• Follow Us on

Home ၅၀၅ (ခ) ျဖင့္ တရားစြဲခံထားရသည့္ ေအာင္သေျပ႐ြာမွ ရာအိမ္မွဴးအား အလုပ္ႏွင့္ ေထာင္ဒဏ္ (၁) ႏွစ္ က်ခံရန္ အမိန္႔ခ်

၅၀၅ (ခ) ျဖင့္ တရားစြဲခံထားရသည့္ ေအာင္သေျပ႐ြာမွ ရာအိမ္မွဴးအား အလုပ္ႏွင့္ ေထာင္ဒဏ္ (၁) ႏွစ္ က်ခံရန္ အမိန္႔ခ်

Share this post

မႏၱေလး၊ ဒီဇင္ဘာ – ၂၇

နိုင္ငံေတာ္အၾကည္ညိုပ်က္ေစမႈ ၅၀၅(ခ) ျဖင့္ တရားစြဲဆိုခံထားရသည့္ မႏၲေလးခ႐ုိင္ ပုသိမ္ႀကီးၿမိဳ႕နယ္ ေအာင္ သေျပေက်း႐ြာမွ ရာအိမ္မွဴး ဦးမိုးလင္းအား ဒီဇင္ဘာလ ၂၇ ရက္ေန႔က အလုပ္ႏွင့္ ေထာင္ဒဏ္ (၁) ႏွစ္က်ခံရန္ ပုသိမ္ႀကီးၿမိဳ႕နယ္တရား႐ုံးမွာ အမိန္႔ခ်ခဲ့သည္။

ေအာင္သေျပေက်း႐ြာ ႐ြာအဝင္လမ္းတြင္ ၂၀၁၉ ခုႏွစ္ ေမလ ၁၅ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ရဲတပ္ဖြဲ႕ႏွင့္ ေဒသခံတို႔ ပဋိပကၡျဖစ္စဥ္ႏွင့္ပတ္သက္၍ ပုသိမ္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က ရာအိမ္မွဴး ဦးမိုးလင္းအား ေတြ႕ဆုံညွိႏိႈင္းလိုေၾကာင္း အေၾကာင္းၾကားခဲ့သည့္အတြက္ သြားေရာက္စဥ္ ဖမ္းဆီးထိန္းသိမ္းလိုက္ျခင္း ျဖစ္ေၾကာင္းသိရသည္။

“ကြၽန္ေတာ္ဟာ နိုင္ငံေတာ္အၾကည္အညိုပ်က္ေအာင္ မလုပ္ခဲ့ပါဘူး။ ရာအိမ္မွဴးတစ္ေယာက္အေနနဲ႔ လုပ္သင့္ လုပ္ထိုက္တဲ့ ဝင္ေရာက္ျဖန္ေျဖမႈကိုပဲ ေဆာင္႐ြက္လိုက္တာပါ” ဟု ေအာင္သေျပေက်း႐ြာမွ ရာအိမ္မွဴးဦးမိုးလင္း က ေျပာသည္။

အဆိုပါ အမိန္႔ခ်မႈႏွင့္ပတ္သက္၍ ေက်နပ္မႈမရွိသည့္အတြက္ အထက္႐ုံးသို႔ အယူခံတက္သြားမည္ျဖစ္ေၾကာင္း ဦးမိုးလင္း၏ ေရွ႕ေနျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးစည္သူက ေျပာသည္။ ျမင့္ရင္းႏွီးျမႇုပ္ႏွံမႈကုမၸဏီမွ ေက်ာက္မီးေသြးစြမ္းအင္သုံးဘိလပ္ေျမစက္႐ုံ တည္ေဆာက္ေနမႈအား သဘာဝပတ္ဝန္းက်င္ထိခိုက္မႈ၊ ေလထု ညစ္ညမ္းမႈစသည္တို႔ေၾကာင့္ ေဒသခံမ်ားအေနျဖင့္ ကန္႔ကြက္လွ်က္ရွိၿပီး စီမံကိန္းအား ရပ္ဆိုင္းေရး၊ ေအာင္သ ေျပေက်း႐ြာေဒသခံမ်ာအား စြဲဆိုထားသည့္အမႈမ်ား ေျဖေလ်ာ့ေရး၊ ညွိႏွိုင္းစဥ္ကာလ စီမံကိန္းရပ္ဆိုင္းေရး စသည့္ အခ်က္ (၃) ခ်က္အား ေတာင္းဆိုထားသည္။

#PeopleMedia #Political

(Unicode)
၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် အောင်သပြေရွာမှ ရာအိမ်မှူးအား အလုပ်နှင့် ထောင်ဒဏ် (၁) နှစ် ကျခံရန် အမိန့်ချ
…………………………………………………………

မန္တလေး၊ ဒီဇင်ဘာ – ၂၇

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အောင် သပြေကျေးရွာမှ ရာအိမ်မှူး ဦးမိုးလင်းအား ဒီဇင်ဘာလ ၂၇ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် (၁) နှစ်ကျခံရန် ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ အမိန့်ချခဲ့သည်။

အောင်သပြေကျေးရွာ ရွာအဝင်လမ်းတွင် ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့နှင့် ဒေသခံတို့ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့က ရာအိမ်မှူး ဦးမိုးလင်းအား တွေ့ဆုံညှိနှိုင်းလိုကြောင်း အကြောင်းကြားခဲ့သည့်အတွက် သွားရောက်စဉ် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်ဟာ နိုင်ငံတော်အကြည်အညိုပျက်အောင် မလုပ်ခဲ့ပါဘူး။ ရာအိမ်မှူးတစ်ယောက်အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ဝင်ရောက်ဖြန်ဖြေမှုကိုပဲ ဆောင်ရွက်လိုက်တာပါ” ဟု အောင်သပြေကျေးရွာမှ ရာအိမ်မှူးဦးမိုးလင်း က ပြောသည်။

အဆိုပါ အမိန့်ချမှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသည့်အတွက် အထက်ရုံးသို့ အယူခံတက်သွားမည်ဖြစ်ကြောင်း ဦးမိုးလင်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောသည်။ မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လေထု ညစ်ညမ်းမှုစသည်တို့ကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်လျှက်ရှိပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သ ပြေကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်းရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားသည်။

#PeopleMedia #Political


Share this post