• Follow Us on

Home မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသည်လေကြောင်းခရီးစဉ်များဆင်းသက်ခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု ကန့်သတ်ခြင်းကို ဒီဇင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသည်လေကြောင်းခရီးစဉ်များဆင်းသက်ခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု ကန့်သတ်ခြင်းကို ဒီဇင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်

Share this post

နေပြည်တော်၊ ဒီဇင်ဘာလ ၁ (People Media)

 

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသည် လေကြောင်းခရီးစဉ်များဆင်းသက်ခြင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်ကြမည့် ခရီးသွားများ ဝင်ခွင့်ကန့်သတ်ခြင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာများမှ ထုတ်ပြန်လိုက်သည်။

 

ယခုအခါ ရောဂါပိုးကူးစက်ပျံနှံ့မှုကို ဆက်လက်ထိန်းချုပ်ရန်လိုသဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာ လေကြောင်း ခရီးသည်များမှတစ်ဆင့် ကိုဗစ်ရောဂါ ကူးစက်မှုတားဆီးကားကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ဗဟိုကော်မတီ၏ ခွင်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်လိုက် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်ရန် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာအစီအမံများအားလုံးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံ တိုးမြှင့်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

သို့သော် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသောကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံ သားများ (သံတမန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ဝန်ထမ်းများ)အနေဖြင့် ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကန့်သတ်မှု များမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

 

Photo – YIA

 

#PeopleMedia #ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ

 

(unicode)


………………………………………………………………

 


 


 


 


 


 

Photo – YIA

 



Share this post