• Follow Us on

Home (၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာ အောင်သံဃာတော်များအတွက် စေတိယင်္ဂစာဆောင်ဆုနှင်းသဘင်ပွဲကျင်းပမည်

(၁၀၃) ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာ အောင်သံဃာတော်များအတွက် စေတိယင်္ဂစာဆောင်ဆုနှင်းသဘင်ပွဲကျင်းပမည်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ (People Media)

 

(၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုအောင် မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဘွဲ့တံဆိပ်နှင့်ဂုဏ်ပြုလက်မှတ်များ ချီးကျူးဂုဏ်ပြုပူ ဇော်မည့် စေတိယင်္ဂစာဆောင်ဆုနှင်းသဘင်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်မြောက်ဘက်ချမ်းသာကြီး တန် ဆောင်း၌ လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

(၁၀၃)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲကြီးကို ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခု ဒီဇင်ဘာ ၄ ရက်မှ ၈ ရက်အထိ ငါးရက် တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာမေးပွဲမှ အောင်မြင်သည့် သံဃာတော်များအား လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် ကျင်း ပပြုလုပ်မည့် စာအောင်သံဃာတော်များအတွက်ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ချီးကျူးဂုဏ်ပြု ပူဇော်မည့် စေတိယင်္ဂစာဆောင်ဆုနှင်းသဘင်ပွဲ၌ သီးခြားစာချတန်းမှ သုံးကျမ်းလုံး အပြီးအောင် သံဃာတော် ၃ ပါးနှင့် သီးခြားစာသင်တန်းအောင် သံဃာတော်၂  ပါးတို့အား ဘွဲ့တံဆိပ်နှင့်ဂုဏ်ပြုလက်မှတ်များချီးကျူးဂုဏ်ပြု ပူ ဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိပိဋကဓရ တိပိဋက ကောဝိဒစာမေးပွဲ၊ နိကယ်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ များကို ကျင်းပပြုလုပ်၍ သာသနာ့အာဇာနည်များကို မွေးထုတ်ပေး လျက်ရှိသည့်နည်းတူ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေဖြင့်လည်း စေတိယင်္ဂဏပရိယတ္တိဓမ္မာ နုဂ္ဂဟ စာလျှောက်မေးပွဲကို (၆၇) ကြိမ်မြောက်မှစတင်၍ နှစ်စဉ်ကျင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post