• Follow Us on

Home ၀န္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္အား ေငြေၾကးေတာင္းသည္ဟု Facebook ၌ ေရးသားသူအား ၆၆(ဃ) ျဖင့္ အမႈဖြင့္

၀န္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္အား ေငြေၾကးေတာင္းသည္ဟု Facebook ၌ ေရးသားသူအား ၆၆(ဃ) ျဖင့္ အမႈဖြင့္

Share this post

ရန္ကုန္၊ ေမ – ၂၅

မႏၱေလးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္အား ေငြေၾကးေတာင္းခံေၾကာင္း လူမႈကြန္ရက္စာ မ်က္ႏွာတြင္ ေရးသားခဲ့သူအား ၆၆(ဃ)ျဖင့္ အမႈဖြင့္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါမဟုတ္မမွန္ေရးသားခဲ့သည့္ Shwe Thu Thukhin အေကာင့္ပိုင္ရွင္အား မႏၱေလးတိုင္းအစိုးရအဖြဲ႕႐ံုး၊ လက္ေထာက္ညႊန္ၾကားေရးမွဴးတစ္ဦးမွ တရားလိုျပဳလုပ္၍ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အေရးယူေပး ရန္ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၁) နယ္ေျမရဲစခန္း၌ ယခုလ ေမ ၂၃ ရက္ေန႔တြင္ တိုင္ၾကားခဲ့သည္။

၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ “မႏၱေလးတိုင္း၀န္ႀကီးခ်ဳပ္ကို (၅) ႀကိမ္တိတိ လူကိုယ္တိုင္သြားေရာက္တင္ ျပခဲ့သည္။ ေန႔ခ်င္းၿပီးလုပ္ေပးမယ္တဲ့။ က်ပ္သိန္းတစ္ေထာင္ေပးမလား ေမးတယ္။ သမီး သူသူခင္က ဘယ္သူ႔ ကိုမွ လာဘ္ေငြေပးမွာမဟုတ္ေၾကာင္း ေျပာခဲ့ပါတယ္။ ယေန႔အထိ တာ၀န္ရွိပါလ်က္နဲ႔ တည္ဆဲဥပေဒနဲ႔အညီ တိက်စြာအေရးယူလုပ္မေပးပါ” ဟု မတ္လ ၂၆ ရက္ေန႔စြဲျဖင့္ ေရးသားခဲ့ျခင္းအေပၚ အထက္ပါအတိုင္း အမႈဖြင့္ တိုင္တန္းခဲ့ျခင္းျဖစ္သည္။

အလားတူ မႏၱေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၁)နယ္ေျမရဲစခန္းတြင္ (ပ)၈၁/၂၀၂၀၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္၍ Shwe Thu Thukhin အေကာင့္ပိုင္ရွင္အား ဥပေဒအရ အေရးယူႏိုင္ရန္ စံုစမ္းေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia

(Unicode)
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား ငွေကြေးတောင်းသည်ဟု Facebook ၌ ရေးသားသူအား ၆၆(ဃ) ဖြင့် အမှုဖွင့်
……………………………………………………

ရန်ကုန်၊ မေ – ၂၅

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ငွေကြေးတောင်းခံကြောင်း လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားခဲ့သူအား ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါမဟုတ်မမှန်ရေးသားခဲ့သည့် Shwe Thu Thukhin အကောင့်ပိုင်ရှင်အား မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးမှ တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေး ရန် အောင်မြေသာစံမြို့နယ် အမှတ်(၁) နယ်မြေရဲစခန်း၌ ယခုလ မေ ၂၃ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “မန္တလေးတိုင်းဝန်ကြီးချုပ်ကို (၅) ကြိမ်တိတိ လူကိုယ်တိုင်သွားရောက်တင် ပြခဲ့သည်။ နေ့ချင်းပြီးလုပ်ပေးမယ်တဲ့။ ကျပ်သိန်းတစ်ထောင်ပေးမလား မေးတယ်။ သမီး သူသူခင်က ဘယ်သူ့ ကိုမှ လာဘ်ငွေပေးမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ယနေ့အထိ တာဝန်ရှိပါလျက်နဲ့ တည်ဆဲဥပဒေနဲ့အညီ တိကျစွာအရေးယူလုပ်မပေးပါ” ဟု မတ်လ ၂၆ ရက်နေ့စွဲဖြင့် ရေးသားခဲ့ခြင်းအပေါ် အထက်ပါအတိုင်း အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်းတွင် (ပ)၈၁/၂၀၂၀၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်၍ Shwe Thu Thukhin အကောင့်ပိုင်ရှင်အား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိသည်။

#PeopleMedia


Share this post