• Follow Us on

Home မြန်မာစစ်အစိုးရ NLD ပါတီကို ဖျက်သိမ်းမည်မဟုတ်

မြန်မာစစ်အစိုးရ NLD ပါတီကို ဖျက်သိမ်းမည်မဟုတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (People Media)

 

မြန်မာစစ်အစိုးရအနေဖြင့် ဖြုတ်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီခေါ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကို ဖျက်သိမ်းရန်အစီအစဉ်မရှိကြောင်း စစ်အစိုးရပြောခွင့်ရပုဂ္ဂိုလ်က Nikkei Asia သတင်းဌာနကကို ပြောသည်။

 

“ကျွန်တော်တို့အနေနဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင်အထိ NLD ပါတီကို ဖျက် သိမ်းဖို့ အစီအစဉ်မရှိပါဘူး။ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲကော်မရှင်ပေါ်မှာပဲ မူတည်ပါတယ်။ လာမယ့်အထွေ ထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် မယှဉ်ပြိုင်ဘူးဆိုတာကတော့ NLD ပါတီကပဲ ဆုံးဖြတ် ရမှာဖြစ်ပါ တယ်။” ဟု မကြာသေးမီကပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

 

သွေးထိုးလှုံ့ဆော်မှု၊ ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းများချိုးဖောက်မှုအပါအဝင် စွဲချက်ပေါင်းများစွာဖြင့် ဒေါ်အောင် ဆန်းစုကြည်ကို ပြစ်ဒဏ်များချမှတ်ထားသည်။ ပိုမိုအရေးပါအရာရောက်သူများကို ပါတီမှ ရှင်းလင်းဖယ်ရှားပစ် လိုက်ပြီးဖြစ်၍ လာမည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် NLD ပါတီဝင် တရားဝင်ရပ်တည် ခွင့်ရရှိရန် အပြင်ပန်းအားဖြင့် ဆက်လက်အထောက်အကူပေးထားခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းခဲ့သော စစ်အစိုးရက ပြန်လည်ဖွဲ့စည်းပေးခဲ့သော ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၁ ခုနှစ် မေလအတွင်းက နိုင်ငံရေးပါတီများကိုဖိတ်ခေါ်၍ ညီလာ ခံကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြင့်စွပ်စွဲခံထားရသည့် NLD ပါတီကို ဖျက်သိမ်းပစ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောဆိုခဲ့သည်။ ပါတီများအားလုံး ဘဏ္ဍာရေး ကိစ္စများနှင့်ပတ်သက်၍ စာရင်းစစ်ပြီးသော်လည်း NLD ပါတီကို စာရင်းစစ်ဆေးခြင်းမပြုလုပ်ရသေးကြောင်း ရွေးကောက်ပွဲကော်မရှင်အရာရှိတစ်ဦးက ပြောသည်။

 

“အနာဂတ်တစ်ချိန်ချိန်မှာလုပ်မယ့်အစီအစဉ်က NLD ပါတီကို ဖျက်သိမ်းပစ်ဖို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ရှေ့ဆက် အဲဒီလိုလုပ်မှာကိုရပ်ဆိုင်းလိုက်ဖို့ အစိုးရက ဆုံးဖြတ်ချက်ချလိုက်ပုံရတယ်။ NLD ထိပ်တန်းခေါင်းဆောင် အများ အပြားကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် သိပ်ပြီးထူးခြားလာမှာ မဟုတ်ပါဘူး။” ဟု ရန်  ကုန်မြို့ရှိ သံတမန်တစ်ဦးက ပြောသည်။

 

လွန်ခဲ့သည့်နှစ်အကုန်အထိ NLD ပါတီဝင် ၆၄၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းနှင့် ၁၄၆ ဦးကို ပြန်လွှတ် ပေးခဲ့ကြောင်း NLD ပါတီက ပြောသည်။ ၁၄ ဦးမှာသေဆုံးသွားပြီဖြစ်ပြီး ၄၈၉ ဦးကို ဆက်လက်ထိန်းသိမ်းထား ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၆ နှစ် ချမှတ်ထားပြီး   ပြစ်မှုပေါင်း ၁၀ မှုကျော် ကို တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

 

NLD လွှတ်တော်အမတ်များကို အစွန်းမရောက်သူများနှင့် သဘောထားတင်မာသူများအဖြစ် တပ်မတော်က ရှု မြင်ထားကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။ တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ် မှတ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဲ့သို့ ပြည်ပြေး အုပ်စုများနှင့် ဆက်သွယ်နေသည့် NLD အမတ်များ၏ အချိုးမှာ လေးပုံတစ်ပုံသာရှိပြီး ကျန်လွှတ်တော်အမတ်များမှာ ၎င်းတို့၏ ကိုယ်ပိုင်မူဝါဒများနှင့် ငြိမ်းချမ်းစွာဆောင်ရွက်လုပ်ကိုင်သွားကြမည့်မူဝါဒကို ဆုပ်ကိုင်ထားကြသူများဖြစ်ကြောင်း ၎င်းကပြောသည်။

 

အလတ်အလတ်သဘောထားရှိသော NLD လွှတ်တော်အမတ်များကို အာဆီယံကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ခွင့်ပေးရန် စစ်အစိုးရက စီစဉ်လျက်ရှိသည်။ လွန် ခဲ့သည့်ဧပြီလအတွင်း အာဆီယံအဖွဲ့အစည်းအဝေးတွင် ချ  မှတ်ခဲ့သော အချက်ငါးချက်ပါဘုံသဘောတူညီချက်အရ ကတိကဝတ်ပြုထားသည်များကို ဖြည့်ဆည်းဆောင်  ရွက်နေကြောင်း စစ်အစိုးရဘက်ကပြောဆိုရန်အတွက် NLD ပါတီနှင့် ဆွေးနွေးမှုများဆက်လက်ပြုလုပ်သွား ခြင်းက စစ်အစိုးရကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။

 

NLD ပါတီကိုဖျက်သိမ်းပစ်မည်ကို စိုးရိမ်မိကြောင်းနှင့် ယင်းသို့ဖျက်သိမ်းပစ်ပါက မနည်ငြိမ်မှုကို အစပျိုးလိုက်သ လိုဖြစ်သွားမည်ဖြစ်သည်ဟု တရုတ်အစိုးရက လွန်ခဲ့သည့်သြဂုတ်လအတွင်းကပြောကြားခဲ့ကြောင်း ဒေသတွင်း မီဒီယာများကရေးသားခဲ့သည်။ တရုတ်နိုင်ငံကပေးသည့် အကြံဉာဏ်ကို လက်ခံသည့်အနေဖြင့် အခြားနိုင်ငံအ များအပြားကလည်း ယင်းသို့အကြံပေးကြကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

 

လူသိထင်ရှားကျော်ကြားသော ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခွင့်မရ အောင် ထိန်းသိမ်းထားနိုင်သမျှကာလပတ်လုံး မြန်မာစစ်အစိုးရအနေဖြင့် NLD ပါတီကို လာမည့်အထွေထွေ ရွေးကောက်ပွဲတွင် အဓိကခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်ခြင်းမရှိပါ။ စစ်အစိုးရသည် ပါတီအသီးသီးကအနိုင် ရရှိသော မဲများပေါ်မူတည်၍ လွှတ်တော်နေရာအသီးသီးကို ခွဲဝေထားသည့် အချိုးကျကိုယ်စားပြု စနစ်ကိုကျင့်  သုံးရန် စီစဉ်လျက်ရှိသည်။

 

တပ်မတော်နှင့် ပေါင်းစည်းထားပြီး အမာခံမဲဆန္ဒရှင်များရှိသည့် ပါတီများသည် လွှတ်တော်တွင်းနေရာရရှိနိုင်ရန် ဝင်ရောက်အရွေးခံမည်ဖြစ်သည်။ တစ်ပြိုင်တည်းမှာပင် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်မပါဘဲ အထွေ ထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့်တိုင် NLD ထောက်ခံသူ အများအပြားက စစ်တပ် အာဏာသိမ်း မှု တရားဝင်ဖြစ်သွားမည်ကိုစဉ်းစားတွက်ချက်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြပါလိမ့်မည်။

 

Ref: Myanmar military won’t dissolve Suu Kyi’s NLD party: official

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar military won’t dissolve Suu Kyi’s NLD party: official

 

#PeopleMedia


Share this post