• Follow Us on

Home အေမရိကန္က ထိုင္ဝမ္သို႔ ေခတ္မီေတာ္ပီဒိုလက္နက္မ်ား ေရာင္းခ်မည္

အေမရိကန္က ထိုင္ဝမ္သို႔ ေခတ္မီေတာ္ပီဒိုလက္နက္မ်ား ေရာင္းခ်မည္

Share this post

၂၀၂၀၊ ေမ ၂၁

ေရငုတ္သေဘၤာဖ်က္သည့္ ေခတ္မီေတာ္ပီဒိုလက္နက္မ်ားအား အေမရိကန္မွ ထိုင္ဝမ္သို႔ေရာင္းခ်ရန္ အေမ ရိကန္အစိုးရက ကြန္ဂရက္သို႔အေၾကာင္းၾကားခဲ့သည္။

ထိုင္ဝမ္သို႔ ခန္႔မွန္းေခ် ေဒၚလာ သန္း ၁၈၀ တန္ဖိုးရွိ MK-48 Mod6 ေခတ္မီေတာ္ပီဒို ၁၈ စင္းႏွင့္ ဆက္စပ္ ကိရိယာမ်ား ေရာင္းခ်ရန္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့ေၾကာင္း အေမရိကန္ ကာ ကြယ္ေရးဆိုင္ရာ လုံၿခဳံေရးပူးေပါင္းေဆာင္ရြက္မႈေအဂ်င္စီက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။

တိုင္းျပည္အမ်ားစုကဲ့သို႔ အေမရိကန္ႏိုင္ငံက ထိုင္ဝမ္ႏွင့္ တရားဝင္သံတမန္ဆက္ဆံေရးမရွိေသာ္လည္း ကိုယ့္ ကိုယ္ကို ခုခံကာကြယ္ရန္ ထိုင္ဝမ္ကြၽန္းသို႔ ဥပေဒအရ ပံ့ပိုးကူညီမႈရွိသည္။ ထိုင္ဝမ္သို႔ အေမရိကန္ႏိုင္ငံက လက္နက္မ်ားေရာင္းခ်မႈကို တ႐ုတ္ႏိုင္ငံက အၿမဲလိုလို ရႈံ႕ခ်ေလ့ရွိသည္။

အဆိုျပဳထားေသာ လက္နက္ေရာင္းခ်မႈက လက္နက္ကိုင္တပ္ဖြဲ႕ အဆင့္ျမႇင့္တင္ရန္ႏွင့္ ကာကြယ္ေရး စြမ္းပ ကား ထိန္းသိမ္းရန္ ထိုင္ဝမ္၏ စဥ္ဆက္မျပတ္ေသာ ႀကိဳးပမ္းမႈမ်ားကို ပံ့ပိုးေပးျခင္းျဖင့္ အေမရိကန္ႏိုင္ငံ၏ အမ်ိဳးသား၊ စီးပြားေရးႏွင့္ လုံၿခဳံေရးအက်ိဳးစီးပြားမ်ားကို ရည္ၫႊန္းသည္။

တ႐ုတ္ႏိုင္ငံ၏ အခ်ဳပ္အခ်ာအာဏာထိပါးမႈကို ပယ္ခ်ခဲ့သည့္ ထိုင္ဝမ္သမၼတဆိုင္အင္ဝမ္းက ဒုတိယသက္ တမ္းအတြက္ က်မ္းသစၥာက်ိန္ဆိုသည့္ေန႔တြင္ အဆိုပါေၾကညာခ်က္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ျပန္လည္ ေပါင္းစည္းရန္ လုပ္ေဆာင္မည္ျဖစ္ၿပီး ထိုင္ဝမ္၏လြတ္လပ္ေရးကို သည္းခံမည္မဟုတ္ဟု တ႐ုတ္ႏိုင္ငံက တုံ႔ျပန္ခဲ့သည္။

ဆိုင္အင္ဝမ္းသမၼတအျဖစ္ ျပန္လည္ေရြးေကာက္ခံရၿပီးေနာက္ပိုင္း ထိုင္ဝမ္ေလပိုင္နက္အတြင္း ဂ်က္တိုက္ ေလယာဥ္မ်ား ပ်ံသန္းျခင္း၊ စစ္သေဘၤာမ်ားေမာင္းႏွင္ျခင္းျဖင့္ ထိုင္ဝမ္အနီး စစ္ေရးေလ့က်င့္မႈမ်ား တ႐ုတ္ ႏိုင္ငံက တိုးျမႇင့္လုပ္ေဆာင္ခဲ့သည္။

တ႐ုတ္ႏိုင္ငံက ဆိုင္အင္ဝမ္းကို ခြဲထြက္ေရးသမားတစ္ဦးအျဖစ္ ရႈျမင္ၿပီး ထိုင္ဝမ္မွာ “တ႐ုတ္သမၼတႏိုင္ငံ” ေခၚ လြတ္လပ္ေသာႏိုင္ငံတစ္ခုဟု ဆိုင္အင္ဝမ္းက ေျပာၾကားခဲ့ၿပီး ေပက်င္းကအုပ္ခ်ဳပ္သည့္ “တ႐ုတ္ျပည္သူ့ သမၼတႏိုင္ငံ” ၏ အစိတ္အပိုင္းတစ္ခုမျဖစ္လိုေၾကာင္း ဆိုသည္။

ကိုးကား ။ ။ သည္ဂလိုဘယ္လ္အန္ေမးလ္

Ref; U.S. to sell Taiwan $180-million worth of torpedoes

#PeopleMedia

(Unicode)
အမေရိကန်က ထိုင်ဝမ်သို့ ခေတ်မီတော်ပီဒိုလက်နက်များ ရောင်းချမည်
……………………………………………………………

၂၀၂၀၊ မေ ၂၁

ရေငုတ်သင်္ဘောဖျက်သည့် ခေတ်မီတော်ပီဒိုလက်နက်များအား အမေရိကန်မှ ထိုင်ဝမ်သို့ရောင်းချရန် အမေ ရိကန်အစိုးရက ကွန်ဂရက်သို့အကြောင်းကြားခဲ့သည်။

ထိုင်ဝမ်သို့ ခန့်မှန်းချေ ဒေါ်လာ သန်း ၁၈၀ တန်ဖိုးရှိ MK-48 Mod6 ခေတ်မီတော်ပီဒို ၁၈ စင်းနှင့် ဆက်စပ် ကိရိယာများ ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း အမေရိကန် ကာ ကွယ်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

တိုင်းပြည်အများစုကဲ့သို့ အမေရိကန်နိုင်ငံက ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း ကိုယ့် ကိုယ်ကို ခုခံကာကွယ်ရန် ထိုင်ဝမ်ကျွန်းသို့ ဥပဒေအရ ပံ့ပိုးကူညီမှုရှိသည်။ ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံက လက်နက်များရောင်းချမှုကို တရုတ်နိုင်ငံက အမြဲလိုလို ရှုံ့ချလေ့ရှိသည်။

အဆိုပြုထားသော လက်နက်ရောင်းချမှုက လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြှင့်တင်ရန်နှင့် ကာကွယ်ရေး စွမ်းပ ကား ထိန်းသိမ်းရန် ထိုင်ဝမ်၏ စဉ်ဆက်မပြတ်သော ကြိုးပမ်းမှုများကို ပံ့ပိုးပေးခြင်းဖြင့် အမေရိကန်နိုင်ငံ၏ အမျိုးသား၊ စီးပွားရေးနှင့် လုံခြုံရေးအကျိုးစီးပွားများကို ရည်ညွှန်းသည်။

တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာထိပါးမှုကို ပယ်ချခဲ့သည့် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်းက ဒုတိယသက် တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် အဆိုပါကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြန်လည် ပေါင်းစည်းရန် လုပ်ဆောင်မည်ဖြစ်ပြီး ထိုင်ဝမ်၏လွတ်လပ်ရေးကို သည်းခံမည်မဟုတ်ဟု တရုတ်နိုင်ငံက တုံ့ပြန်ခဲ့သည်။

ဆိုင်အင်ဝမ်းသမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ထိုင်ဝမ်လေပိုင်နက်အတွင်း ဂျက်တိုက် လေယာဉ်များ ပျံသန်းခြင်း၊ စစ်သင်္ဘောများမောင်းနှင်ခြင်းဖြင့် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ တရုတ် နိုင်ငံက တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံက ဆိုင်အင်ဝမ်းကို ခွဲထွက်ရေးသမားတစ်ဦးအဖြစ် ရှုမြင်ပြီး ထိုင်ဝမ်မှာ “တရုတ်သမ္မတနိုင်ငံ” ခေါ် လွတ်လပ်သောနိုင်ငံတစ်ခုဟု ဆိုင်အင်ဝမ်းက ပြောကြားခဲ့ပြီး ပေကျင်းကအုပ်ချုပ်သည့် “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ” ၏ အစိတ်အပိုင်းတစ်ခုမဖြစ်လိုကြောင်း ဆိုသည်။

ကိုးကား ။ ။ သည်ဂလိုဘယ်လ်အန်မေးလ်

Ref; U.S. to sell Taiwan $180-million worth of torpedoes

#PeopleMedia


Share this post