• Follow Us on

Home (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (၁၂) ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးနှင့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေး မှူးချုပ်များအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည် ရောက်ရှိ

(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (၁၂) ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေးနှင့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေး မှူးချုပ်များအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည် ရောက်ရှိ

Share this post

နေပြည်တော်၊ မတ် ၁၉

 

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ အစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအ ဝေးနှင့် (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးများသို့ တက် ရောက်ခဲ့ကြသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်လေဆိပ်မှ နေပြည်တော်လေဆိပ်သို့ တပ်မတော် အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။

 

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ ဒုတိယပူးတွဲစစ်ဦးစီးမှူးဖြစ်သူ Lt. Gen. Meas VANNA နှင့်တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်း အုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိသူများက လေ ဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၆ နာရီတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post