• Follow Us on

Home မော်လမြိုင်မြို့တွင် နေအိမ် (၄) လုံး မီးလောင်မှုဖြစ်ရာမှ လေဖြတ်နေသည့်အဖိုးအို (၁) ဦးနှင့် ကလေး (၁) ဦး သေဆုံး

မော်လမြိုင်မြို့တွင် နေအိမ် (၄) လုံး မီးလောင်မှုဖြစ်ရာမှ လေဖြတ်နေသည့်အဖိုးအို (၁) ဦးနှင့် ကလေး (၁) ဦး သေဆုံး

Share this post

နေပြည်တော်၊ မတ် ၂

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အေးသာယာရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်က နေအိမ် (၄) လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာမှ လေဖြတ်နေသည့် အဖိုးအို (၁) ဦးနှင့် ကလေး (၁) ဦးတို့ သေဆုံးခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

 

မော်လမြိုင်မြို့၊ အေးသာယာရပ်ကွက်၊ ဘဲကုန်းဈေးအနောက်ဘက်တွင် နေအိမ် (၄)လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ယင်းနေအိမ်များအတွင်းရှိ လေဖြတ်နေသည့် အသက် ၈၀ နှစ်ခန့်ရှိ အဖိုးအို (၁) ဦးနှင့် အသက် ၄ နှစ်ကျော်ရှိ ကလေး (၁) ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆို့ပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မွန်ပြည်နယ်မီးသတ်ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ  မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ လူမူကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်ကူညီမီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၈ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်သေဆုံးသွားသည် ကျား ၂ ဦး အလောင်းအား ရာမညအရေးပေါ်လူမူကယ်ဆယ်ရေးအဖွဲ့၊ ဖေးမကူ ညီလူမူကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဉ် ၂ စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post