• Follow Us on

Home မြန်မာ့မီဒီယာလောက နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများကို သင်ယူလေ့ လာနိုင်ခွင့်ရရှိစေရန် ကြိုးပမ်းဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

မြန်မာ့မီဒီယာလောက နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများကို သင်ယူလေ့ လာနိုင်ခွင့်ရရှိစေရန် ကြိုးပမ်းဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၅ (People Media)

 

မြန်မာ့မီဒီယာလောက နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများကို သင်ယူလေ့ လာနိုင်ခွင့်ရရှိစေရန်အတွက် ဆက်လက်ကြိုးပမ်းဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့် ရည်ရွယ်ချက်သည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာ သမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာ အကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို ပြည်သူများရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက် ပေးရန် တာဝန်ရှိသည်ဟု အသိပေးပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြော သည်။

 

မိမိကိုယ်တိုင်လည်း မီဒီယာ၏အခန်းကဏ္ဍကို အထူး စိတ်ဝင်စားသကဲ့သို့ မီဒီယာကဏ္ဍ တိုးတက်မြင့်မား ရေးနှင့် ပတ်သက်လျှင်လည်း တတ်နိုင်သည့်ကိစ္စရပ်များအားလုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ခြင်းများ ရှိ ပါကြောင်း၊ သတင်းမီဒီယာလောကကို သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေး အထောက်အကူပြုစေရန်၊ သတင်းနှင့် မီဒီယာအခန်းကဏ္ဍဆိုင်ရာ နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့မီဒီယာလောကသည် နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများကို သင်ယူလေ့လာနိုင်ခွင့်ရရှိစေရန်အတွက် ဆက်လက်ကြိုးပမ်းဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အပါအဝင် နိုင်ငံ၏ အခြေအနေအရပ်ရပ်၊ ကမ္ဘာ့အခြေအနေအရပ်ရပ်များကို သိရှိနားလည်ထားမည်ဆိုပါက မိမိလုပ်ငန်းအတွက် များစွာ အထောက်အကူရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖတ်ရှုလေ့လာမှတ်သားခြင်းများ အမြဲပြုလုပ်နေ ရန်လိုပါကြောင်း၊ ထိုသို့လုပ်ဆောင်မှသာလျင် ပြည်သူကို မျှဝေနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ တွင်လည်း လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ၊ နိုင်ငံရေးဝါဒမှိုင်းမမိဘဲ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရပ်တည် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က ယုံကြည်လေးစားအားကိုးရသည့် သတင်းမီဒီယာသမားများအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

 

သို့သော် မျက်မှောက်ကာလ၌ တွေ့ရှိနေရသည်မှာ ပဋိပက္ခများ၊ သဘောထား ကွဲပြားမှုများကို ပြေလျော့ သွားအောင် လုပ်ရမည့်အစား မီးလောင်ရာလေပင့်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေကြ ပါကြောင်း၊ ယင်းအခြေအနေမျိုးကို ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများ အပြား တွေ့မြင်နေကြရပါကြောင်း၊ သတင်းစာဆရာကြီး ဦးထွန်းဖေက စစ်မှန်သည့် သတင်းမီဒီယာသမား၊ တာဝန်သိသည့် သတင်းမီဒီယာသမားများကို တိုင်းပြည်၏ ကြီးလေးသောတာဝန်ကို ထမ်းဆောင်နေကြသည့် “ပြည်ကြီးပုခုံး” “ပြည်ကြီးမျက်လုံး” များ ဖြစ်သည်ဟု ပြောကြားခဲ့ ပါကြောင်း၊ ယနေ့အချိန်တွင် ယင်းကဲ့သို့ စစ်မှန်မှုမရှိဘဲ ဘက်လိုက်ရေးသားသည့် သတင်းမီဒီယာသမားများ၊ ကျင့်ဝတ်သိက္ခာမဲ့သည့် သတင်းမီဒီယာ သမားများ၊ နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းတစ်ပါး၏ ကြိုးဆွဲရာ ရေးသားဖော်ပြနေသည့် မီဒီယာသမားများ များစွာရှိနေသည့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် လိုအပ်သလို ထိန်းကျောင်း ပြုပြင်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #မီဒီယာ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 



Share this post