• Follow Us on

Home ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ကချင်ပြည်နယ် အလုပ်အမှုဆောင်ကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် ပြီးနောက် သေဆုံးသည့် ရုပ်အလောင်းကိုပါ ဓားဖြင့် ဝိုင်းခုတ်

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ကချင်ပြည်နယ် အလုပ်အမှုဆောင်ကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် ပြီးနောက် သေဆုံးသည့် ရုပ်အလောင်းကိုပါ ဓားဖြင့် ဝိုင်းခုတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉ (People Media)

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ကချင်ပြည်နယ် အလုပ်အမှုဆောင် ဖြစ်သူသည် စက်တင်ဘာ ၂၇ ရက်နေ့က အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီး ရုပ်အလောင်းကိုပါ ဓားဖြင့် ဝိုင်းခုတ်ခြင်းခံခဲ့ရတယ်လို့ ဒေသခံများ၏ ပြောဆိုချက်အရ သိပါတယ်။

 

အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ပြည်နယ်ဥက္ကဋ္ဌဖြစ်သူလည်း လုပ်ကြံခြင်းခံခဲ့ရပါတယ်။

 

“ညဘက် အပြင်ဖက်မှာ ဖုန်းဆက်နေတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာပြီးတော့ အတင်းဆွဲခေါ်ကြ တယ်။ ပြီးတော့ သေနတ်ပစ်တဲ့အပြင် ဓားနဲ့ ဝိုင်းခုတ်ကြတာ” ဟု ၎င်း၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။

 

လက်ရှိတွင် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ကချင်ပြည်နယ် အလုပ်အမှုဆောင်အား လုပ်ကြံသတ်ဖြတ် သည်မှာ မည်သည့်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်သည်မှာ မသိရှိရသေးသော်လည်း လက်နက်မဲ့နိုင်ငံရေးသမား များကို လက်နက်ဖြင့် လုပ်ကြံသတ်ဖြတ်သည့်အပေါ်တွင် ရှုတ်ချကြောင်း အဆိုပါ ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမင်း မင်းထွန်းက ဆိုသည်။

 

“နိုင်ငံရေးပါတီတွေဆိုတာက လက်နက်မဲ့နိုင်ငံရေးပါတီတွေလို့ပဲပြောရမှာပေါ့၊ အဲ့ဒီလိုမျိုးလှုပ်ရှားနေတဲ့ နိုင်ငံ ရေးပါတီက လူတွေကိုမှ ရွေးပြီးတော့ အဓိကထားပြီးတော့ လုပ်လာတာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လာ တယ်လို့ ပြောလို့ရမယ်။ ဒါက ကျွန်တော်ပါတီကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်ပါတီကို တိုက်ခိုက်လာတာလို့ပဲ ပြောရမှာပဲ ဘာလို့လည်းဆိုတော့ အခုက ခေါင်းဆောင်ပိုင်းတွေကြီးပဲဖြစ်နေတယ်” ဟု ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက ပြောပါတယ်။

 

ယခုကဲ့သို့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ပါတီဝင်များကို လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးအား ခေါ်ယူကာ လိုအပ်သည့်ကိစ္စများကို ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

 

Photo – credit

 

#PeopleMedia #ဖားကံ့ #ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 

Photo – credit

 



Share this post