• Follow Us on

Home ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အုပ်ချုပ်မှုဆိုင်ရာ သာမန်အသုံးစရိတ်များခြိုးခြံချွေတာပြီး ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့်နှစ်ဖြစ်ကြောင်း န.စ.ကဒုဥက္ကဋ္ဌ ပြောကြား

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အုပ်ချုပ်မှုဆိုင်ရာ သာမန်အသုံးစရိတ်များခြိုးခြံချွေတာပြီး ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့်နှစ်ဖြစ်ကြောင်း န.စ.ကဒုဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၅

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အုပ်ချုပ်မှုဆိုင်ရာ သာမန်အသုံးစရိတ်များ ခြိုးခြံချွေတာပြီး ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲသင့်သည့်နှစ်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ န.စ.ကဒုဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဟာ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ အားပေးဆောင်ရွက်ရမယ့် နှစ်တစ်နှစ်ဖြစ်သလို အုပ်ချုပ်မှုဆိုင်ရာသာမန်အသုံးစရိတ်တွေဖြစ်တဲ့ ဝန်ထမ်းလစာစရိတ်တွေ၊ စက်သုံးဆီ စရိတ်တွေ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်တွေ စတာတွေကို ခြိုးခြံချွေတာပြီး GDP တိုးတက်စေမယ့် ကုန်ထုတ်လုပ်မှု အကျိုးပြုအသုံးစရိတ်တွေနဲ့ ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်တွေကို ဦးစားပေးသုံးစွဲသင့်တဲ့ နှစ်ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

အသုံးစရိတ်များသုံးစွဲကြရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာကြရန်နှင့် အသုံး စရိတ်များအတွက်မှတ်တမ်းမှတ်ရာများနှင့် အထောက်အထားများကို စာရင်းစစ်ဆေးခံနိုင်ရန် အဆင်သင့် ဆောင်ရွက်ထားကြစေလိုကြောင်း၊ အသုံးစရိတ်များ အကောင်အထည်ဖော်ရာတွင် မိမိတို့ အစိုးရလက်ထက်၌ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် စီမံအုပ်ချုပ်မှုဆိုင်ရာ အသုံးစရိတ်များကို တတ်နိုင်သမျှခြိုးခြံ ချွေတာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု အသုံးစရိတ်များကိုသာ ဦးစားပေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြား သည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 

#PeopleMedia


Share this post