• Follow Us on

Home ပြည်မြို့ PDF အဖွဲ့က အများပြည်သူသုံး လျှပ်စစ်ဓါတ်အားပေးရေးတိုင်ကို မိုင်းဆွဲဖျက်ဆီးမှု ပြုလုပ်ခဲ့

ပြည်မြို့ PDF အဖွဲ့က အများပြည်သူသုံး လျှပ်စစ်ဓါတ်အားပေးရေးတိုင်ကို မိုင်းဆွဲဖျက်ဆီးမှု ပြုလုပ်ခဲ့

Share this post

ပဲခူး၊ ဒီဇင်ဘာ ၂၂ (People Media)

 

ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် တီတွတ်ဘူတာရုံနှင့် ပျဉ်းမအိုင်ကျေးရွာအနီးရှိ အများ ပြည်သူသုံးလျှပ်စစ်ဓါတ်အားပေးရေးတိုင်ကို မိုင်းဆွဲဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

 

“အများနဲ့ သက်ဆိုင်တဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဆိုးရွားပါတယ်။ ဒီလိုင်းက ဒီအနီးနားမှာရှိတဲ့ ရွာတွေ အသုံးပြုနေတဲ့ လိုင်းပါလို့” ဒေသခံအချို့က ပြောဆိုသည်။

 

ထိုကဲ့သို့ ဓါတ်တိုင် မိုင်းဆွဲဖျက်ဆီးခဲ့မှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ပြည် PDF အဖွဲ့က ထုတ်ပြန်ထား သည်။

 

ဓါတ်တိုင်ဖျက်ဆီးခဲ့ခြင်းသည် အဆိုပါ ဓါတ်တိုင်သည် ကပစ(၁၉)သို့ သွယ်တန်းထားကြောင်း ပြည် PDF အဖွဲ့ ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ပဲခူးမြို့ရှိ PDF အဖွဲ့ဝင် ကျား(၁၈)ဦးနှင့် မ(၁)ဦး စုစုပေါင်း ၁၉ ဦးသည် လက် နက်များ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။

 

Photo – ဖျက်ဆီးခံခဲ့ရသည့် လျှပ်စစ်ဓါတ်တိုင်

 

#PeopleMedia #ပြည်မြို့ #ပြည်PDF

 

(unicode)


…………………………………………………….

 


 


 


 


 


 


 


 



Share this post