• Follow Us on

Home မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန် ချောင်ဝါဒီနန်းတော်က ဆက်လက်ကူညီမည်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန် ချောင်ဝါဒီနန်းတော်က ဆက်လက်ကူညီမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆ (People Media)

 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အ နီးကပ်လက်တွဲ၍ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုရီး ယားအိမ်ပြာတော်ခေါ် ချောင်ဝါဒီနန်းတော်က သြဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

ယင်းကြေညာချက်မှာ မြန်မာစစ်အာဏာသိမ်းအစိုးရကိုဆန့်ကျင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါ် နိုင်ငံရေးအုပ်စုအတွက် တရားဝင်ထောက်ခံကြောင်းဖော်ပြပေးရန် တောင်းဆိုထားသည့် လူထုအသနားခံ စာကို တုံ့ပြန်သောအားဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။

 

အသနားခံစာတင်သွင်းထားသည့် လူဦးရေ ၂၆၈,၀၀၀ က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့နှင့် ဆက်နွယ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပုံမှန် သံတမန်ဆက်ဆံရေးထားရှိပေးရန် တောင်ကိုးရီးယားအစိုးရကို အသနားခံတင်ပြခဲ့ကြောင်း ချောင်ဝါဒီနန်းတော် ၏ ဝက်ဘ်ဆိုက်ဒ်တွင်တင်ထားသည်ကိုတွေ့ရှိရသည်။

 

“မြန်မာလူထုရဲ့ ပြင်းပြတဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့လမ်းကြောင်းအတွင်းမှာ မြန်မာ့အခြေအနေကို ဖြေရှင်းနိုင် ဖို့အတွက် တောင်ကိုရီးယားအစိုးရအနေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အ စိုးရအဖွဲ့ထဲက အဓိကခေါင်းဆောင်တွေနဲ့လည်း ဆက်ဆံရေးမပြတ်အောင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။” ဟု ချောင်ဝါဒီနန်းတော်၏ ကြေညာချက်တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

 

Ref: Cheong Wa Dae vows continued support for political stability in Myanmar

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 

Ref: Cheong Wa Dae vows continued support for political stability in Myanmar

 

#PeopleMedia


Share this post