• Follow Us on

Home ၅၀၀၀ တန် ၁၀၀၀၀ တန် ရုတ်သိမ်းမည်ဆိုသည့်သတင်းများသည် ကောလဟာလများသာဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်

၅၀၀၀ တန် ၁၀၀၀၀ တန် ရုတ်သိမ်းမည်ဆိုသည့်သတင်းများသည် ကောလဟာလများသာဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မြန်မာနိုင်ငံ၏ တရားဝင်ငွေကြေးဖြစ်သည့် ငွေကျပ် ၅၀၀၀ တန် ငွေစက္ကူများနှင့် ၁၀၀၀၀ တန် ငွေစက္ကူများကို ရုတ်သိမ်းမည်ဆိုသည့်သတင်းများသည် ကောလဟာလများသာဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိပြီး ဘဏ်များအနေဖြင့် သတ်မှတ်ချက်နဲ့အညီ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်သည်။
ထို့အပြင် ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုမရှိဘဲ ယုံ ကြည်စိတ်ချစွာဖြင့် ဆက်လက်သုံးစွဲနိုင်ပါကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အဆိုပါကောလဟာလများကြောင့် ပြည်သူ့အချို့ စိုးရိမ်ပူပန်ပြီး ဘဏ်များတွင် ငွေများထုတ်ယူနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် လူမှုကွန်ရက်စာမျက်မှာအပေါ်တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူများ သိမ်းဆည်းမည့် သတင်းကြောင့် တစ်သောင်းတန်ငွေစက္ကူများကို ကျပ်ငါးထောင် ငွေစက္ကူများဖြင့် ရောင်းချသူများ ဝယ်ယူသူ များလဲရှိနေကြောင်း သိရသည်။
#PeopleMedia #ဗဟိုဘဏ်
(unicode)
…………………………………………………………


Share this post