• Follow Us on

Home မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲထိုင်းဘုရင့်ကဇာတ်ရုံ၌ ကျင်းပ

မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲထိုင်းဘုရင့်ကဇာတ်ရုံ၌ ကျင်းပ

Share this post

နေပြည်တော်၊ မတ် ၁၁

 

တတိယအကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း တွင်  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ကဇာတ်ရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

 

ကဇာတ်ရုံအတွင်း၌ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ပွဲကို ဆက်လက် ကျင်းပပြုလုပ်ရာ မြန်မာ့တပ်မတော်ယဉ် ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့မှ အရာရှိ၊ စစ်သည်များ၏ နှစ်နိုင်ငံ တေးသီချင်း၊ အက၊ အလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တပ်မတော်နှစ်ရပ်အကြား ယဉ် ကျေးမှုဖလှယ်ရေးအစီအစဉ်အဖြစ် ယဉ်ကျေးမှုဖလှယ် ပွဲများကို ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မေလ ၂၈ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လည်းကောင်း အသီးသီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(unicode)


………………………………………

 


 


 


 



Share this post