• Follow Us on

Home ျပည္သူမ်ားအေနျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းမ်ား တပ္ဆင္မႈကို လိုက္နာမႈမ႐ွိပါက စည္းကမ္းအခ်ဳိ႕ ထပ္မံခ် မွတ္မည္ဟု ေဒါက္တာျမင့္ေထြးေျပာ

ျပည္သူမ်ားအေနျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းမ်ား တပ္ဆင္မႈကို လိုက္နာမႈမ႐ွိပါက စည္းကမ္းအခ်ဳိ႕ ထပ္မံခ် မွတ္မည္ဟု ေဒါက္တာျမင့္ေထြးေျပာ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ- ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ျပည္သူမ်ားအေနျဖင့္ ပါးစပ္ႏွင့္ ႏွာေခါင္းစည္းမ်ား တပ္ဆင္မႈကို လိုက္နာမႈမ႐ွိပါက စည္ကမ္းအခ်ဳိ႕ ထပ္မံ ခ်မွတ္မည္ဟု ေဒါက္တာျမင့္ေထြးကေျပာဆိုလိုက္သည္။

ဒီဇင္ဘာ ၁၅ ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း႐ွိ COVID-19 ကုသေရးဌာန ၁၄ ခု၏ စီမံခန္႔ခြဲ အုပ္ခ်ဳပ္မႈ တာ၀န္ခံဆရာ၀န္ႀကီးမ်ားႏွင့္ေဆြးေႏြးရာ၌ ေဒါက္တာျမင့္ေထြးက အထက္ပါအတိုင္း ေျပာၾကား ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ တစ္တိုင္းျပည္လုံးအတိုင္းအတာအေနျဖင့္ ျပည္သူမ်ား ပါးစပ္ႏွင့္ ႏွာေခါင္းစည္း(mask) တပ္ျခင္း မ်ားႏွင့္အတူ COVID-19 ကာကြယ္ေရးအတြက္ လိ္ုက္နာမႈအားနည္းပါက လိုအပ္မည့္စည္းကမ္းမ်ားကို ထပ္မံခ်မည္ျဖစ္ေၾကာင္း ေဒါက္တာျမင့္ေထြးက ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ေစ်းမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ COVID-19 ကာကြယ္ေရးစည္းကမ္းမလိုက္နာသူမ်ားအား အခ်င္းခ်င္းသတိေပးေစလိုေၾကာင္းလည္း ၎ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

အလားတူေဒါက္တာျမင့္ေထြးက “မိမိတို႔ႏိုင္ငံလူဦးေရႏွင့္ ႏႈိင္းယွဥ္ပါက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနတြင္ရွိသည့္ နည္းပါးေသာ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဆိုင္ရာ ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ အေထာက္အကူျပဳပညာရွင္မ်ားသည္ ဝန္ႏွင့္အား မမွ်စြာ ေန႔မအား၊ ညမနားေဆာင္႐ြက္ေနရသည့္ အခ်က္၊ COVID-19 ကူးစက္မႈမ်ား ဆက္လက္မ်ားျပားေနပါက မႏိုင္မနင္းျဖစ္လာမည့္အခ်က္ႏွင့္ ထိုသို႔ ေဆာင္႐ြက္ေနရသည့္ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ားအား ငဲ့ညႇာေသာအားျဖင့္ ဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ COVID-19 ကာကြယ္ေရးစည္းကမ္းမ်ားကို အေလးထားလိုက္နာ ေပးၾကရန္ဆိုသည့္အခ်က္” ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

COVID-19 ေၾကာင့္ မကူးစက္ႏိုင္ေသာေရာဂါမ်ားတြင္ HIV / AIDS ႏွင့္ တီဘီေရာဂါ႐ွိသူမ်ာအတြက္ ေဆးဝါးျပတ္လပ္မႈမ႐ွိေစရန္အတြက္လည္း ေဆာင္႐ြက္ေနေၾကာင္းလည္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

#PeopleMedia #COVID

(unicode)
ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်မှုကို လိုက်နာမှုမရှိပါက စည်းကမ်းအချို့ ထပ်မံချ မှတ်မည်ဟု ဒေါက်တာမြင့်ထွေးပြော
……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ- ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်မှုကို လိုက်နာမှုမရှိပါက စည်ကမ်းအချို့ ထပ်မံ ချမှတ်မည်ဟု ဒေါက်တာမြင့်ထွေးကပြောဆိုလိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာန ၁၄ ခု၏ စီမံခန့်ခွဲ အုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့်ဆွေးနွေးရာ၌ ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တစ်တိုင်းပြည်လုံးအတိုင်းအတာအနေဖြင့် ပြည်သူများ ပါးစပ်နှင့် နှာခေါင်းစည်း(mask) တပ်ခြင်း များနှင့်အတူ COVID-19 ကာကွယ်ရေးအတွက် လိ်ုက်နာမှုအားနည်းပါက လိုအပ်မည့်စည်းကမ်းများကို ထပ်မံချမည်ဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စျေးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများအား အချင်းချင်းသတိပေးစေလိုကြောင်းလည်း ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူဒေါက်တာမြင့်ထွေးက “မိမိတို့နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင်ရှိသည့် နည်းပါးသော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြုပညာရှင်များသည် ဝန်နှင့်အား မမျှစွာ နေ့မအား၊ ညမနားဆောင်ရွက်နေရသည့် အချက်၊ COVID-19 ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာမည့်အချက်နှင့် ထိုသို့ ဆောင်ရွက်နေရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ငဲ့ညှာသောအားဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာ ပေးကြရန်ဆိုသည့်အချက်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

COVID-19 ကြောင့် မကူးစက်နိုင်သောရောဂါများတွင် HIV / AIDS နှင့် တီဘီရောဂါရှိသူမျာအတွက် ဆေးဝါးပြတ်လပ်မှုမရှိစေရန်အတွက်လည်း ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့ခြင်းဖြစ်သည်။

#PeopleMedia #COVID


Share this post