• Follow Us on

Home ျမန္မာႏိုင္ငံကို ေမာ္ဒိုက္မွ ICJ တြင္ တရားစြဲရန္ ျပင္ဆင္မႈ မ႐ိုးသားဟု NLD ဆို

ျမန္မာႏိုင္ငံကို ေမာ္ဒိုက္မွ ICJ တြင္ တရားစြဲရန္ ျပင္ဆင္မႈ မ႐ိုးသားဟု NLD ဆို

Share this post

ရန္ကုန္၊ ေဖေဖၚဝါရီ – ၂၈

ေမာ္ဒိုက္ႏိုင္ငံမွ ျမန္မာႏိုင္ငံအေပၚ ICJ အထူးတရား႐ုံးတြင္ တရားစြဲရန္ျပင္ဆင္လာမူသည္ ႏိုင္ငံေရးအရ မ႐ိုးသားမူမ်ားရွိေနၿပီျဖစ္ေၾကာင္း NLD ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန္႔ကယူဆသည္။

ျမန္မာအစိုးရသည္ လူမ်ိဳးတုန္းသတ္ျဖတ္မူမ်ား က်ဴးလြန္ခဲ့သည္ဟု စြပ္စြဲကာ ေမာ္ဒိုက္ႏိုင္ငံအေနျဖင့္ ICJ အထူးတရား႐ုံး၌ တရားစြဲရန္ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း ယခုလ ၂၇ ရက္ တြင္ျပဳလုပ္သည့္ ကုလသမဂၢအစည္း အေဝး၌ ေမာ္ဒိုက္ႏိုင္ငံ၏ ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာၾကားခဲ့သည့္အေပၚ လက္ခံႏိုင္စရာမရွိေၾကာင္း ေဒါက္ တာမ်ိဳးၫႊန္႔က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဥပေဒေၾကာင္းအရ ပထမစြဲၿပီးသားအမူကို ေနာက္တစ္ႏိုင္ငံက အခုလိုထပ္စြဲလို႔ရလားဆိုတာေတာ့ ကြၽန္ေတာ္ လည္း တိတိက်က် မသိပါဘူး၊ ဒါေပမယ့္ အခုလိုမ်ိဳး အားရွိတယ္ဆိုတိုင္း လုပ္ေနတာမ်ိဳးကေတာ့ လက္ခံႏိုင္ စရာမရွိပါဘူး၊ ဒါဟာ ႏိုင္ငံေရးအရ မ႐ိုးသားမူေတြရွိေနၿပီဆိုတာေတာ့ အေသအခ်ာပါပဲ” ဟု ေဒါက္တာမ်ိဳးၫႊန္႔ က ေျပာသည္။

ရက္စက္မႈေတြခံခဲ့ရတဲ့ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပသည္)မ်ားကို ေထာက္ခံသည့္အေနျဖင့္ ျမန္မာ ႏိုင္ငံကို ႏိုင္ငံတကာတရား႐ုံး (ICJ) တြင္ ၾကားျဖတ္ေၾကညာမႈတင္သြင္းသြားမည္ဆိုသည့္ ေမာ္ဒိုက္အစိုးရ၏ ဆုံးျဖတ္ခ်က္ကို ေမာ္ဒိုက္ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူလာရွာဟစ္က ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ၊ ၄၃ ႀကိမ္ေျမာက္ အစည္းအေဝးမွာ မိန္႔ခြန္းေျပာစဥ္ ထည့္သြင္းေၾကညာလိုက္ ထားသည္။

“စြဲလို႔ရတယ္ဆိုတိုင္းစြဲေနတာက လက္ခံႏိုင္စရာမရွိသလို ဒီကိစၥအတြက္ တကယ္ပဲ စိတ္ပူတာမ်ိဳးမဟုတ္ဘဲ သက္သက္ အင္အားရွိတိုင္း လုပ္ေဆာင္ေနတဲ့ ပုံစံမ်ိဳးျဖစ္ေနပါတယ္ “ဟု ေဒါက္တာမ်ိဳးၫႊန္႔ကေျပာသည္

အဆိုပါတရားစြဲမူအား ေမာ္ဒိုက္ႏိုင္ငံအေနျဖင့္ လူသားခ်င္းစာနာေသာအဖြဲ႕မွ နာမည္ေက်ာ္ ေရွ႕ေန အာမယ္ ကလိုနီမွ ေလွ်ာက္လဲခ်က္မ်ား ေပးသြားမည္ျဖစ္ေၾကာင္းကိုလည္းထုတ္ေဖာ္ေျပာဆိုထားသည္။

ေဝယံေမာင္

#peoplemedia

(unicode)
မြန်မာနိုင်ငံကို မော်ဒိုက်မှ ICJ တွင် တရားစွဲရန် ပြင်ဆင်မှု မရိုးသားဟု NLD ဆို
………………………………………………………………

ရန်ကုန်၊ ဖေဖေါ်ဝါရီ – ၂၈

မော်ဒိုက်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ICJ အထူးတရားရုံးတွင် တရားစွဲရန်ပြင်ဆင်လာမူသည် နိုင်ငံရေးအရ မရိုးသားမူများရှိနေပြီဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကယူဆသည်။

မြန်မာအစိုးရသည် လူမျိုးတုန်းသတ်ဖြတ်မူများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ မော်ဒိုက်နိုင်ငံအနေဖြင့် ICJ အထူးတရားရုံး၌ တရားစွဲရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ယခုလ ၂၇ ရက် တွင်ပြုလုပ်သည့် ကုလသမဂ္ဂအစည်း အဝေး၌ မော်ဒိုက်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည့်အပေါ် လက်ခံနိုင်စရာမရှိကြောင်း ဒေါက် တာမျိုးညွှန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥပဒေကြောင်းအရ ပထမစွဲပြီးသားအမူကို နောက်တစ်နိုင်ငံက အခုလိုထပ်စွဲလို့ရလားဆိုတာတော့ ကျွန်တော် လည်း တိတိကျကျ မသိပါဘူး၊ ဒါပေမယ့် အခုလိုမျိုး အားရှိတယ်ဆိုတိုင်း လုပ်နေတာမျိုးကတော့ လက်ခံနိုင် စရာမရှိပါဘူး၊ ဒါဟာ နိုင်ငံရေးအရ မရိုးသားမူတွေရှိနေပြီဆိုတာတော့ အသေအချာပါပဲ” ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။

ရက်စက်မှုတွေခံခဲ့ရတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြသည်)များကို ထောက်ခံသည့်အနေဖြင့် မြန်မာ နိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ကြားဖြတ်ကြေညာမှုတင်သွင်းသွားမည်ဆိုသည့် မော်ဒိုက်အစိုးရ၏ ဆုံးဖြတ်ချက်ကို မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရှာဟစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းကြေညာလိုက် ထားသည်။

“စွဲလို့ရတယ်ဆိုတိုင်းစွဲနေတာက လက်ခံနိုင်စရာမရှိသလို ဒီကိစ္စအတွက် တကယ်ပဲ စိတ်ပူတာမျိုးမဟုတ်ဘဲ သက်သက် အင်အားရှိတိုင်း လုပ်ဆောင်နေတဲ့ ပုံစံမျိုးဖြစ်နေပါတယ် “ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်

အဆိုပါတရားစွဲမူအား မော်ဒိုက်နိုင်ငံအနေဖြင့် လူသားချင်းစာနာသောအဖွဲ့မှ နာမည်ကျော် ရှေ့နေ အာမယ် ကလိုနီမှ လျှောက်လဲချက်များ ပေးသွားမည်ဖြစ်ကြောင်းကိုလည်းထုတ်ဖော်ပြောဆိုထားသည်။

ဝေယံမောင်

#peoplemedia


Share this post