• Follow Us on

Home မြဝတီမြို့ရှိ ခလရ ၂၇၅ အနီးသို့ မြဝတီ PDF အဖွဲ့က လာရောက်ပြီး မိနစ်အနည်းငယ်ခန့် ပစ်ခတ်မှုပြုလုပ်ခဲ့

မြဝတီမြို့ရှိ ခလရ ၂၇၅ အနီးသို့ မြဝတီ PDF အဖွဲ့က လာရောက်ပြီး မိနစ်အနည်းငယ်ခန့် ပစ်ခတ်မှုပြုလုပ်ခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၂ (People Media)

 

ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်ရှိ ခလရ(၂၇၅)စခန်းဧရိယာအနီးသို့ မြဝတီ PDF အဖွဲ့က စက်တင်ဘာ ၂၁ ရက် ညပိုင်းက မိနစ်အနည်းငယ် လာရောက်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

“မနေ့က တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်။ ဖြစ်နေကျတဲ့ ညက အသံကို ကျွန်တော်တို့လည်း ကြားရပါ တယ်။ ဖြစ်တာက ည ၈ နာရီ ၁၅ မိနစ်လောက်မှာဖြစ်တာ ညကလည်း မိုးချုပ်နေတယ်မိုးကလည်း ရွာနေတယ် မီးကလည်းပျက်နေတဲ့အခါကျတော့ ပစ်ခတ်သံတွေကတော့ အတိုင်းသား ကြားနေရပါတယ်” ဟု မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ မေးမြန်းရာ “ပစ်ပြေးပါ။ ပစ်ပြီးပြေးတာ” လို့ ပြောပါတယ်။

 

အဆိုပါ မြဝတီမြို့ ခလရ ၂၇၅ တပ်ရင်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အဖွဲ ၎င်းတို့ဖြစ်တယ်လို့ မြဝတီမြို့ PDF အဖွဲ့က ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြဝတီ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post