• Follow Us on

Home မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ရုရှားနိုင်ငံတို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင်မှုများပြုလုပ်

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် ရုရှားနိုင်ငံတို့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင်မှုများပြုလုပ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂ (People Media)

 

ဒေသတွင်းနိုင်ငံများ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးစာမျက်နှာသစ်ဖွင့်လှစ်သည့်အနေဖြင့် ရုရှားနိုင် ငံသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့နှင့် အတူ  ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အင်ဒိုနီးရှားရေပိုင်နက်တွင် ပြုလုပ်ခဲ့ကြောင်း ရုရှားအစိုးရက ဒီဇင်ဘာလ ၁ ရက်နေ့ကပြောကြားလိုက်သည်။

 

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရုရှားနှင့် အာဆီယံနိုင်ငံအချို့ပါဝင်သည့် သုံးရက်ကြာရေတပ်စစ်ရေး လေ့ကျင့်မှုကို ဆူမတ္တရားကမ်းရိုးတန်း အရှေ့မြောက်ဘက်ရှိ မာလက္ကာရေလက်ကြားတစ်လျှောက် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ ရုရှားနိုင်ငံက စစ်ရေးလေ့ကျင့်မှုအတွက် Admiral Panteleev ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ် သင်္ဘောကို စေလွှတ်ခဲ့သည်။ ယခုကဲ့သို့ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပထမဦး ဆုံးအကြိမ်ဖြစ်သည်။

 

စစ်ရေးလေ့ကျင့်မှုများမှာ ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများကြား ခင်မင်ရင်းနှီးမှုကိုသာမက အပြန်အလှန်ဆက် ဆံရေးနှင့် အပြန်အလှန်နားလည်မှုကို တိုးမြှင့်စေမည်ဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ် ပထမရေယာဉ်အုပ်စု၏ အကြီးအကဲရေတပ်ဗိုလ်လချုပ်ကြီးအဗ္ဗဒူရက်စ်ယစ်ကပြောဆိုကြောင်း ရုရှား TASS သတင်းဌာနကပြောသည်။

 

“ဒီရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေးတို့အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကဏ္ဍမှာ စာမျက်နှာ သစ်ဖွင့်လှစ်လိုက်တာလည်းဖြစ်ပါတယ်။”ဟု အာဆီယံဆိုင်ရာ ရုရှားသံအမတ်ကြီးအလက်ဇန္ဒားအိုင်ဗန်နော့က ပြောသည်။

 

အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ တောင်တရုတ်ပင်လယ်အတွင်းနယ်မြေပိုင်ဆိုင်မှုအငြင်းပွားရင်း တင်းမာ မှုများမြင့်တက်နေစဉ်အတွင်း ရုရှား-အာဆီယံ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။

 

ရုရှားနိုင်ငံက ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်လိုက်ပြီးနောက် ရုရှားနှင့် အနောက်နိုင်ငံများဆက်ဆံရေး ယိုယွင်းပျက်ပြားလာသဖြင့် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုရင်းနှီးစွာဆက်ဆံလာခဲ့သည်။

 

စစ်ရေးလေ့ကျင့်မှုများတွင် အင်ဒိုနီးရှားနိုင်ငံအပြင် ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာနှင့် ဘရူနိုင်း နိုင်ငံတို့လည်းပါဝင်ကြောင်းသိရသည်။

 

ဖိလစ်ပိုင်နိုင်ငံက အွန်လိုင်းမှ စောင့်ကြည့်လေ့လာသူအဖြစ် လေ့လာနေစဉ် အာဆီယံနိုင်ငံများက စစ်သင်္ဘော များ သို့မဟုတ် လေယာဉ်များပါဝင်ဆင်နွှဲခဲ့ကြောင်း AFP သတင်းဌာနက ရေးသားခဲ့သည်။

 

အာဆီယံနိုင်ငံများသည် ယခင်ကလည်း အမေရိကန်ရေတပ်၊ တရုတ်ရေတပ်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း AFP သတင်းဌာနက ရေးသားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ သည် သြဂုတ်လအတွင်းက Garuda Shield စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။

 

Ref: Russia, Southeast Asian States Kick Off First Naval Drills Off Indonesia

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Russia, Southeast Asian States Kick Off First Naval Drills Off Indonesia

 

#PeopleMedia


Share this post