• Follow Us on

Home လွတ်လပ်ပြီး စစ်မှန်သောသတင်းအချက်အလက်စီးဆင်းမှုကို ပံ့ပိုးပေးနေသူများကို ယူကေအစိုးရက ဆက် လက်ကူညီပေးသွားမည်

လွတ်လပ်ပြီး စစ်မှန်သောသတင်းအချက်အလက်စီးဆင်းမှုကို ပံ့ပိုးပေးနေသူများကို ယူကေအစိုးရက ဆက် လက်ကူညီပေးသွားမည်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၉ (People Media)

 

လွတ်လပ်ပြီး စစ်မှန်သောသတင်းအချက်အလက် စီးဆင်းမှုကို ပံ့ပိုးပေးနေသူများကို ယူကေအစိုးရက ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးမှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်ထားမှုနှင့် မီဒီယာလွတ်လပ်ခွင့် ဆက်လက်ကန့်သတ်ထားမှုတို့သည် ထိခိုက်လွယ်သောလူမှုအသိုက်အဝန်းအတွက် အန္တရာယ်ဖြစ်စေကြောင်း ပြောဆိုထားသည်။

 

အဆိုပါကန့်သတ်ချက်များသည် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလနှင့် အကြမ်းဖက်မှုဖြစ်ပေါ်နေသော နေရာဒေသများတွင် အသက်ကယ်သတင်းအချက်အလက်များ လက်လှမ်းမှီရရှိနိုင်မှု ကျဆင်းစေကြောင်း၊  သတင်းအချက်အလက်ရရှိနိုင်မှုလျော့ကျခြင်းသည် မြန်မာပြည်သူလူထု၏ စီးပွားရေးနှင့် အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများကိုပါ ထိခိုက်စေနိုင်ကြောင်း ယူကေသံရုံးက ထုတ်ပြန်ထားသည်။

 

#PeopleMedia #UK

 

(unicode)


…………………………………………………………….

 


 


 


 


 

#PeopleMedia #UK


Share this post