• Follow Us on

Home ပြည်ပရန်ကာကွယ်ရေးအတွက် Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိဟု တပ်ချုပ်ပြောကြား

ပြည်ပရန်ကာကွယ်ရေးအတွက် Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိဟု တပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂

 

ပြည်ပရန်ကာကွယ်ရေးအတွက်လည်း Standard Army တစ်ခုဖြစ်စေရေး လိုအပ်သည်များကိုကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယမန်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာန ချုပ်ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် နိုင်ငံ၏ အနောက်ဘက်ခြမ်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာ သည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ် များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင်အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ ပြောသည်။

 

“တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုး တိုး တက်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက် နေရမှာ ဖြစ်သလို ပြည်ပရန် ကာကွယ်ဖို့အတွက်လည်း Standard Army တစ်ခု ဖြစ်စေရေး လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပါတယ်။ လက်နက်တွေ စွမ်းအားမြင့်မားဖို့ အရာရှိ၊ စစ်သည်တွေရဲ့ စွမ်းရည်မြင့်မားဖို့အတွက် အမြဲမပြတ် မြှင့်တင်ဆောင်ရွက်နေပါ တယ်။” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်(ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ အားလုံးအဆင့်မြှင့်တင်ခြင်းများ ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသဖြင့် တပ်မတော်၏စွမ်းပကားမြှင့်တင်ရန်အတွက် စစ်သည်တစ်ဦး ချင်း၏ စွမ်းရည်မြင့်မား စေရေး လေ့ကျင့်ရေးတာဝန်များကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စစ်မြေပြင်တွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို စနစ်တကျ အသုံးချမည်ဆိုပါက ထိခိုက်မှုများ နည်းပါးစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်း၊ တပ်တစ်တပ်ချင်းမှအစပြု၍ တပ်မတော်တစ်ရပ်လုံး စစ်ရေးစွမ်းရည်ထက်မြက်စေရေး ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောသည်။

 

ဒေသနှင့် တိုင်းပြည်အကျိုးကို ကြည့်၍ မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ တပ်မတော်သားများသည် စည်းကမ်းနှင့်အညီနေထိုင်ကြသူများဖြစ်ခြင်းကြောင့် ပြည်သူများနှင့် ထိတွေ့ ဆောင်ရွက်ရာတွင် ပြည်သူ့အပေါ် ထားရှိရမည့် ကျင့်ဝတ်တွင်ပါဝင်သည့်အတိုင်း ပြည်သူအပေါ် ရေလိုလ လိုကျင့်ကြံကြရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post