• Follow Us on

Home ခင်ဦးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် မိသားစုဝင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

ခင်ဦးမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးသည် မိသားစုဝင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၁၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ လောင်းရှည်ကျေးရွာအုပ်စု၊ လောင်းရှည်ကျေးရွာတွင် နေထိုင်သည့် ဦးခင်မောင်ဆန်း၏ နေအိမ်အတွင်းသို့ အမည်မသိလက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်ပြီးနောက် ၎င်းကို မိသားစုဝင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် ၁၁ နာရီခန့်တွင် ခင်ဦးမြို့၊ လောင်းရှည်ကျေးရွာ၌ နေထိုင်သည့် ဦးခင်မောင်ဆန်းကို ဒလန်ဟုစွပ်စွဲကာ ဇနီး၊ သားနှင့် သမီးတို့ရှေ့တွင် လက်နက်ကိုင်အဖွဲ့မှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

“မိသားစုရှေ့မှာ သတ်သွားတာ။ မိသားစုတွေကိုတော့ ဘာမှမလုပ်သွားဘူး။ သူတို့က ပြည်ခိုင်ဖြိုးမှန်ရင် အကုန်သတ်နေတာ။ လူ ၃၀ လောက်ရှိတယ် လာသတ်တာ” ဟု ခင်ဦးမြို့နယ် ဒေသခံတစ်ဦးမှ သိရသည်။

 

အဆိုပါလုပ်ကြံခံရသည့် ဦးခင်မောင်ဆန်းကို ပြီးခဲ့သည့် ဇူလိုင်လတွင် ၎င်း၏ လယ်တောထဲ၌ရှိနေစဉ် လက်နက်ကိုင်အဖွဲ့မှ ၎င်း၏ လက်ကို ဓားဖြင့်လုပ်ကြံခံရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ခင်ဦးမြို့ #ပြည်ခိုင်ဖြိုးပါတီဝင်

 

(unicode)


…………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post