• Follow Us on

Home မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် အကူအညီစီမံကိန်းများ ရပ်တန့်ရန် ဂျပန်အစိုးရစဉ်းစား

မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် အကူအညီစီမံကိန်းများ ရပ်တန့်ရန် ဂျပန်အစိုးရစဉ်းစား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

ယခုလအစောပိုင်းကဖြစ်ပွားခဲ့သည့် စစ်ဘက်အာဏာသိမ်းမှုကို လက်တုံ့ပြန်သောအားဖြင့် မြန်မာနိုင်ငံသို့ ပေး အပ်နေသည့် ဖွံ့ဖြိုးရေးအကူအညီစီမံကိန်းများရပ်တန့်ရန် ဂျပန်နိုင်ငံက စဉ်းစားနေကြောင်း အစိုးရသတင်း ရပ်ကွက်များက ပြောသည်။

 

မြန်မာနိုင်ငံအတွက် အဓိကအလှူရှင်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံက အာဏာသိမ်းမှုနှင့် ငြိမ်းချမ်းသော ဆန္ဒပြမှုများ အပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားသုံးဖြိုခွင်းမှုကို ကန့်ကွက်ရှုတ်ချသည့် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများတွင် ပါဝင်လာခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှတစ်ဆင့် ပေးအပ်နေသည့် အရေးပေါ်အကူအညီများ ဆက်လက်ပံ့ပိုးမည်ဟု သိရသည်။

 

မြန်မာ့တပ်မတော်နှင့် ကာလရှည်ကြာဆက်ဆံရေးတည်ဆောက်ထားသည့် ဂျပန်နိုင်ငံက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ လုပ်ဆောင်ခဲ့သလို မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများအပေါ် ဒဏ်ခတ်အရေးယူမှုများ ရှောင်ရှားခဲ့သည်။

 

ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများနှင့်မတူသည်မှာ ဂျပန်နိုင်ငံက တပ်မတော်သာမက အရပ်သားခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ ဆက်ဆံရေးထိန်းသိမ်းထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းခံထားရသူများ လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအစိုးရထံ အမြန်ဆုံး အာဏာပြန်လွှဲပေးရန် ဂျပန်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းတို့က ပြောသည်။

 

ကိုးကား – ကျိုဒိုနယူးစ်

 

Ref; Japan mulls halting new assistance projects to Myanmar after coup

 

#PeopleMedia

 

(unicode)

……………………………………………………..









Ref; Japan mulls halting new assistance projects to Myanmar after coup

#PeopleMedia


Share this post