• Follow Us on

Home ျမန္မာႏိုင္ငံတြင္ စိတ္ေရာဂါအထူးကုဆရာ၀န္ လူတစ္သိန္းတြင္ ဆရာ၀န္ႏွစ္ဦးသာရွိၿပီး ကေလးအထူး ကုစိတ္ေရာဂါ ဆရာ၀န္ လုံး၀မရွိေၾကာင္း လႊတ္ေတာ္အမတ္ဆုိ

ျမန္မာႏိုင္ငံတြင္ စိတ္ေရာဂါအထူးကုဆရာ၀န္ လူတစ္သိန္းတြင္ ဆရာ၀န္ႏွစ္ဦးသာရွိၿပီး ကေလးအထူး ကုစိတ္ေရာဂါ ဆရာ၀န္ လုံး၀မရွိေၾကာင္း လႊတ္ေတာ္အမတ္ဆုိ

Share this post

ေနျပည္ေတာ္၊ ၾသဂုတ္ – ၆

ျမန္မာႏိုင္ငံတြင္ စိတ္ေရာဂါအထူးကုဆရာ၀န္ လူတစ္သိန္းတြင္ ဆရာ၀န္ႏွစ္ဦးသာရွိၿပီး ကေလးအထူးကု စိတ္ေရာဂါ ဆရာ၀န္ လုံး၀မရွိေၾကာင္း မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္၉က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေဇာ္လင္းထြဋ္ကေျပာသည္။

ဒုတိယအႀကိမ္အမ်ိဳးသားလႊတ္ေတာ္ ၁၇ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း န၀မေန႔ၾသဂုတ္လ ၆ရက္တြင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဇာ္လင္းထြဋ္က လႊတ္ေတာ္တြင္ေဆြးေႏြးတင္ျပခဲ့သည္။

“ျမန္မာႏိုင္ငံတြင္ စိတ္က်န္းမာေရးအတြက္ လိုအပ္လ်က္ရွိေသာလူ႔စြမ္းအားအရင္းအျမစ္ေတြျဖစ္ပါတယ္။ စိတ္ေရာဂါအထူးကုဆရာ၀န္အခ်ိဳးအစားမွာ လူတစ္သိန္းလွ်င္ ႏွစ္ဦးသာရွိပါတယ္။ႏိုင္ငံတကာမွာ ကေလးစိတ္ ေရာဂါဆရာ၀န္ရွိေပမဲ့ ျမန္မာႏိုင္ငံမွာ ကေလးအထူးကု စိတ္ေရာဂါဆရာ၀န္ မရွိေၾကာင္းလည္းေတြ႕ရွိရပါတယ္။ စိတ္ေရာဂါ ကြ်မ္းက်င္သူနာျပဳမွာ လူတစ္သိန္းလွ်င္ ဇီး႐ိုးပြဳိင့္သရီးတူးသာရွိပါတယ္။ ဆိုက္ကိုေလာဂ်စ္ေခၚ စိတ္ပညာရွင္မ်ားမရွိပါ’’ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံတြင္ အျဖစ္အမ်ားဆုံး စိတ္ေရာဂါမ်ားအေနျဖင့္ စိုးရိမ္လြန္ေရာဂါ၊ စိတ္က်ေရာဂါ၊စိတ္ေဖာက္ျပ န္ေရာဂါ၊ စံခ်ိန္မမွီေသာအရက္မ်ားအလြန္အကြ်ံေသာက္သုံးမႈေၾကာင့္ျဖစ္ေသာ အရက္စြဲေရာဂါႏွင့္ အရက္ေၾကာင့္ျဖစ္ေသာစိတ္ေရာဂါမ်ား၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးစြဲျခင္း ႏွင့္ယင္းေဆးေၾကာင့္ ျဖစ္ေသာစိတ္ေရာဂါမ်ား၊ အတက္ေရာဂါတို႔ျဖစ္ေၾကာင္းသိရသည္။

“စိတ္ေရာဂါဆိုသည္မွာ အျခားေသာေရာဂါမ်ားကဲ့သို႔ေဆးေသာက္ခိုင္းၿပီး ကုသ၍ ရေသာေရာဂါမဟုတ္ဘဲ လူနာရဲ႔အေျခအေနကို ႏွစ္သိမ့္ေဆြးေႏြးၿပီးကုသရေသာေရာဂါျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စိတ္ေရာဂါကုထုံးမ်ားသည္ ေသာက္ေဆးမ်ားကိုသာကာလၾကာရွည္စြာေပးထားသည့္ကုထုံးမ်ားျဖစ္သည္ကို လည္းေကာင္း ေတြ႕ရွိရသျဖင့္ေကာင္းမြန္ေသာကုသနည္းကို မေတြ႕ရွိရတာျဖစ္ပါတယ္။လူမႈအသိုင္းအဝိုင္းမွာ စိတ္က်န္းမာေရးအတြက္ ေသာက္ေဆးမ်ားကို တခ်ိဳ႕ကဆယ္ႏွစ္တခ်ိဳ႔ကတစ္သက္လုံး ဒီလိုေသာက္ၿပီး ကုသမႈကိုခံယူေနရပါတယ္’’ဟု ေဒါက္တာေဇာ္လင္းထြဋ္ကထပ္မံေျပာသည္။

#PeopleMedia #က်န္းမာေရး

(unicode)
မြန်မာနိုင်ငံတွင် စိတ်ရောဂါအထူးကုဆရာဝန် လူတစ်သိန်းတွင် ဆရာဝန်နှစ်ဦးသာရှိပြီး ကလေးအထူး ကုစိတ်ရောဂါ ဆရာဝန် လုံးဝမရှိကြောင်း လွှတ်တော်အမတ်ဆို
……………………………………………………

နေပြည်တော်၊ ဩဂုတ် – ၆

မြန်မာနိုင်ငံတွင် စိတ်ရောဂါအထူးကုဆရာဝန် လူတစ်သိန်းတွင် ဆရာဝန်နှစ်ဦးသာရှိပြီး ကလေးအထူးကု စိတ်ရောဂါ ဆရာဝန် လုံးဝမရှိကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်၉က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်ကပြောသည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၇ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ဩဂုတ်လ ၆ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က လွှတ်တော်တွင်ဆွေးနွေးတင်ပြခဲ့သည်။

“မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးအတွက် လိုအပ်လျက်ရှိသောလူ့စွမ်းအားအရင်းအမြစ်တွေဖြစ်ပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန်အချိုးအစားမှာ လူတစ်သိန်းလျှင် နှစ်ဦးသာရှိပါတယ်။နိုင်ငံတကာမှာ ကလေးစိတ် ရောဂါဆရာဝန်ရှိပေမဲ့ မြန်မာနိုင်ငံမှာ ကလေးအထူးကု စိတ်ရောဂါဆရာဝန် မရှိကြောင်းလည်းတွေ့ရှိရပါတယ်။ စိတ်ရောဂါ ကျွမ်းကျင်သူနာပြုမှာ လူတစ်သိန်းလျှင် ဇီးရိုးပွိုင့်သရီးတူးသာရှိပါတယ်။ ဆိုက်ကိုလောဂျစ်ခေါ် စိတ်ပညာရှင်များမရှိပါ’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး စိတ်ရောဂါများအနေဖြင့် စိုးရိမ်လွန်ရောဂါ၊ စိတ်ကျရောဂါ၊စိတ်ဖောက်ပြ န်ရောဂါ၊ စံချိန်မမှီသောအရက်များအလွန်အကျွံသောက်သုံးမှုကြောင့်ဖြစ်သော အရက်စွဲရောဂါနှင့် အရက်ကြောင့်ဖြစ်သောစိတ်ရောဂါများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးစွဲခြင်း နှင့်ယင်းဆေးကြောင့် ဖြစ်သောစိတ်ရောဂါများ၊ အတက်ရောဂါတို့ဖြစ်ကြောင်းသိရသည်။

“စိတ်ရောဂါဆိုသည်မှာ အခြားသောရောဂါများကဲ့သို့ဆေးသောက်ခိုင်းပြီး ကုသ၍ ရသောရောဂါမဟုတ်ဘဲ လူနာရဲ့အခြေအနေကို နှစ်သိမ့်ဆွေးနွေးပြီးကုသရသောရောဂါဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စိတ်ရောဂါကုထုံးများသည် သောက်ဆေးများကိုသာကာလကြာရှည်စွာပေးထားသည့်ကုထုံးများဖြစ်သည်ကို လည်းကောင်း တွေ့ရှိရသဖြင့်ကောင်းမွန်သောကုသနည်းကို မတွေ့ရှိရတာဖြစ်ပါတယ်။လူမှုအသိုင်းအဝိုင်းမှာ စိတ်ကျန်းမာရေးအတွက် သောက်ဆေးများကို တချို့ကဆယ်နှစ်တချို့ကတစ်သက်လုံး ဒီလိုသောက်ပြီး ကုသမှုကိုခံယူနေရပါတယ်’’ဟု ဒေါက်တာဇော်လင်းထွဋ်ကထပ်မံပြောသည်။

#PeopleMedia #ကျန်းမာရေး


Share this post