• Follow Us on

Home အကြမ်းဖက်သူများ၏ သွေးခွဲမှုများ ရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲ လျက်ရှိပြီး “ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လစ်သော စည်းလုံး ညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောကြား

အကြမ်းဖက်သူများ၏ သွေးခွဲမှုများ ရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲ လျက်ရှိပြီး “ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လစ်သော စည်းလုံး ညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိကြောင်း န-စ-က ဒု-ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၁၉

 

အကြမ်းဖက်သူများ၏ သွေးခွဲမှုများရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲ လျက်ရှိပြီး “ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လစ်သော စည်းလုံး ညီညွတ်မှုဖြင့် ရပ်တည်လျက်ရှိကြောင်း န-စ-က ဒု-ဥက္ကဋ္ဌက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ စစ်ဦး အရာ ရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီး အရာရှိချုပ်(လေ) ဗိုလ်ချုပ် ဇော်ဝင်းမြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်း အောင်၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ်ကာလ ၁ နှစ်ကျော်အတွင်း တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုအမျိုးမျိုးနှင့် အခက်အခဲအမျိုးမျိုးတို့ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၊ သစ္စာရှိကြသည့်နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြောင်း၊ နိုင်ငံကြီးအချို့နှင့် ပြည်တွင်းအကြမ်းဖက် အဖွဲ့များပူးပေါင်းကာ တည်ဆဲအစိုးရ အချိန်တိုအတွင်းပြုတ်ကျစေရန် နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့သည့် နည်းလမ်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်စေခြင်း၊ အစိုးရယန္တရားရပ်တန့်စေရန် ဝန်ထမ်းများအား CDM လှုပ်ရှားမှုများ ပြုလုပ် စေခြင်း၊ ဘဏ်စနစ်ပြိုလဲ၍ ငွေ ကြေးကမောက်ကမ ဖြစ်စေရန်ဖန်တီးခြင်း၊ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုရပ်တန့်ပြတ်တောက်စေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခြင်းအပါအဝင် လက်နက်ဖြင့်ဆူပူအကြမ်းဖက်မှုမှတစ်ဆင့် အလုံးစုံပျက်သုဉ်းရေးတို့ကို ဦးတည် ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ အန္တရာယ်အမျိုးမျိုးတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် စည်းလုံးညီညာ အောင်ကြောင်းဖြာဆိုသည့်အတိုင်း တည်ငြိမ်အေးချမ်းမှုကို လိုလားတောင့်တကြသည့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးတို့၏ပူးပေါင်းပါဝင်မှုဖြင့် ဖြတ်ကျော်ခဲ့ပါကြောင်း၊ ရှေ့ဆက်လက်ပြီးလည်း စုပေါင်းအားဖြင့် အန္တရာယ်အမျိုးမျိုး ကို ရင်ဆိုင်ဖြတ်သန်းကျော်လွှားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဒို့တာဝန်အရေးသုံးပါးကို အခိုင်အမာ ရပ်တည်၍ နိုင်ငံ၏ အချုပ်အခြာ အာဏာကိုမထိပါးစေဘဲ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း”ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး န-စ-က ဒု-ဥက္ကဌက” တစ်ဖက်တွင်လည်း တပ်မတော်ပြိုကွဲစေရန် နည်းမျိုးစုံအသုံးပြု၍ လုပ်ဆောင် လာပြီး တပ်မတော်အတွင်း ပြဿနာအမျိုးမျိုးချိုးဖောက်ကျူးလွန်ကာ အရေးယူခံရမည်ကို ကြောက်ရွံ့၍ စစ်ပြေးမှုကျူးလွန်သူ အရာရှိ၊စစ်သည်များကို ဒီမိုကရေစီ သူရဲကောင်းအဖြစ် မြှောက်ပင့်၍ မီဒီယာနည်းလမ်းဖြင့် တပ်မတော်အတွင်း စည်းလုံး ညီညွတ်မှုပြိုကွဲနေသည့် အခြေအနေ၊ စစ်ဆင်ရေးရှုံး နိမ့်နေသည့် အခြေအနေ စသည် ဖြင့် တပ်မတော်ပြိုကွဲရေး စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်လျက် ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းအပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် နယ်မြေအလိုက် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် လုံခြုံ ရေး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်၍ စစ်ရေးအရ ဖိအားပေးခြိမ်းခြောက်ရန် ကြိုးစားလာ ကြောင်း၊ ၎င်းတို့၏ အဓိကရည်ရွယ်ချက်သည် တပ်မတော်ပြိုကွဲရေးပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်သူများ၏ သွေးခွဲမှုများ ရှိစေကာမူ တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုမှာ ခိုင်မြဲ လျက်ရှိပြီး “ဘယ်သူ ခွဲခွဲဒို့မကွဲ အမြဲစည်းလုံး မည်”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျစ်လစ်သော စည်းလုံး ညီညွတ်မှုဖြင့် ရပ်တည် လျက်ရှိကြောင်း၊ အူမတောင့်မှ သီလစောင့်မည်ဖြစ်ရာ တပ်မတော်သားများနှင့် မိသား စုဝင်များ၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊ ကျန်းမားရေး၊ ပညာရေးတို့ အဆင်ပြေချောမွေ့စေရန် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် ဝတ္တရားအရ၊ တာဝန်အရ ကြိုးစား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တပ်မတော်သားများအနေဖြင့် လုပ်ငန်းတာဝန်ကို စိတ်လက်အေးချမ်းစွာဖြင့် နိုင်ငံ့ အရေးကို အပြည့်အဝ အကောင်အထည်ဖော်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

#PeopleMedia #ကလောတပ်နယ်

 

(unicode)


…………………………………………

 


 


 


 


 


 



Share this post