• Follow Us on

Home ျမန္မာႏိုင္ငံက ဘဂၤါလီမ်ားအေပၚက်ဴးလြန္သည့္ ႏိုင္ငံတကာျပစ္မႈမ်ား အေၾကာင္း Facebook တြင္ အေထာက္အထားမ်ားရွိေသာ္လည္း ထုတ္မေပးဟု ကုလသမဂၢစုံစမ္းစစ္ေဆးေရးမွဴးေျပာ

ျမန္မာႏိုင္ငံက ဘဂၤါလီမ်ားအေပၚက်ဴးလြန္သည့္ ႏိုင္ငံတကာျပစ္မႈမ်ား အေၾကာင္း Facebook တြင္ အေထာက္အထားမ်ားရွိေသာ္လည္း ထုတ္မေပးဟု ကုလသမဂၢစုံစမ္းစစ္ေဆးေရးမွဴးေျပာ

Share this post

နယူးေယာက္၊ ဩဂုတ္ ၁၂

ျမန္မာႏိုင္ငံသည္ ဒုကၡသည္ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို ဆန္႔က်င္ျခင္းအပါအ၀င္ ႏိုင္ငံတြင္း လူအခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို စုံစမ္းစစ္ေဆးသူမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ Facebook က ကတိျပဳ ေသာ္လည္း ေလးနက္ေသာႏိုင္ငံတကာရာဇ၀တ္မႈျဖစ္ႏိုင္ေျခမ်ားႏွင့္ သက္ဆိုင္သည့္ သက္ေသအေထာက္အ ထားမ်ားကို ထုတ္ေပးျခင္းမရွိဟု ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလြတ္လပ္ေသာစုံစမ္းစစ္ေဆးေရး ယႏၲရား(IIMM)အႀကီးအကဲက ေျပာသည္။

လူမႈကြန္ရက္ကုမၸဏီႀကီးတြင္ “ေလးနက္ေသာႏိုင္ငံတကာရာဇ၀တ္မႈ က်ဴးလြန္ရာေရာက္သည့္ျဖစ္ႏိုင္ ေျခမ်ားႏွင့္ မ်ားစြာသက္ဆိုင္သည့္ အခ်က္အလက္မ်ား” ရွိေနေသာ္လည္း တစ္ႏွစ္တာေဆြးေႏြးစဥ္ မည္သည့္အခ်က္မွ မွ်ေဝျခင္းမရွိခဲ့ဟု IIMM အႀကီးအကဲ နီကိုလပ္စ္ ကူဂ်ီယန္ကေျပာသည္။

သို႔ေသာ္ IIMM က မည္သည့္အရာမ်ား ေတာင္းဆိုခဲ့ေၾကာင္းအေသးစိတ္ကို နီကိုလပ္စ္က မေျပာေခ်။

Facebook ဘက္ကလည္း တစုံတရာမွတ္ခ်က္မျပဳေသးေခ်။

၂၀၁၇ ခုႏွစ္က တပ္မေတာ္၏နယ္ေျမရွင္းလင္းေရးစစ္ဆင္ေရးမ်ားတြင္ ဒုကၡသည္ဘဂၤါလီ ၇၃၀၀၀၀ ေက်ာ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ထြက္ေျပးခဲ့သျဖင့္ လူမ်ိဳးတုန္းသတ္ျဖတ္သည္ဟုဆိုသည့္စြဲခ်က္ကို ႏိုင္ငံတကာတရား႐ုံး ICJ တြင္ အမႈရင္ဆိုင္ေနရသည္။

ICJ တြင္ တရားစြဲသည့္ဂမ္ဘီယာႏိုင္ငံကလည္း ျမန္မာအစိုးရဆက္သြယ္ေရးအခ်က္အလက္မ်ားထုတ္ေပးရန္ ကိုလံဘီယာခ႐ိုင္တရား႐ုံးမွတစ္ဆင့္ေတာင္းဆိုခဲ့ေသာ္လည္း ဂမ္ဘီယာ၏ေတာင္းဆိုခ်က္သည္ အသုံးျပဳ သူမ်ား၏အခ်က္အလက္မ်ားကို ေဝမွ်ရာေရာက္သျဖင့္ အေမရိကန္ဥပေဒႏွင့္မညီဟုဆိုကာ ထုတ္ေပးရန္ Facebook က ျငင္းဆိုခဲ့သည္။

သို႔ေသာ္ IIMM ႏွင့္ပူးေပါင္းေဆာင္႐ြက္ေနသည္ဟု ၿပီးခဲ့သည့္တစ္ပတ္က ျငင္းဆိုရာတြင္ Facebook ကေျပာ သည္။ လူမ်ိဳးတုန္းသတ္ျဖတ္သည္ဆိုသည့္စြဲခ်က္ကို ျမန္မာႏိုင္ငံက ျငင္းဆိုထားသည္။

နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားကိုတိုက္ခိုက္သည့္ အၾကမ္းဖက္သမားမ်ားကို နယ္ေျမရွင္းလင္းေရးစစ္ဆင္ေရးျပဳ လုပ္ျခင္းဟု ျမန္မာႏိုင္ငံဘက္ကေျပာသည္။

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီသည္ ျမန္မာႏိုင္ငံကိုေနာင္တြင္တရားစြဲဆိုပါကအသုံးျပဳရန္ ႏိုင္ငံတကာရာ ဇ၀တ္မႈႏွင့္ သက္ဆိုင္သည့္ အေထာက္အထားမ်ား စုေဆာင္းေရးအတြက္ IIMM ကို ၂၀၁၈ ခုႏွစ္တြင္ တည္ေထာင္ခဲ့သည္။

Ref : U.N. investigator says Facebook has not shared ‘evidence’ of Myanmar crime

#PeopleMedia

(unicode)
မြန်မာနိုင်ငံက ဘင်္ဂါလီများအပေါ်ကျူးလွန်သည့် နိုင်ငံတကာပြစ်မှုများ အကြောင်း Facebook တွင် အထောက်အထားများရှိသော်လည်း ထုတ်မပေးဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးပြော
………………………………………………

နယူးယောက်၊ ဩဂုတ် ၁၂

မြန်မာနိုင်ငံသည် ဒုက္ခသည်ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဆန့်ကျင်ခြင်းအပါအဝင် နိုင်ငံတွင်း လူအခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် Facebook က ကတိပြု သော်လည်း လေးနက်သောနိုင်ငံတကာရာဇဝတ်မှုဖြစ်နိုင်ခြေများနှင့် သက်ဆိုင်သည့် သက်သေအထောက်အ ထားများကို ထုတ်ပေးခြင်းမရှိဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရား(IIMM)အကြီးအကဲက ပြောသည်။

လူမှုကွန်ရက်ကုမ္ပဏီကြီးတွင် “လေးနက်သောနိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ရာရောက်သည့်ဖြစ်နိုင် ခြေများနှင့် များစွာသက်ဆိုင်သည့် အချက်အလက်များ” ရှိနေသော်လည်း တစ်နှစ်တာဆွေးနွေးစဉ် မည်သည့်အချက်မှ မျှဝေခြင်းမရှိခဲ့ဟု IIMM အကြီးအကဲ နီကိုလပ်စ် ကူဂျီယန်ကပြောသည်။

သို့သော် IIMM က မည်သည့်အရာများ တောင်းဆိုခဲ့ကြောင်းအသေးစိတ်ကို နီကိုလပ်စ်က မပြောချေ။

Facebook ဘက်ကလည်း တစုံတရာမှတ်ချက်မပြုသေးချေ။

၂၀၁၇ ခုနှစ်က တပ်မတော်၏နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများတွင် ဒုက္ခသည်ဘင်္ဂါလီ ၇၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့သဖြင့် လူမျိုးတုန်းသတ်ဖြတ်သည်ဟုဆိုသည့်စွဲချက်ကို နိုင်ငံတကာတရားရုံး ICJ တွင် အမှုရင်ဆိုင်နေရသည်။

ICJ တွင် တရားစွဲသည့်ဂမ်ဘီယာနိုင်ငံကလည်း မြန်မာအစိုးရဆက်သွယ်ရေးအချက်အလက်များထုတ်ပေးရန် ကိုလံဘီယာခရိုင်တရားရုံးမှတစ်ဆင့်တောင်းဆိုခဲ့သော်လည်း ဂမ်ဘီယာ၏တောင်းဆိုချက်သည် အသုံးပြု သူများ၏အချက်အလက်များကို ဝေမျှရာရောက်သဖြင့် အမေရိကန်ဥပဒေနှင့်မညီဟုဆိုကာ ထုတ်ပေးရန် Facebook က ငြင်းဆိုခဲ့သည်။

သို့သော် IIMM နှင့်ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြီးခဲ့သည့်တစ်ပတ်က ငြင်းဆိုရာတွင် Facebook ကပြော သည်။ လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသည့်စွဲချက်ကို မြန်မာနိုင်ငံက ငြင်းဆိုထားသည်။

နယ်ခြားစောင့်တပ်ဖွဲ့များကိုတိုက်ခိုက်သည့် အကြမ်းဖက်သမားများကို နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးပြု လုပ်ခြင်းဟု မြန်မာနိုင်ငံဘက်ကပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံကိုနောင်တွင်တရားစွဲဆိုပါကအသုံးပြုရန် နိုင်ငံတကာရာ ဇဝတ်မှုနှင့် သက်ဆိုင်သည့် အထောက်အထားများ စုဆောင်းရေးအတွက် IIMM ကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

Ref : U.N. investigator says Facebook has not shared ‘evidence’ of Myanmar crime

#PeopleMedia


Share this post