• Follow Us on

Home ၂၀၁၆/၂၀၁၇ ဘ႑ာႏွစ္၌ လုပ္ငန္းစတင္ခဲ့သည့္ ခရမ္းျမိဳ႕နယ္ ဇြဲတြန္-သျပဳကန္ ကြန္ကရစ္လမ္းပုိင္း ပ်က္ စီးမႈျဖစ္ေပၚ

၂၀၁၆/၂၀၁၇ ဘ႑ာႏွစ္၌ လုပ္ငန္းစတင္ခဲ့သည့္ ခရမ္းျမိဳ႕နယ္ ဇြဲတြန္-သျပဳကန္ ကြန္ကရစ္လမ္းပုိင္း ပ်က္ စီးမႈျဖစ္ေပၚ

Share this post

ရန္ကုန္၊ ေမ – ၂၂

၂၀၁၆/၂၀၁၇ ဘ႑ာႏွစ္၌ လုပ္ငန္းစတင္ခဲ့သည့္ ခရမ္းျမိဳ႕နယ္ ဇြဲတြန္-သျပဳ႕ကန္ ကြန္ကရစ္လမ္းပုိင္းသည္ ေရတုိက္စားမ်ားေၾကာင့္ လမ္းပုိင္းေနရာအခ်ဳိ႕၌ ပ်က္စီးမႈ ျဖစ္ေပၚေနပါတယ္။

အဆုိပါလမ္းပုိင္းကုိ ၂၀၁၆ ခုႏွစ္၌ ေရႊဒီပါေက်ာ္ကုမၸဏီမွ က်ပ္သန္း (၁၄၇.၆၀၉)သန္းျဖင့္ လုပ္ပုိင္ခြင့္ ရရွိခဲ့တာ လည္း ျဖစ္ပါတယ္။

ဇြဲတြန္-သျပဳကန္ကြန္ကရစ္လမ္းပုိင္းေနရာအခ်ဳိ႕သည္ ေမ(၂၀)ရက္၌ ေရတုိက္စားမႈေၾကာင့္ ပ်က္စီးသြားတယ္ လုိ႔ ေဒသခံမ်ားက ေျပာပါတယ္။

အဆုိပါလမ္းပုိင္းျဖစ္စဥ္ႏွင့္ပတ္သက္ျပီး ခရမ္းျမိဳ႕နယ္ အမွတ္(၂) တုိင္းလႊတ္ေတာ္ကုိယ္စားလွယ္ ဦးသိန္းေဇာ္ လတ္က ေရတုိက္စားမႈေၾကာင့္ ပ်က္စီးသည့္ေနရာမ်ားကုိ ေရထိန္းနံရံတည္ေဆာက္ရန္ တုိင္းအစုိးရထံ ဘတ္ ဂ်တ္တင္ထားျပီးျဖစ္ေၾကာင္း ဆုိပါတယ္။

အလားတူ လမ္းပုိင္းလုပ္ပုိင္ခြင့္ရ ေရႊဒီပါေက်ာ္ကုမၸဏီကလည္း လမ္းပုိင္းပ်က္စီးသည့္ေနရာကုိ ႏွစ္စဥ္ေရတုိက္ စားမႈခံရသည့္ေနရာျဖစ္ျပီး ေဒသခံမ်ားႏွင့္ ႏွစ္စဥ္တုပ္ရုိ္တ္ျခင္း၊လမ္းပုိင္းျပဳျပင္ျခင္းမ်ား ေဆာင္ရြက္ေၾကာင္း ေျပာပါတယ္။

အဆုိပါျဖစ္စဥ္အေပၚ ေဒသခံတစ္ဦးက “လုပ္မယ္ဆုိရင္ ေႏြရာသီမွာ လုံလုံေလာက္ေလာက္အခ်ိန္ရတယ္။ မုိးရာသီမွာ ျဖစ္ေနၾကဆုိရင္ ျဖစ္မွ လုပ္ၾကမွာလား။ မျဖစ္ခင္ ကာကြယ္လုိ႔ မရဘူးလား”လုိ႔ ဆုိပါတယ္။

Photo – ခရမ္းျပည္သူတစ္ဦး

#PeopleMedia #ခရမ္း

(Unicode)
၂၀၀၆/၂၀၀၇ ဘဏ္ဍာနှစ်၌ လုပ်ငန်းစတင်ခဲ့သည့် ခရမ်းမြို့နယ် ဇွဲတွန်-သပြုကန် ကွန်ကရစ်လမ်းပိုင်း ပျက် စီးမှုဖြစ်ပေါ်
………………………………………………………

ရန်ကုန်၊ မေ – ၂၂

၂၀၁၆/၂၀၁၇ ဘဏ္ဍာနှစ်၌ လုပ်ငန်းစတင်ခဲ့သည့် ခရမ်းမြို့နယ် ဇွဲတွန်-သပြု့ကန် ကွန်ကရစ်လမ်းပိုင်းသည် ရေတိုက်စားများကြောင့် လမ်းပိုင်းနေရာအချို့၌ ပျက်စီးမှု ဖြစ်ပေါ်နေပါတယ်။

အဆိုပါလမ်းပိုင်းကို ၂၀၁၆ ခုနှစ်၌ ရွှေဒီပါကျော်ကုမ္ပဏီမှ ကျပ်သန်း (၁၄၇.၆၀၉)သန်းဖြင့် လုပ်ပိုင်ခွင့် ရရှိခဲ့တာ လည်း ဖြစ်ပါတယ်။

ဇွဲတွန်-သပြုကန်ကွန်ကရစ်လမ်းပိုင်းနေရာအချို့သည် မေ(၂၀)ရက်၌ ရေတိုက်စားမှုကြောင့် ပျက်စီးသွားတယ် လို့ ဒေသခံများက ပြောပါတယ်။

အဆိုပါလမ်းပိုင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ခရမ်းမြို့နယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် လတ်က ရေတိုက်စားမှုကြောင့် ပျက်စီးသည့်နေရာများကို ရေထိန်းနံရံတည်ဆောက်ရန် တိုင်းအစိုးရထံ ဘတ် ဂျတ်တင်ထားပြီးဖြစ်ကြောင်း ဆိုပါတယ်။

အလားတူ လမ်းပိုင်းလုပ်ပိုင်ခွင့်ရ ရွှေဒီပါကျော်ကုမ္ပဏီကလည်း လမ်းပိုင်းပျက်စီးသည့်နေရာကို နှစ်စဉ်ရေတိုက် စားမှုခံရသည့်နေရာဖြစ်ပြီး ဒေသခံများနှင့် နှစ်စဉ်တုပ်ရို်တ်ခြင်း၊လမ်းပိုင်းပြုပြင်ခြင်းများ ဆောင်ရွက်ကြောင်း ပြောပါတယ်။

အဆိုပါဖြစ်စဉ်အပေါ် ဒေသခံတစ်ဦးက “လုပ်မယ်ဆိုရင် နွေရာသီမှာ လုံလုံလောက်လောက်အချိန်ရတယ်။ မိုးရာသီမှာ ဖြစ်နေကြဆိုရင် ဖြစ်မှ လုပ်ကြမှာလား။ မဖြစ်ခင် ကာကွယ်လို့ မရဘူးလား”လို့ ဆိုပါတယ်။

Photo – ခရမ်းပြည်သူတစ်ဦး

#PeopleMedia #ခရမ်း


Share this post