• Follow Us on

Home မြန်မာ့တပ်မတော်ရေတပ်အတွက် ရဟတ်ယာဉ်တင် စစ်ရေယာဉ် တောင်ကိုရီးယား တည်ဆောက်

မြန်မာ့တပ်မတော်ရေတပ်အတွက် ရဟတ်ယာဉ်တင် စစ်ရေယာဉ် တောင်ကိုရီးယား တည်ဆောက်

Share this post

တောင်ကိုရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ ဘူဆန်က Daesun Shipbuilding & Engineering ကုမ္ပဏီရဲ့ သင်္ဘောကျင်းမှာ မြန်မာ့တပ်မတော် ရေတပ်အတွက် Makassar-class LPD ရဟတ်ယာဉ်တင် စစ်ရေယာဉ်တစ်စီးကို တည်ဆောက်ပြီးစီးခဲ့ပြီလို့ တောင်ကိုရီးယားစစ်တပ် Facebook Page တစ်ခုမှာ ပုံနဲ့ တကွ ရေးသားဖော်ပြခဲ့ပါတယ်။

ရေယာဉ်နံပါတ် 1501 ပါ LPD ရဟတ်ယာဉ်တင် စစ်ရေယာဉ် တည်ဆောက်ပြီးစီးတဲ့ အခမ်းအနားကို လွန်ခဲ့တဲ့ တစ်လလောက်က ပြုလုပ်ခဲ့ပြီး မကြာခင်မှာ မြန်မာ့တပ်မတော်ရေတပ်ကို လွှဲပြောင်းပေးဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော်ဟာ မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ရှိမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေရှိနေတာကြောင့် နှစ်နိုင်ငံသတင်းမီဒီယာတွေဟာ အခုသဘောတူညီချက် ကိုမဖော်ပြတာဖြစ်နိုင်တယ်လို့လည်းဖော်ပြထားပါတယ်။

Ref; Republic of Korea Armed Forces


Share this post