• Follow Us on

Home ျမန္မာႏိုင္ငံလွ်ပ္စစ္ဓာတ္အား ကြန္ရက္အဆင့္ႁမွင့္တင္ရန္ ထိုင္းႏိုင္ငံက ဘတ္သန္း ၁၄၀၀ ေက်ာ္ထုတ္ေခ်း

ျမန္မာႏိုင္ငံလွ်ပ္စစ္ဓာတ္အား ကြန္ရက္အဆင့္ႁမွင့္တင္ရန္ ထိုင္းႏိုင္ငံက ဘတ္သန္း ၁၄၀၀ ေက်ာ္ထုတ္ေခ်း

Share this post

ဘန္ေကာက္၊ ဇူလိုင္ ၁၅

ျမန္မာႏိုင္ငံ၏လွ်ပ္စစ္ဓာတ္အားေပးစနစ္ကို အဆင့္ႁမွင့္တင္ရာတြင္ကူညီႏိုင္ရန္ ဘတ္သန္း ၁၄၅၀ တန္ဖိုး႐ွိ အတိုးႏႈန္းသက္သာသည့္ ေခ်းေငြထုတ္ေပးရန္ ထိုင္းအစိုးရကအတည္ျပဳလိုက္သည္။

ေခ်းေငြသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးပိုေကာင္းမြန္လာေရးေ႐ွ႕ေျပးအစီအစဥ္၏ တစိတ္တပိုင္းျဖစ္ သည္ဟု ထိုင္းအစိုးရဒုတိယေျပာခြင့္ရသူ Rachada Dhnadirek က အဂၤါေန႔တြင္ေျပာသည္။

ထိုင္းႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားစီးပြားေရးတိုးတက္ဖြံ႔ၿဖိဳးမႈပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (NCEDC) က စီစဥ္မႈႏွင့္ ျမန္မာႏိုင္ငံအတြက္ ေခ်းေငြတိုးခ်ဲ႕ျခင္းတို႔အတြက္ တာ၀န္ယူမည္ျဖစ္ေၾကာင္းလည္း မစၥ Rachada ကေျပာသည္။

ေခ်းေငြကို ရန္ကုန္ၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားခြဲ႐ံုမ်ားႏွင့္ ျဖန္႔ျဖဴးေရးစက္႐ံုမ်ားတည္ေဆာက္မႈႏွင့္ အဆင့္ႁမွင့္ တင္ေရးတို႔တြင္ အသံုးျပဳရန္ ရည္မွန္းထားသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္ ၃၀ စာခ်ဳပ္ျဖင့္ တစ္ႏွစ္လွ်င္ အတိုး ၁.၅ ရာခိုင္ႏႈန္းေပးရမည္ျဖစ္ၿပီး ပထမဆံုး ၁၀ ႏွစ္ေနာက္ပိုင္းမွေငြျပန္ဆပ္ရမည္ျဖစ္သည္။

သေဘာတူညီခ်က္အရ လွ်ပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးစီမံကိန္းမ်ားမွကုန္စည္မ်ားႏွင့္၀န္ေဆာင္မႈ ၅၀ ရာခိုင္ ႏႈန္းကို ထိုင္းႏိုင္ငံမွအသံုးျပဳရမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ထိုင္းေဆာက္လုပ္ေရးကန္ထ႐ိုက္တစ္ဦးႏွင့္ အၾကံေပးအင္ဂ်င္နီယာတို႔ခန္႔ထားရမည့္အျပင္ ေခ်းေငြသေဘာတူညီမႈကိုစီမံသည့္စည္းမ်ဥ္းမ်ားကိုလည္း ထိုင္းႏိုင္ငံကထုတ္ျပန္ရမည္ဟု မစၥ Rachada ကေျပာသည္။

ေခ်းေငြေၾကာင့္ ျမန္မာႏိုင္ငံထံ ထိုင္းရင္းႏွီးႁမွဳပ္ႏွံသူမ်ားကို ပိုမိုဆြဲေဆာင္ႏိုင္မည္ျဖစ္သည္ဟုလည္းေျပာသည္။

စင္ကာပူႏွင့္ တ႐ုတ္ႏိုင္ငံေနာက္တြင္ ထိုင္းသည္ ျမန္မာႏိုင္ငံ၏အႀကီးဆံုးရင္းႏွီးႁမွဳပ္ႏွံသူျဖစ္သည္။

Ref : B1.4bn loan for Myanmar power grids

#PeopleMedia

(unicode)
မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အား ကွန်ရက်အဆင့်မြှင့်တင်ရန် ထိုင်းနိုင်ငံက ဘတ်သန်း ၁၄၀၀ ကျော်ထုတ်ချေး
……………………………………………………

ဘန်ကောက်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားပေးစနစ်ကို အဆင့်မြှင့်တင်ရာတွင်ကူညီနိုင်ရန် ဘတ်သန်း ၁၄၅၀ တန်ဖိုးရှိ အတိုးနှုန်းသက်သာသည့် ချေးငွေထုတ်ပေးရန် ထိုင်းအစိုးရကအတည်ပြုလိုက်သည်။

ချေးငွေသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပိုကောင်းမွန်လာရေးရှေ့ပြေးအစီအစဉ်၏ တစိတ်တပိုင်းဖြစ် သည်ဟု ထိုင်းအစိုးရဒုတိယပြောခွင့်ရသူ Rachada Dhnadirek က အင်္ဂါနေ့တွင်ပြောသည်။

ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (NCEDC) က စီစဉ်မှုနှင့် မြန်မာနိုင်ငံအတွက် ချေးငွေတိုးချဲ့ခြင်းတို့အတွက် တာဝန်ယူမည်ဖြစ်ကြောင်းလည်း မစ္စ Rachada ကပြောသည်။

ချေးငွေကို ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် ဖြန့်ဖြူးရေးစက်ရုံများတည်ဆောက်မှုနှင့် အဆင့်မြှင့် တင်ရေးတို့တွင် အသုံးပြုရန် ရည်မှန်းထားသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ် ၃၀ စာချုပ်ဖြင့် တစ်နှစ်လျှင် အတိုး ၁.၅ ရာခိုင်နှုန်းပေးရမည်ဖြစ်ပြီး ပထမဆုံး ၁၀ နှစ်နောက်ပိုင်းမှငွေပြန်ဆပ်ရမည်ဖြစ်သည်။

သဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းများမှကုန်စည်များနှင့်ဝန်ဆောင်မှု ၅၀ ရာခိုင် နှုန်းကို ထိုင်းနိုင်ငံမှအသုံးပြုရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ထိုင်းဆောက်လုပ်ရေးကန်ထရိုက်တစ်ဦးနှင့် အကြံပေးအင်ဂျင်နီယာတို့ခန့်ထားရမည့်အပြင် ချေးငွေသဘောတူညီမှုကိုစီမံသည့်စည်းမျဉ်းများကိုလည်း ထိုင်းနိုင်ငံကထုတ်ပြန်ရမည်ဟု မစ္စ Rachada ကပြောသည်။

ချေးငွေကြောင့် မြန်မာနိုင်ငံထံ ထိုင်းရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်ဟုလည်းပြောသည်။

စင်ကာပူနှင့် တရုတ်နိုင်ငံနောက်တွင် ထိုင်းသည် မြန်မာနိုင်ငံ၏အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သည်။

Ref : B1.4bn loan for Myanmar power grids

#PeopleMedia


Share this post