• Follow Us on

Home ျမစ္ႀကီးနားက ပိုးေတြ႕လူနာႏွင့္ ထိေတြ႕ခဲ့သူမ်ားအနက္ သုံးဦးကို ဆက္သြယ္၍ မရေသး

ျမစ္ႀကီးနားက ပိုးေတြ႕လူနာႏွင့္ ထိေတြ႕ခဲ့သူမ်ားအနက္ သုံးဦးကို ဆက္သြယ္၍ မရေသး

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၁

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ကပိုးေတြ႕လူနာအမွတ္ ၁၆၂၇ႏွင့္ ထိေတြ႕ခဲ့သူမ်ား အနက္ သုံးဦးကို စုံစမ္းေနဆဲ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ကိုဗစ္ ၁၉ အေရးေပၚ တုံံံ့ေရးေကာ္မတီမွ သိရသည္။

ယင္းလူနာအမွတ္ ၁၆၂၇ႏွင့္ ထိေတြ႕သူ (၃၃)ဦး ရွိသည့္ အနက္ (၃၀)ဦးတို႔ကို ကြာရန္တင္းထားရွိၿပီ ျဖစ္ၿပီး မႏၲေလး-ျမစ္ႀကီးနား ရထားအတူစီးခဲ့သူ (၂၀)ဦး အနက္ (၃)ဦးကို လက္ရွိအခ်ိန္အထိ ဆက္သြယ္ စုံစမ္းေနဆဲ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ကိုဗစ္ ၁၉ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီဥကၠ႒ ဦးတင့္ႏိုင္က ဆိုသည္။

“သူတို႔ရထားနဲ႔ အတူ စီးလာတာက လူႏွစ္ဆယ္ လူႏွစ္ဆယ္မွာ သုံးေယာက္ပဲ အဆက္အသြယ္မရတာ က်န္တဲ့ လူေတြက အကုန္ရၿပီ ကြာရန္တင္းထဲ ဝင္ေနၾကၿပီ၊ သူတို႔ကကခ်င္ျပည္နယ္ထဲမွာ ပဲေပါ႔။ သူတို႔ရဲ႕ ဖုန္းနံပတ္ေတြ မရွိလို႔ မရတာေပါ႔”ဟု ဦးတင့္္ႏိုင္က ေျပာသည္။

လက္ရွိတြင္ လူနာအမွတ္ ၁၆၂၇ႏွင့္ထိေတြ႕ခဲ့သူ မိသားစုဝင္ႏွင့္ ၎၏ ေနအိမ္ၿခံဝင္းတြင္ အိမ္ငွားေနသူ စုစုေပါင္း (၉)ဦး၊ ရထားအတူစီးခဲ့သူ (၂၀)ဦးမွ (၁၇)ဦး၊ ဆက္စပ္ထိေတြ႕သူ (၄)ဦး စုစုေပါင္း(၃၀)ဦးတို႔ကို ကြာရန္တင္း ေစာင့္ၾကည့္ထားၿပီျဖစ္ေၾကာင္း ဦးတင့္ႏိုင္က ထည့္သြင္း ေျပာဆိုခဲ့သည္။

ဆက္ရွိ ျမစ္ႀကီးနားျပည္သူ့ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနသည့္ လူနာအမွတ္ ၁၆၂၇ သည္ အမ်ိဳး သမီးျဖစ္ၿပီး စက္တင္ဘာလ (၆)ရက္ေန႔က ျမစ္ႀကီးနားျပည္သူ့ေဆး႐ုံႀကီးတြင္ သံသယလူနာအျဖစ္ ေစာင့္ၾကည့္ကုသရာမွ ကိုဗစ္ ၁၉ ပိုးေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက (စက္တင္ဘာလ ၈) ရက္ေန႔တြင္ထုတ္ျပန္ခဲ့သည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္၌ ပိုးေတြ႕ လူနာသုံးဦးရွိသည့္အနက္ က်န္ႏွစ္ဦးမွာ ဖားကန္႔ျပည္သူ့ေဆး႐ုံ ႀကီးတြင္ ေဆးကုသမႈခံယူေနသည့္လူနာအမွတ္ ၁၇၁၂ႏွင့္ ရမည္းသင္းၿမိဳ႕ ျပည္သူ့ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနသည့္ ဗန္းေမာ္ၿမိဳ႕ေနသူလူနာအမွတ္ ၁၉၇၆တို႔ ျဖစ္သည္။

လြမ္းေအာင္(EPN)

#PeopleMedia #EPN #COVID #ျမစ္ႀကီးနား

(unicode)
မြစ်ကြီးနားက ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများအနက် သုံးဦးကို ဆက်သွယ်၍ မရသေး
……………………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကပိုးတွေ့လူနာအမှတ် ၁၆၂၇နှင့် ထိတွေ့ခဲ့သူများ အနက် သုံးဦးကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ကချင်ပြည်နယ် ကိုဗစ် ၁၉ အရေးပေါ် တုံ့ရေးကော်မတီမှ သိရသည်။

ယင်းလူနာအမှတ် ၁၆၂၇နှင့် ထိတွေ့သူ (၃၃)ဦး ရှိသည့် အနက် (၃၀)ဦးတို့ကို ကွာရန်တင်းထားရှိပြီ ဖြစ်ပြီး မန္တလေး-မြစ်ကြီးနား ရထားအတူစီးခဲ့သူ (၂၀)ဦး အနက် (၃)ဦးကို လက်ရှိအချိန်အထိ ဆက်သွယ် စုံစမ်းနေဆဲ ဖြစ်ကြောင်း ကချင်ပြည်နယ် ကိုဗစ် ၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်နိုင်က ဆိုသည်။

“သူတို့ရထားနဲ့ အတူ စီးလာတာက လူနှစ်ဆယ် လူနှစ်ဆယ်မှာ သုံးယောက်ပဲ အဆက်အသွယ်မရတာ ကျန်တဲ့ လူတွေက အကုန်ရပြီ ကွာရန်တင်းထဲ ဝင်နေကြပြီ၊ သူတို့ကကချင်ပြည်နယ်ထဲမှာ ပဲပေါ့။ သူတို့ရဲ့ ဖုန်းနံပတ်တွေ မရှိလို့ မရတာပေါ့”ဟု ဦးတင့်နိုင်က ပြောသည်။

လက်ရှိတွင် လူနာအမှတ် ၁၆၂၇နှင့်ထိတွေ့ခဲ့သူ မိသားစုဝင်နှင့် ၎င်း၏ နေအိမ်ခြံဝင်းတွင် အိမ်ငှားနေသူ စုစုပေါင်း (၉)ဦး၊ ရထားအတူစီးခဲ့သူ (၂၀)ဦးမှ (၁၇)ဦး၊ ဆက်စပ်ထိတွေ့သူ (၄)ဦး စုစုပေါင်း(၃၀)ဦးတို့ကို ကွာရန်တင်း စောင့်ကြည့်ထားပြီဖြစ်ကြောင်း ဦးတင့်နိုင်က ထည့်သွင်း ပြောဆိုခဲ့သည်။

ဆက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် လူနာအမှတ် ၁၆၂၇ သည် အမျိုး သမီးဖြစ်ပြီး စက်တင်ဘာလ (၆)ရက်နေ့က မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် သံသယလူနာအဖြစ် စောင့်ကြည့်ကုသရာမှ ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (စက်တင်ဘာလ ၈) ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ ပိုးတွေ့ လူနာသုံးဦးရှိသည့်အနက် ကျန်နှစ်ဦးမှာ ဖားကန့်ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှုခံယူနေသည့်လူနာအမှတ် ၁၇၁၂နှင့် ရမည်းသင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ဗန်းမော်မြို့နေသူလူနာအမှတ် ၁၉၇၆တို့ ဖြစ်သည်။

လွမ်းအောင်(EPN)

#PeopleMedia #EPN #COVID #မြစ်ကြီးနား


Share this post