• Follow Us on

Home မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှ တည်ငြိမ်စွာ မနေရ

မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှ တည်ငြိမ်စွာ မနေရ

Share this post

မြန်မာနိုင်ငံအတွင်းမှာ ဘယ်နေရာမှ တည်ငြိမ်စွာ နေထိုင်ရခြင်းမရှိဘူးလို့ နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI) ရဲ့ မူဝါဒရေးရာ ဉက္ကဋ္ဌ နန်းဖောဂေက ပြောဆိုလိုက်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၇ – ၂၀၁၈ ခုနှစ် စာအုပ်မိတ်ဆက် ပွဲ အခမ်းအနားကို ချက်ထရီယံဟိုတယ်မှာ ဧပြီ ၂၉ ရက်နေ့က ကျင်းပခဲ့တာပါ။

ဒီစာအုပ်လမ်းညွှန်အနှစ်ချုပ် သတင်းထုတ်ပြန်ချက်မှာတော့ NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တစ်ဖွဲ့ချင်းစီအလိုက် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပေမယ့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များမှ NCA လမ်းကြောင်းမဟုတ်တဲ့ နိုင်ငံရေးတွေ့ဆုံလမ်းကြောင်းကို တင်ပြလာတာတွေ ရှိနေတဲ့အတွက် NLD အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းအကောင် အထည်ဖော်မှုမှာ အခက်အခဲစိန်ခေါ်မှုများ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

ဒီစာအုပ်ထဲမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုက်ပွဲများ၊ ပဋိပက္ခများနဲ့ ယင်းတို့ရဲ့ နိုင်ငံတကာလုံခြုံရေး အပေါ် ဂယက်ရိုက်မှုတွေနဲ့ ပတ်သက်ပြီး အဖြေရှာနေသူတွေအတွက် ရှုပ်ထွေးတဲ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေ၊ များပြားတဲ့ ကော်မတီတွေ၊ အင်အားစုတွေ၊ ပြဿနာတွေနဲ့ ဆက်စပ်ဖြစ်စဉ်တွေကို အတိုင်းအတာ တစ်ခုအထိ နားလည်သဘောပေါက်စေရန် အားထုတ်ထားတယ်လို့ BNI တာဝန်ရှိသူတွေက ဆိုပါတယ်။

အောင်ထူးနိုင်က ပေးပို့ထားပါတယ်။


Share this post
https://www.facebook.com/303185163868226/videos/420431482082879/