ငိုက်နေတာက များတယ်။ နောက်ဆုံးရက်တွေမှာ အစားလည်းသိပ်မဝင် တော့ဘူး” ဟု ဆိုသည်။

 

၎င်းတာဝန်ထမ်းဆောင်သည့် ၅ နှစ်တာ ကာလတွင် မက်ဂါဝါသည် မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ် သည့်ပစ္စည်း ၁၀၀ ကျော်ကို ရှာဖွေပေးခဲ့ရာ Apopo တွင် ယနေ့အထိ အောင်မြင်မှုအရှိဆုံး သူရဲကောင်း ကြွက်လေး ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

 

Apopo သည် မြေမြှုပ်မိုင်းနှင့် တီဘီရောဂါ ရှာဖွေမှုများ အသုံးပြုရန် အာဖရိကဧရာမကြွက်ကြီးမျိုးများကို လေ့ကျင့်ပေးသော အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

“ကမ္ဘောဒီးယား ရပ်ရွာအတွင်း အသက်ဆုံးရှုံးမှာ ကိုယ်အင်္ဂါရပ်တစ်ခုခု ဆုံးရှုံးမှာကို စိုးရိမ်စရာမလိုဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်၊ သွားလာလည်ပတ်နိုင်အောင်လို့ သူက အကျိုးဆောင်ခဲ့တယ်” ဟု ထုတ်ပြန်ချက်တွင် ဖြည့် စွက်ဖော်ပြထားသည်။

 

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် မက်ဂါဝါသည် ၎င်းအငြိမ်းစားမယူမီ ဇွန်လက ကမ္ဘောဒီးယားတွင် မိုင်း ရှာဖွေရေးတာဝန်ထမ်းဆောင်နေခြင်းကို ဂုဏ်ပြုရန်အတွက် ဗြိတိန်၏နာမကျန်းသောတိရစ္ဆာန်လေးများ ပြည်သူ့ဆေးခန်း(PDSA) မှ ပေးအပ်သော ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

 

မက်ဂါဝါသည် တန်ဇန်းနီးယားတွင် မွေးဖွားပြီး Apopo တွင် လေ့ကျင့်မှုခံယူခဲ့ခြင်းဖြစ်ပြီး မြေမြှုပ်မိုင်းတွင် အသုံးပြုသည့် ပေါက်ကွဲစေတတ်သည့် ဓါတုဗေဒပစ္စည်းကို ရှာဖွေရာနှင့် နောက်ကွယ် လက်သည်ကို လမ်းညွှန်တတ်ရန် လေ့ကျင့်သင်ယူခဲ့ကြောင်း သိရသည်။

 

ဒေသတွင်းနှင့် ပြည်တွင်းပဋိပက္ခဒဏ်များကြောင့် ကမ္ဘော့ဒီးယားနိုင်ငံသည် ကမ္ဘာတွင် စစ်ဒဏ်သက်ရောက်မှု အဆိုးဆုံးခံရသည့် နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ နှစ်ပေါင်း ၃၀ ပဋိပက္ခအတွင်း ကျန်ရစ်သည့် မြေမြှုပ်မိုင်းနှင့် အခြား လက်နက်ခဲယမ်းများက ၄ သန်းမှ ၆ သန်းထိ ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

 

ကမ္ဘောဒီးယားတွင် ပြီးခဲ့သည့်နှစ်က မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့်လက်နက်ပစ္စည်း ပေါက်ကွဲမှုများ ကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ ၁၉၇၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင် မပေါက်ကွဲသေးသည့်လက်နက်ပစ္စည်း ပေါက်ကွဲမှုများ ကြောင့် သေဆုံးသူ ၁၉,၈၀၈ ဦးနှင့် အခြား ဒဏ်ရာရရှိသူ ၄၅,၁၅၆ ဦး ရှိခဲ့ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

 


 


 


 


 

(Xinhua)

 



Share this post