• Follow Us on

Home မြန်မာနိုင်ငံမှအခြေအနေများအပေါ် အနောက်နိုင်ငံများအနေဖြင့် မီးတောက်အတွင်း လောင်စာမထည့်သင့်ဟု တရုတ်အစိုးရသတင်းစာဖော်ပြ

မြန်မာနိုင်ငံမှအခြေအနေများအပေါ် အနောက်နိုင်ငံများအနေဖြင့် မီးတောက်အတွင်း လောင်စာမထည့်သင့်ဟု တရုတ်အစိုးရသတင်းစာဖော်ပြ

Share this post

ဘေကျင်း၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တနင်္လာနေ့တွင် တပ်မတော်၏အာဏာလွှဲပြောင်းမှုဟုသုံးနှုန်းသည့်ဖြစ်ရပ်အပေါ် အနောက်နိုင်ငံများအနေဖြင့် မီးတောက်အတွင်း လောင်စာမထည့်သင့်ဟု တရုတ်အစိုးရပိုင် Global Times သတင်းစာက အယ်ဒီတာ့ အာဘော်ကဏ္ဍတွင်ထည့်သွင်းဖော်ပြသည်။
 
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် စီစဉ်ထားကြောင်းပြောထားပြီး မြန်မာနိုင်ငံ၏အခြေအနေသည် အမေရိကန်ပြည်ထောင်စုအတွက် ဆူးများသည့်ကိစ္စတရပ်ဖြစ်ကြောင်း Global Times သတင်းစာအယ်ဒီတာချုပ် ဟူရှီဂျင်းကပြောသည်။
 
မြန်မာနိုင်ငံ၏အိမ်နီးချင်းများဖြစ်သောအာဆီယံနိုင်ငံများတရုတ်နိုင်ငံတို့ကလည်း အလားတူအမြင်ကိုလက်ခံပြီး မြန်မာနိုင်ငံမှသက်ဆိုင်ရာအဖက်ဖက်အနေနှင့် စိတ်ရှည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းမှ အကြပ်အ တည်းများကို ဖြေရှင်းရန် မျှော်လင့်နေကြသည်ဟုလည်းပြောသည်။
 
ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့က ထိုဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးဖြစ်ကြောင်း ပြောထားသည်။
 
အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းမှအနောက်နိုင်ငံများနှင့်အနီးစပ်ဆုံးဖြစ်သော စင်ကာပူနိုင်ငံကပင် မြန်မာနိုင်ငံ အရေးစိုးရိမ်ကြောင်း ထုတ်ပြောထားသော်လည်း ပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဟု ထုတ်ပြောထားခြင်း မရှိချေ။
 
အင်္ဂါနေ့တွင် အမေရိကန်က မြန်မာနိုင်ငံမှဖြစ်စဉ်များကို အာဏာသိမ်းမှုဟုသတ်မှတ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြောသည်။
ထိုဖြစ်ရပ်ကြောင့် မြန်မာအစိုးရထံ နိုင်ငံခြားအထောက်အပံ့အချို့ကို ကန့်သတ်မှုများပြုလုပ်ရန်စတင်လာနိုင်ပြီး တာဝန်ရှိသူများကို အမေရိကန်က အရေးယူမှုများလည်းပြုလုပ်မည်ဟု ထိုနိုင်ငံခြားရေးဝန်ကြီးဌာနကပြော သည်။
 
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ဒီမိုကရေစီထောက်ပံ့ရေးရှေ့ဆောင်လုပ်ငန်းများ အပါဝင် မြန်မာနိုင်ငံသားများကို ဆက်လက်ထောက်ပံ့နေဦးမည်ဟုလည်းပြောသည်။
 
Ref : West should refrain from adding fuel to the flames in Myanmar: Global Times editorial
 
#PeopleMedia
 
(unicode)
…………………………………………………………..
 
 
 
 
 
 
 
 
 
Ref : West should refrain from adding fuel to the flames in Myanmar: Global Times editorial
 
#PeopleMedia

Share this post