• Follow Us on

Home မောင်တောမြို့တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်ဝင်လာသည့် ဘင်္ဂါလီ (၅) ဦး ဖမ်းဆီးရမိ

မောင်တောမြို့တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်ဝင်လာသည့် ဘင်္ဂါလီ (၅) ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၅

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက တစ်ဘက်နိုင်ငံဘက်မှ နယ်စပ် ခြံစည်းရိုးမှတဆင့် တရားမဝင်ဝင်လာသည့် ဘင်္ဂါလီ (၅) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့က မောင်တောမြို့နယ်၊ လှဖိုးခေါင်ကင်းစခန်းစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့ဝင်များမှ စစ်ဆေးမှုများဆောင်ရွက်နေစဉ် လမ်းလျှောက်လာသော ဘင်္ဂါလီကျား ၁ ဦး၊ မ ၁ ဦး၊ ကလေး(ကျား) ၂ ဦး တို့အား မသင်္ကာသဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့မှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှတဆင့် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

 

ယင်းနေ့၌ပင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်း လုံခြုံရေးအဖွဲ့ဝင်များမှ လှည့်ကင်းဆောင်ရွက် နေစဉ် ၎င်းရွာအနီး ပုဇွန်ကန်တာဘောင်ပေါ်တွင် ဟူဆောန်အာမတ် ၂၃ နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှတဆင့် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိ တရားခံများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 

#PeopleMedia


Share this post