• Follow Us on

Home မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ရိုဟင်ဂျာဒုက္ခသည်များက Facebook ကို တရားစွဲပြီး လျော်ကြေး ဒေါ်လာ ဘီလျံ ၁၅၀ တောင်းဆို

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ရိုဟင်ဂျာဒုက္ခသည်များက Facebook ကို တရားစွဲပြီး လျော်ကြေး ဒေါ်လာ ဘီလျံ ၁၅၀ တောင်းဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၇ (People Media)

 

လူမှုကွန်ရက်ပေါ်တွင် ရိုဟင်ဂျာများနှင့်ပတ်သက်သည့် အမုန်းစကားများကို တားဆီးပိတ်ပင်ခြင်းမရှိသည့်အ တွက် ရိုဟင်ဂျာဒုက္ခသည်များက ဒီဇင်ဘာလ ၆ ရက်နေ့က Facebook ကို တရားစွဲဆိုလိုက်ပြီး လျော်ကြေး အမေရိကန်ဒေါ်လာ ဘီလျံ ၁၅၀ တောင်းဆိုလိုက်သည်။

 

“Facebook ဟာ တာဝန်တစ်ခုတည်းပရိုဂရမ်ထည့်သွင်းထားတဲ့ စက်ရုပ်တစ်ခုနဲ့တူနေတယ်။ မငြင်းပယ်နိုင်တဲ့ အစစ်အမှန်တရားကတော့ အမုန်းတရားတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ သတင်းမှားတွေဖြည့်သွင်းထားတဲ့ Facebook ရဲ့ ကြီးထွားလာမှုဟာ အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့တဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေ ကို ကျန်ရစ်စေခဲ့တာပါပဲ။” ဟု ကန့်ကွက်လွှာတင်သွင်းခဲ့သော ကယ်လီဖိုးနီးယားမှ တရားရုံး၏ကြေညာချက် တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် မူဆလင်အုပ်စုများမှာ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြားဆက်ဆံခံနေကြရသည်။ မူဆလင်များမှာ နိုင်ငံ အတွင်း မျိုးဆက်ပေါင်းများစွာနေထိုင်လာသော်လည်း ၎င်းတို့ကို ကျူးကျော်လာသူများအဖြစ် ရွံရှာမုန်းတီးစွာ ဆက်ဆံကြသည်။

 

၂၀၁၇ ခုနှစ်တွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် လှုပ်ရှားမှုတစ်ခုကြောင့် ရိုဟင်ဂျာထောင်ပေါင်း များစွာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရသည်။ ကုလသမဂ္ဂအဖွဲ့က ယင်း ဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဖော်ပြခဲ့သည်။

 

ရိုဟင်ဂျာမူဆလင်များ အများအပြား မြန်မာနိုင်ငံ၌ ကျန်ခဲ့သော်လည်း ၎င်းတို့မှာ နိုင်ငံသားဖြစ်ခွင့်မရဘဲ ဒေသ တွင်း အခြားတိုင်းရင်းသားများနှင့် အကြမ်းဖက်ပဋိပက္ခများဖြစ်ပွားလျက်ရှိသလို စစ်အစိုးရကလည်း ခွဲခြားဆက် ဆံလျက်ရှိသည်။

 

Facebook ၏ ပြဿနာဖြေရှင်းဖော်ထုတ်ရာတွင် လိုက်နာရမည့်စည်းကမ်းများမှာ ယုံလွယ်သောသုံးစွဲသူများကို အစွန်းရောက်အုပ်စုများနှင့် ပိုမိုပူးပေါင်းသွားစေပြီး ယင်းအခြေအနေက အာဏာရှင်ဆန်သောနိုင်ငံရေးသမား များနှင့် အစိုးရများ၏ ခေါင်းပုံဖြတ်မှုများကို လမ်းဖွင့်ပေးထားကြောင်း ရိုဟင်ဂျာများတင်သွင်းခဲ့သည့် ကန့်ကွက် လွှာတွင် ဖော်ပြထားသည်။

 

Facebook သည် မဟုတ်မမှန်သတင်းများနှင့် သတင်းမှားများ ပျံနှံ့မှုကို ကာကွယ်ထိန်းချုပ်ရန် လုပ်ဆောင်ခဲ့မှု မ ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့သည်မှာ ကာလရှည်ကြာမြင့်ခဲ့ပြီဖြစ်သည်။

 

လူမှုကွန်ရက်သည် အမှားများကို ပိုမိုတိုးပွားလာစေရန် ခွင့်ပြုထားခဲ့ကြောင်း၊ ယင်းဖြစ်ရပ်များကြောင့် လူနည်း စုများထိခိုက်နစ်နာရပြီး အမေရိကန်ပြည်ထောင်စုလို ဒီမိုကရေစီနိုင်ငံများမှ ရွေးကောက်ပွဲများကို လမ်းချော်စေ ကြောင်း ရိုဟင်ဂျာများက စွပ်စွဲပြောဆိုခဲ့သည်။

 

Ref: Rohingya refugees sue Facebook for $150bn over Myanmar genocide

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Rohingya refugees sue Facebook for $150bn over Myanmar genocide

 

#PeopleMedia


Share this post